လူမျိုးရေးခွဲခြားသူတွေလား သံသယစိတ်နဲ့နေရတဲ့သူတွေလား

လူမျိုးရေးခွဲခြားသူတွေလား သံသယစိတ်နဲ့နေရတဲ့သူတွေလား
===================================

၆၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၄။ Coral Arakan News (opinion)

ဒေသရဲ့ အခြေအနေကိုသေချာမသိဘဲ သတင်းကို အပေါ်ယံသုံးသပ်တတ်တဲ့ ပညာရှိတွေကိုသိပ်စိတ်ပျက်တာဘဲ။

ရခိုင်ပြည်နယ် ပေါက်တော မှာတာဝန်ကျတဲ့ ဂေါ်ရခါး လ၀က ၀န်ထမ်းတစ်ယောက် လုံခြုံ့ကြောင့် ပြောင်းသွားရတာကို ရခိုင်တွေ Racism ပုံစံမျိုးရေးထားတယ်။

မည်းမည်းမြင်သမျှ ကုလား ဆိုပြီး
နှိမ့်ချဆန့်ကျင်ကြတယ် ဆိုရင် ဒါ Racism ပါ။ ဆိုပြီးရေးထားတယ်။

ရခိုင်ပြည်မှာ ဘင်္ဂလီတွေနဲ့ ရုပ်ချင်းတူတဲ့ ဟိန္ဒူ၊ မရာမာကြီး ဆိုပြီး လူမျိုးတွေလဲရှိနေတယ်။ သူတို့ကိုဘယ်လိုဆက်ဆံကြလဲဆိုတာသူမသိဘူး။

ပေါက်တောမှာ ဘင်္ဂလီတွေနဲ့ပြသနာဖြစ်တော့ ဘင်္ဂလီရွာတွေမှာ ပိတ်မိနေတဲ့ ဟိန္ဒူတွေကို ရခိုင်တွေက ကိုယ့်ပိုက်ဆံနဲ့ မော်တော်ဘုတ်တွေငှားပြီး သွားကယ်ကြတယ်။

စစ်တွေမှာလည်းဘဲ ကုလားတွေမီးရှို့တော့ ဟိန္ဒူရွာတွေကိုရခိုင်တွေကအကူအညီပေးတယ်။ ဘင်္ဂါလီ စခန်းထဲရောပါသွားပြီး မူဆလင်ဇတ်သွင်းဖို့လုပ်ခံရတဲ့ ဟိန္ဒူမိသားစုတွေကို ကယ်ထုတ်အကူအညီပေးကြတယ်။ မရာမာကြီးတွေကိုလဲ ဒီလိုဘဲ။

ဟိန္ဒူတို့ မရာမာကြီးတို့ကလည်း ရခိုင်တွေနဲ့အတူတူ OIC ကိုကန့်ကွက်ဆန္ဒပြတာတို့။ ဘင်္ဂလီတွေနဲ့ပြဿနာဖြစ်လို့ဒုက္ခရောက်ရတဲ့သူတွေကို ကူညီကယ်ဆယ်တာတို့ကို အတူတူလုပ်ခဲ့ကြတာဘဲ။

ပေါက်တောမှာ တာဝန်ကျလာတဲ့ လ၀ကအရာရှိဟာ ကုလားနဲ့တူတဲ့သူဆိုတော့ ပေါက်တောဒေသခံတွေက သံသယရှိကြတာမဆန်းပါဘူး။ ဒီလောက် ကုလားစခန်းတွေရှိတဲ့မြို့မှာ လ၀က အရာရှိဟာ ကုလားဖြစ်ခဲ့ရင် ဘယ်လိုအကြောင်းဆက်တွေရှိလာမလဲ။ ဒီဒေသခံတွေရဲ့ သံသယဟာ ရခိုင်တွေအတွက်သာမဟုတ်ဘူး၊ မြန်မာနိုင်ငံအတွက်ပါ စိုးရိမ်ကြတာ။

လူတွေက သံသယမျက်စေ့တွေနဲ့ကြည့်နေကြတော့ သူဟာသူလုံခြုံရေးကြောင့်ပြန်သွားတာ။

မြန်မာနိုင်ငံက တာဝန်ရှိသူဆိုတဲ့လူတွေဟာ လ၀က နေရာမှာ ကုလားအရာရှိကိုခန့်တာလောက်မပြောနဲ့ ဥပဒေပြုရေးမဏ္ဍိုင်လို့ဆိုတဲ့ လွှတ်တော်တွေမှာတောင် ကုလားကို ၀င်လို့ရအောင် လမ်းဖွင့်ပေးခဲ့ကြတာဘဲ။ဒီလ၀က အရာရှိဟာ ကုလားမဟုတ်နိုင်ဘူး၊ ဟုတ်နိုင်တယ်လို့ ဘယ်သူမဆိုသံသယရှိမိကြမှာဘဲ။

လုံခြုံရေးသတိ အမြဲရှိနေရပြီး အစိုးရက ဘာအာမခံချက်မှ မပေးနိုင်တဲ့ ရခိုင်ဒေသမှာ ဒီလိုဖြစ်ရပ်တွေကတော့ ရှိနေမှာဘဲ။



=================

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။