ရခိုင်အမျိုးသား ညီလာခံ ကျောက်ဖြူမြို့မှာ ဖွင့်လှစ်
==========================
RFA Burmese
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးစတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။
ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင် နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
"ညီလာခံကသူတို့မျော်လင့်ချက်နဲ့ သဘောထား
အမြင်တွေပြောကြတဲ့အခါမှာ ရခိုင်ရဲ့စီးပွါးရေး သဘောအရချွတ်ခြုံကျနေတဲ့
ရခိုင်တွေရဲ့ အကြောင်းနဲ့ပြီးရင်ဘင်္ဂလီတွေနဲ့ ပတ်သက် ပြီးတော့ပြောနေ
ကြတဲ့အကြောင်းတွေနဲ့ အထူးသဖြင့်သဘောထားအမြင်တွေက
အဲ့ဒီကနေပြီးတော့များပါတယ်ခင်ဗျ ၊နောက်တော့ တစ်ချို့တွေကလည်းပဲ ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ဖက်ဒရယ်နဲ့ဆိုင်တဲ့အကြောင်း အရာတွေနဲ့လည်းပဲ သဘောထားတွေထဲမှာ ပါတယ်ခင်ဗျ"
ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်း
သိရပါတယ်။ မနက်ဖြန် ညီလာခံဒုတိယနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်၊
သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စတဲ့ ကဏ္ဍတွေကို
ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသားညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။
ညီလာခံ အကြောင်း ကိုမျိုးဇော်ကိုရဲ့ သတင်းပေးပို့ချက် (RFA Burmese)
http://www.rfa.org/burmese/ news/ rakhine-seminar-04272014105547. html/ 100a102e101c102c10011036-102110 31107e1000102c100410391038-100 0102d102f1019103a102d103310381 0311007102c10391000102d102f103 9101b10321094-101e101010041039 10381031101510381015102d102f10 941001103a10001039/inline.html
ဒေါ်ခင်ခင်အိ က MPC အဖွဲ့မှ ဦးလှမောင်ရွှေ အား မေးမြန်းချက် (RFA Burmese)
http://www.rfa.org/burmese/ news/ rakhine-seminar-04272014105547. html/ 10311012105a1001100410391001100 410391021102d-1000-mpc-1021101 6103c103210941019103d-1025102e 1038101c103d10311019102c100410 391031101b108a-1021102c1038-10 3110191038103b1019101410391038 1001103a10001039/inline.html
==========================
RFA Burmese
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးစတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက် ပြီး ဆွေးနွေးအဖြေရှာမယ့် ရခိုင်အမျိုးသားညီလာခံ တစ်ရပ်ကို ကျောက်ဖြူမြို့မှာ ဒီကနေ့ စတင် ကျင်းပပါတယ်။
ညီလာခံ ပထမနေ့မှာ ရခိုင်ပြည်နယ် ခရိုင် ၅ ခုက ကိုယ်စားလှယ်တွေက ညီလာခံအပေါ်အမြင် နဲ့ မျှော်မှန်းချက်တွေကို အဓိကထား တင်ပြဆွေးနွေး ခဲ့တယ်လို့ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
"ညီလာခံကသူတို့မျော်လင့်ချက်နဲ့
ဒါ့အပြင် စာရေးဆရာ ဖေမြင့်နဲ့ ဆရာ ကျော်ဝင်းတို့ကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီအကူးအပြောင်းနဲ့ ရခိုင်ပြည်နယ်အရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောခဲ့ကြတယ်လို့လည်
ဒီကနေ့ စပြီး မေလ ၁ရက်နေ့အထိ ကျင်းပမယ့် ရခိုင်အမျိုးသားညီလာခံ ကို ပြည်ထောင်စုဝန်ကြီးတွေ အပါအဝင် ပြည်ပရောက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စုစုပေါင်း တစ်ထောင့် တစ်ရာကျော်လောက် တက်ရောက်ဆွေးနွေးနေကြပါတယ်။
ညီလာခံ အကြောင်း ကိုမျိုးဇော်ကိုရဲ့ သတင်းပေးပို့ချက် (RFA Burmese)
http://www.rfa.org/burmese/
ဒေါ်ခင်ခင်အိ က MPC အဖွဲ့မှ ဦးလှမောင်ရွှေ အား မေးမြန်းချက် (RFA Burmese)
http://www.rfa.org/burmese/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။