သန်းခေါင်စာရင်းတွင် “ရိုဟင်ဂျာ”ဟု ထည့်သွင်းခွင့်မပြုရန် ရခိုင်အမတ်တို့ ၀န်ကြီးဦးခင်ရီထံ တောင်းဆို

သန်းခေါင်စာရင်းတွင် “ရိုဟင်ဂျာ”ဟု ထည့်သွင်းခွင့်မပြုရန် ရခိုင်အမတ်တို့ ၀န်ကြီးဦးခင်ရီထံ တောင်းဆို

မင်းမင်း

Mizzima မဇ္ဈိမ
နေပြည်တော်၊ မတ် ၎

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီများက “ရိုဟင်ဂျာ”ဟု ထည့်သွင်းမည်ဆိုပါက လက်မခံရန် ရခိုင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်အမတ်လေးဦးက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီနှင့် မတ်လ ၄ ရက် ညနေပိုင်းက ဆွေးနွေး တောင်းဆိုလိုက်သည်။

သန်းခေါင်စာရင်းတွင် “ရိုဟင်ဂျာ”ဟု ထည့်သွင်းလိုက်မည်ဆိုပါက ရခိုင်တိုင်းရင်းသားတို့က ကျေနပ် လိမ့်မည်မဟုတ်ဘဲ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်ဟု ရခိုင်အမတ်တို့က ဆိုသည်။

ဝန်ကြီးဦးခင်ရီနှင့် သွားရောက်ဆွေးနွေးခဲ့သည့် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက “ရိုဟင်ဂျာလို့ ပြောလာတဲ့အခါ အခက်အခဲရှိမယ်။ ရိုဟင်ဂျာလို့ စာရင်းကောက်ရင် သမိုင်းမှတ်တမ်းဝင် ဖြစ်သွားမယ်။ ပိုပြီးဖြေရှင်းရခက်သွားမယ်လို့ ပြောခဲ့တယ်”ဟု မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ ပင်ကိုယ်ဆန္ဒ အတိုင်း ရေးသွင်းနိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်း မြင့်က ဖေဖော်ဝါရီ ၂၄ ရက်က အမျိုးသားလွှတ်တော်တွင် ပြောသည်။

ဝန်ကြီးဦးခင်ရီက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် နီးလာသည့်အတွက် ရခိုင်ပြည်နယ်တွင် အဆင်မပြေဖြစ်မည်ဟု စိုးရိမ်နေသည်ဟုလည်း ၀န်ကြီးနှင့် သွားရောက်တွေ့ဆုံရာတွင် ပါဝင်သူတစ်ဦး ဖြစ်သည့် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။

“သူတို့အကျပ်ရိုက်နေပုံရတယ်။ သူတို့မှာလည်း UN တို့ လူ့အခွင့်အရေးတို့ပေါ့လေ။ ဒါပေမဲ့ ရိုဟင်ဂျာလို့ ထည့်လိုက်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေဘက်က ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး။ ဆူပူမှုက ဖြစ် လာမှာပဲ”ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်အမတ်တို့တင်ပြမှုအပေါ် ၀န်ကြီးဦးခင်ရီက တိကျသည့်အဖြေ ပြန်ပေးခြင်း မရှိသေးပေ။ သို့သော် ၀န်ကြီးက “မထည့်ဖို့ ကြိုးစားနေပါတယ်လို့တော့ ပြောတယ်”ဟု ဒေါ်ခင်စောဝေက မဇ္ဈိမ၏ တယ်လီဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရက စီစဉ် ထားသည်။

ထိုအစီအစဉ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများအ တွက် အထူးအရေးကြီးသည့်ကာလမျိုးတွင် တင်းမာမှုများ မြင့်တက်လာစေနိုင်သည်ဟု ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ ဖေဖော်ဝါရီ ၁၂ ရက်ထုတ် အစီရင်ခံစာတွင်လည်း သတိပေးထားသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။