ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ မျှမျှတတ ကူညီကြဖို့ ဝန်ကြီးတိုက်တွန်း

နိုင်ငံတကာ INGO အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည် နယ်အတွင်း ကျန်းမာရေးအကူအညီတွေပေးရာမှာ မျှမျှတတနဲ့ အပြန်အလှန် နားလည်ယုံကြည်မှု ရှိစွာ ဆောင်ရွက်ဖို့လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်က ဒီကနေ့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး မှာ နိုင်ငံတကာ INGO အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ နဲ့တွေ့ဆုံစဉ် ဝန်ကြီး ဒေါက်တာဖေသက်ခင်က အခုလို တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် နားလည်မှုရှိဖို့ ပွင့်လင်းမြင်သာမှုရှိဖို့၊ မျှမျှတတရှိဖို့ ဒါတွေကို အခြေခံမူအနေနဲ့ကျင့် သုံးရင် ရှေ့ဆက် ပြီးတော့ အောင်မြင်ဖို့ပဲရှိပါတယ်၊ နိုင်ငံတော် တည်ငြိမ်လာပြီးတော့ ရခိုင်ပြည်နယ် တည်ငြိမ်လာပြီးတော့ အခြေအနေပေးလာတာနဲ့အမျှ အားလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကျနော့်အနေနဲ့ပြောကြားရင် နိဂုံးချုပ်ပါတယ်"

 နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေဘက်ကလည်း ရခိုင်ပြည်နယ် အတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းနေဆဲဖြစ် သလို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးခန်းတွေ ကိုလည်း တိုးချဲ့ဖို့လိုအပ်တဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ကြ ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုအရေးဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Pierre Peron က နိုင်ငံတကာ အဖွဲ့တွေအနေနဲ့လည်း အားလုံးနဲ့အတူပူးပေါင်းပြီး အားလုံးအတွက် ကျန်းမာရေး ၀န်ဆောင်မှုတွေ ဆောင်ရွက်ပေးသွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ စစ်တွေမြို့ ရပ်မိရပ်ဖတွေဘက်ကလည်း ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်လိုတဲ့ နိုင်ငံတကာ INGO အဖွဲ့အစည်းတွေအနေနဲ့ မွတ်စလင်ကျေးရွာတွေရဲ့ ကျန်းမာရေးကဏ္ဍ လိုအပ်ချက်တွေကိုသာမက ရခိုင်တိုင်းရင်းသားကျေးရွာတွေရဲ့ ကျန်းမာရေးကဏ္ဍ လိုအပ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုပြောဆိုခဲ့ကြပါတယ်။

http://www.rfa.org/burmese/news/rakhine-ministry-of-health-05082014132645.html
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။