ရက္ခိုင့်တပ်မတော်မှ ညီလာခံကိုယ်စားလှယ်များ ရန်ကုန်သို့ရောက်ရှိ

ရက္ခိုင့်တပ်မတော်မှ ညီလာခံကိုယ်စားလှယ်များ ရန်ကုန်သို့ရောက်ရှိ

(နိရဉ္စရာ- ၂၃ ဧပြီလ ၂၀၁၄)

ARAKAN-ARMY-DAY

ရခိုင်အမျိုးသားညီလာခံသို့ တက်ရောက်ကြမည့် ရက္ခိုင့်တပ်မတော်မှ ကိုယ်စားလှယ်များသည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သတင်း ရရှိသည်။

“ ညီလာခံကို တက်ရောက်ကြမယ့် ရက္ခိုင့်တပ်မတော်က ကိုယ်စားလှယ် ၁၂ ဦး ရန်ကုန်မြို့ကို မနေ့ညနေက ရောက်ရှိလာပါတယ်” ဟု ရက္ခိုင့်တပ်မတော်မှ ထိပ်တန်းခေါင်းဆောင် တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

၎င်းညီလာခံကိုယ်စားလှယ်အဖွဲ့အား ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်မှ ဦးဆောင်ကြောင်း သိရသည်။

ရက္ခိုင်တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့အား ရခိုင်အမျိုးသား အမျိုးသမီး ၁၀၀ ခန့်က ပိုစတာများ၊ ဆိုင်းဘုတ်များနှင့် ပန်းခြင်းများ ကိုင်ဆောင်ကာ ရန်ကုန်မြို့တွင် ကြိုဆိုခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ (၅) ရက်ကြာပြုလုပ်မည့် ရခိုင်အမျိုးသားညီလာခံသို့ ပြည်တွင်းပြည်ပမှ ရခိုင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လူမူ အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂကိုယ်စားလှယ်အများအပြား တက်ရောက်ကြမည် ဖြစ်ရာ ရက္ခိုင်တပ်မတော်မှ ကိုယ်စားလှယ်များအပေါ် ရခိုင်ပြည်သူများက အထူးစိတ်ဝင်စားနေကြသည်ဟု သိရသည်။

ရက္ခိုင်တပ်မတော်မှ ကိုယ်စားလှယ်များအနေဖြင့် ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်ပြည်အရေးနှင့် ပတ်သက်ပြီး စာတန်းတစ်စောင် တင်သွင်းသွားမည်ဟုလည်း သိရသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။