ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းဒေသမှ လူများစု ဗုဒ္ဓဘာသာဝင်များ လူနည်းစုဖြစ်သွားနိုင်ဖွယ်ရှိ


ဘင်္ဂလာဒေခ်ျ့ စစ်တကောင်းဒေသမှ လူများစု ဗုဒ္ဓဘာသာဝင်များ လူနည်းစုဖြစ်သွားနိုင်ဖွယ်ရှိ

(နိရဉ္စရာ-  ၇ မတ်လ ၂၀၁၄)
 (ဗုဒ္ဓဘာသာဝင်အများစု နေထိုင်နေသော စစ်တကောင်းတောင်တန်းနယ်)
(ဗုဒ္ဓဘာသာဝင်အများစု နေထိုင်နေသော စစ်တကောင်းတောင်တန်းနယ်)

ဗုဒ္ဓဘာသာဝင်အများစု နေထိုင်နေသော စစ်တကောင်းတောင်းနယ်တွင် ယခုအခါ မြေပြန့်မှ ဘင်္ဂလီများ ၀င်ရောက်ပြောင်းရွှေ့ အခြေချနေထိုင်မူကြောင့် ဗုဒ္ဓဘာသာဝင်များ လူနည်းစု အဖြစ်သို့ များမကြာမီက ကျရောက်သွာံးနိုင်ကြောင်း ဒေသအတွင်းမှ လူနည်းစု လွှတ်တော်အမတ် တစ်ဦးက ထုတ်ဖေါ်ပြောကြားသည်။

၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွှတ်လပ်ရေး မတိုင်မှီ စစ်တကောင်း တောင်တန်းနယ်ရှိ ဘင်ဒရိုဘင် (ရွာတော်)၊ ခါကဆိုရီနှင့် ရန္ကာမတီ ခရိုင် (၃) ခုတွင် ဗုဒ္ဓဘာသာဝင်နှင့် တခြား လူနည်းစုများ၏ လူဦးရေမှာ ၇၅ ရာခိုင်နုန်း၊ မူဆလင် ဘဂီလီ လူဦးရေမှာ ၂၅ ရာခိုင်နုန်းရှိခဲ့ရာမှ အခုအခါလူဦးရေမှာ မတိမ်းမယိမ်း အခြေအနေသို့ ရောက်ရှိသွာပြီဟု သိရသည်။

ဗုဒ္ဓဘာသာ အများဆုံးနေထိုင်သော စစ်တကောင်း တောင်တန်းနယ်အတွင်းရှိ ခရိုင်သုံခုတွင်း ဗုဒ္ဓဘာသာ အပါဝင် လူနည်းစု လူဦးရေမှာ ၈၅၂၅၄၀ ဦးရှီပြီး၊ ပြောင်းရွှေ့ဝင်ရောက်နေထိုင်သူ  ဘင်္ဂလီ လူဦးရေမှာ ၇၆၁၄၄၉ ဦးရှိကြောင်း စစ်တကောင်းတောင်တန်းနယ် ကောင်စီ ဥက္ကဌ ဘီဘာဟာဒူရ် ခေါ် ဦးရွှေသိန်းက ပြောသည်။

တောင်တန်းနယ်အတွင်း ရှိနေသည့်  လူနည်းစုများပိုင်ဆိုင်သော လယ်မြေများနှင့် ဥယျာဉ်ခြံမြေများကို မြေပြန့်မှ အခြေချရန် ၀င်ရောက်လာသူ  ဘင်္ဂလီအများစုမှ အတင်းအဓမ္မ ၀င်ရောက် ကျူးကျော် သိမ်းယူထားခြင်း ၎င်းက ပြောဆိုသည်။

စစ်တကောင်းတောင်တန်းနယ်ရှိ ဘင်ဒရိုဘင် (ရွာတော်)၊ ခါကဆိုရီ (ဖလံထောင်) နှင့် ရန္ကာမတီ (သက်ထောင်) ခရိုင် (၃) ခုအတွင်း မြေနေရာ အငြင်းပွားအများအပြား ပေါ်ပေါက်နေရာ ၎င်းပြဿနာကို ဖြေရှင်းပေးရန် အတွက် ဘင်္ဂလာအစိုးရမှ ၂၀၀၁ ခုမှ စတင် လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် တစ်စုံတရာ အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးဘဲဖြစ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဒါကာမြို့တွင် The Kapaeeng Foundation  က ပြုလုပ်သည့် အခမ်းအနားတခုတွင် စစ်တကောင်းတောင်တန်းဒေသတွင် ၂၀၁၂ ခုနှစ်တွင်း မြေယာသိမ်းယူမှု ပိုများပြားလာနေဟု ပြောဆိုကြောင်း  http://www.banglanews24.com ဆိုသည်။

၎င်းသတင်းတွင်ပင် လတ်တလော အတွင်း စစ်တကောင်းတောင်တန်းနယ်တွင်  အမျိုးသမီး ၄ ဦးအပါအ၀င် လူနည်းစု ၁၁ ဦးသတ်ဖြတ်ခံရပြီး လူနည်းစုပေါင်း ၄၁ ဦး မတရားသဖြင့်ဖမ်းဆီးခံရကာ ၃၄၆ မိသားစု ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

ယင်းပြင် လုယက်ခံရခံရပြီး အိမ်ထောင်စုပေါင်း ၄၇ ခု မီးရှို့ခံရကာ၊ မိသားစုပေါင်း ၄၀၀ မှ လူပေါင်း ၂၀၀၀ ကျော် ဘင်္ဂလား-အိန္ဒိယနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရကြောင်း ဖော်ပြသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။