အာရက္ခ‌ဖောင်‌‌ဒေးရှင်း တည်ထောင်သူ ဦးစန်းမြင့်‌ ကွယ်‌လွန်

အာရက္ခ‌ဖောင်‌‌ဒေးရှင်း တည်ထောင်သူ ဦးစန်းမြင့်‌ ကွယ်‌လွန်

မင်းဘာကြီး (သတင်း)

ရခိုင်ပြည်၊ ရခိုင်လူမျိုးများအတွက်‌ လူမှုရေးလုပ်ငန်းများကို တတ်အားသရွေ့ကြိုးစား လုပ်ကိုင်နေသည့် အာရက္ခ‌ဖောင်‌‌ဒေးရှင်းကို တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သူ ဦးစန်းမြင့်‌သည် နှလုံးရောဂါဖြင့် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးစန်းမြင့်မှာ နယူးယောက်မြို့ရှိ Mount Sinai ဆေးရုံ၌ မေလ (၁) ရက်နေ့ နယူးယောက် ဒေသစံတော်ချိန် ညနေ ၈ နာရီ ၄၀ မိနစ်တွင် ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဒေါ်မသိန်းတင်က ပြောသည်။

" လူမှုရေး လုပ်ငန်းတွေကို ကြိုးစားပန်းစား လုပ်နေချိန်မှာ ဒီလိုရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် နှမြောတသ ဖြစ်မိတယ်။ " ဟု သူမကပြောသည်။

ဦးစန်းမြင့်သည် ရခိုင်ပြည်နှင့်ရခိုင်လူမျိုးများအတွက်သာမက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွင်လည်း တတ်အား သရွေ့ပါဝင် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ Oversea Burma Foundation၊ Arakan Buddhist Society နှင့် Buddhist Missionary Association (New York) စသည့်အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင် လုပ်ဆောင်ခဲ့သည်။

" ဦးစန်းမြင့်ဟာ ရခိုင်ပြည်မှာမွေးဖွားကြီးပြင်းလာတဲ့ တရုတ်တစ်ယောက်ဖြစ်တယ်၊ ဒီလို ရခိုင်ပြည်က တရုတ်တစ်ယောက်အနေနဲ့ သူသေတဲ့အထိ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် လုပ်ဆောင်ခဲ့တာတွေဟာ ဦးဇင်းတို့ ရခိုင်လူမျိုးတွေအတွက် အင်မတန်မှ ဂုဏ်ယူစရာတစ်ခုဖြစ်သလို၊ ရခိုင်လူမျိုးတွေနေနဲ့ စံနမူနာယူသင့်တယ်။ " ဟု အာရက္ခ ဖောင်းဒေးရှင်းကို တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါက်တာ အရှင်နာယကက ပြောသည်။

ဦးစန်းမြင့်ကို ရခိုင်ပြည်၊ မြေပုံမြို့တွင် ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွေးဖွားခဲ့ပြီး၊ ဦးစန်းမြင့် ကွယ်လွန်သွားချိန်၌ ဇနီးဖြစ်သူ ဒေါ်တင်လှိုင်နှင့် သားသမီး (၃) ယောက်ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဦးစန်းမြင့်အား မေလ(၆)ရက် မနက်ဖြန်တွင် သင်္ဂြုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/691-2014-05-05-12-07-13
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။