စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများ လက်ဝယ်ထားရှိသူ ခြောက်ဦးကို ထပ်မံအမှုဖွင့်

မန္တလေး၊ မတ် ၂

မန္တလေးခရိုင် ချမ်းအေးသာစံ မြို့နယ် အနောက်အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးသည် စစ်သုံးကျည်ကာ ပုံစံ ဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများကို ကြိုတင် စီမံထားမှုနှင့် ပတ်သက်ပြီး ၅၀၅ (ခ) (ဂ) အရ ထပ်မံ အမှုဖွင့်ထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ လူခြောက်ဦးသည် ဘာသာရေးဆိုင်ရာ အဓိကရုဏ်းများ ထပ်မံ ဖြစ်ပွားလာပါက တိုက်ခိုက်ရန် ကြိုတင် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို ကျူးလွန်လာအောင်သော် လည်းကောင်း၊ အများပြည်သူတို့၏ သီးခြား လူတစ်စုကို ထိတ်လန့်စေခြင်း တစ်ခုခု ဖြစ်စေရန် အကြံ ရှိခြင်းကြောင့်သော် လည်းကောင်း လူအများကို တစ်ဖက်နှင့်တစ်ဖက် ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ခြင်းကို ဖြစ်စေရန် ရှိသဖြင့် ယင်းခြောက်ဦးကို ချမ်းအေးသာစံ မြို့နယ် မှုသေးအမှတ် ၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၅၀၅ (ခ) (ဂ)အရ ထပ်မံ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင် ချမ်အေးသာစံ မြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ်များတွင် နေထိုင်သူ ဦးခင်မောင်ဌေး (ခ) ရာရာ၊ ဦးဇော်ဝင်း၊ ဦးရွှေမောင်၊ ဦးလှမြင့်၊ ဦးဇော်ဝင်း (ခ) အာရကန်၊ ဦးခင်မောင်သန်း (ခ) မူဆာတို့ထံမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား/ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့် ဓား၊ ဂျင်ဂလိ၊ လေးခွ၊ စပုတ်တံ၊ ကျောက်လှည့်၊ စတီးပြား၊ လှံစသည့် တိုက်ခိုက်ရေး ပစ္စည်းများကို တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

ယင်းလက်နက် ပစ္စည်းများဖြင့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် ပတ်သက် ၍ ပါဝင်သူ လေးဦးကို ချမ်းအေးသာစံ မြို့မ နယ်မြေ ရဲတပ်ဖွဲ့ စခန်းနှင့် ကျန်နှစ်ဦးကို ချမ်းမြသာစည် မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၅၅/၂၀၁၄ လက်နက်ပုဒ်မ ၁၉ (က) (ခ) အရ အမှုဖွင့်ထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။