ရခိုင် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း

ရခိုင် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြဖို့ သူရဦးရွှေမန်း တိုက်တွန်း
======================
RFA-Burmese

ကိုကျော်ထွန်းနိုင် ရဲ့ တင်ပြချက် နားထောင်ရန်
http://www.rfa.org/burmese/news/rakhine-senmmner-thuyashweman-05012014115121.html/1000102d102f10311000103a102c10391011103c101410391038108f102d102f10041039-101b10321095-101010041039103b10151001103a10001039/inline.html

ကိုကျော်ကျော်အောင် ရဲ့ ဆက်သွယ်မေးမြန်းချက် နားထောင်ရန်
http://www.rfa.org/burmese/news/rakhine-senmmner-thuyashweman-05012014115121.html/1000102d102f10311000103a102c103910311000103a102c103910311021102c10041039-101b10321095-100610001039101e103c101a1039103110191038103b10191014103910381001103a10001039/inline.html


မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရ မှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကျင်းပပြုလုပ်နေတဲ့ ရခိုင်အမျိုးသားညီလာခံ နောက်ဆုံးနေ့မှာ နာယက သူရဦးရွှေမန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့နိုင်ငံမှာလည်း ဖယ်ဒရယ်ဒီမိုကရေစီကို ကျင့်သုံးပြီးတော့ ကိုယ့်နိုင်ငံကို ဖွဲ့ဖြိုးတိုး တက်အောင်၊တည်ငြိမ်အေးချမ်းအောင် လုပ်ရမယ် ဆိုတဲ့ သုံးသပ်ချက်အရ အဲ့လိုသုံးသပ်ချက်ရတဲ့ထဲ မှာ ကျနော်တို့နိုင်ငံ၊ကျနော်တို့အခြေအနေ ကျနော်တို့သမိုင်းကြောင်း၊ကျနော်တို့ ပထဝီ အနေအထားအရ ကျနော်တို့နိုင်ငံနဲ့ လိုက်လျောညီထွေရှိသော ဖယ်ဒရယ်ဒီမိုကရေစီကျင့်သုံးရမယ် ၊အဲ့ဒီအတွက် ဒီနေ့ ရခိုင်အမျိုးသားညီလာခံက ပေါ်ထွက်လာတဲ့ ဆွေးနွေးချက်တွေ၊ဖော်ထုထ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေဟာ ပြည်ရခိုင် ပြည်နယ်အတွက် ဒီဟာဟာ တော်တော်လေး ပြည့်ပြည့်စုံစုံရှိပါတယ်၊ တစ်ချို့ပြည်နယ်တွေလည်း သူတို့ရဲ့ ထူးခြားချက်ပေါ် မူတည်င်္ပြီးတော့ ဒီလိုဖော်ထုတ်သုံးသပ်ပါတယ်၊ ဒီလိုအားလုံး ထွက်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ ကျနော်တို့နိုင်ငံ၊ကျနော်တို့အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်သော ကိစ္စများဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်"

ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးဖို့ လိုအပ်သလို ရခိုင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း က တိုက်တွန်းပြောကြားခဲ့ ပါတယ်။

ဒီကနေ့ ရခိုင်အမျိုးသားညီလာခံနောက်ဆုံးနေ့မှာ တိုင်းရင်းသားလူမျိုးတွေကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ဖို့ စတဲ့အချက်တွေအပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးအတွက် မူဝါဒ အချက်ပေါင်း ၉၀ ကျော်ကို မူကြမ်း အနေနဲ့ရေးဆွဲနိုင်ခဲ့ပါတယ်။ အဲ့ဒီမူကြမ်းကို မနက်ဖြန်မှာ အတည်ပြုထုတ်ပြန်သွားမှာဖြစ်တယ်လို့ လည်း ရခိုင်အမျိုးသားညီလာခံ ကျင်း ပရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

(၅) ရက်ကြာကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထား တာ နားဆင်နိုင်ပါတယ်။

ရခိုင်အမျိုးသားညီလာခံ ပိတ်ပွဲကျင်းပနေစဉ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။