ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ရပ်ဖို့ အောက်လွှတ်တော် တိုက်တွန်း

rohingya-refugees-305.jpg
စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းပုံ
photo: RFA/ Min Thein Aung 
 
မြန်မာအစိုးရကို ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေရပ်ဆိုင်းပြီး မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေးနဲ့ လူမျိုးရေးအရ အနည်းစုဖြစ်သူ အားလုံးကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့အညီ ဆက်ဆံဖို့ အမေရိကန်အစိုးရက တိုက်တွန်းမယ့် အဆိုတစ်ခုကို အမေရိကန် အောက် လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

မက်ဆယ်ချူးဆက်ပြည်နယ်က ဒီမိုကရက်ပါတီအမတ် Mr. Jim McGovern တင်သွင်းတဲ့ အဲဒီဆုံးဖြတ်ချက် အမှတ် ၄၁၈ ကို အတည်ပြုဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ရီပတ်ပလင်ကန်ပါတီအမတ် Mr. Ed Royce ကထောက်ခံပြောဆိုခဲ့သလို တခြားအောက်လွှတ်တော်အမတ်တွေကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ် ဆိုပေမယ့် နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေပြောင်းလဲ မှု ဟာအလွန်ကိုနုနယ်သေးကြောင်း၊ ရိုဟင်ဂျာ မွတ်စလင်တွေ ဟာ မြန်မာနိုင်ငံမှာ မျိုးဆက်အလိုက် နေထိုင်ခဲ့ကြပေမယ့် နိုင်ငံသားဖြစ်ခွင့်မရတဲ့အကြောင်း၊ လွန်ခဲ့တဲ့အနှစ် ၃ဝ ကျော်အတွင်း ဖိနှိပ်ခံရမှု မျိုးစုံကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရကြောင်း၊ ဒါကြောင့် သူတို့ကို နိုင်ငံသားအဖြစ် အမြန်ဆုံးအသိအမှတ်ပြုပြီး နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်တွေ အတိုင်းဆောင်ရွက်ပေး ဖို့လိုကြောင်း၊ ဒါကြောင့် ဒီကိစ္စကို အမေရိကန် အစိုးရအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းဖို့  ဆုံးဖြတ်ချက် အမှတ် ၄၁၈ ကိုလက်ခံအတည်ပြုဆောင်ရွက်ဖို့ လိုကြောင်း တင်ပြဆွေးနွေး ခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်အမှတ် ၄၁၈ ကို အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့အကြောင်းနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်လက်တင်ပြပါလိမ့်မယ်။
 
http://www.rfa.org/burmese/news/myanmar-rohingya-us-legislative-05082014225513.html
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။