ဘင်္ဂလာဒေ့ရှ်က စိန့်မာတင်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မည်
၆၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၄၊ Coral Arakan News
=====================
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းနှင့် စိန့်မာတင် (၂)နေရာတွင် ပုံမှန်
စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ပြီး ယင်းအကြောင်းကို ဘင်္ဂလားဒေ့ရှ်ရှိ
မြန်မာသံရုံး၊ မြန်မာစစ်သံမှူးတို့အား ကြိုတင်အသိပေးထားသည်ဟုသိရသည်။
စိန့်မာတင်ကျွန်းသည် မြန်မာနိုင်ငံနှင့် နီးကပ်စွာတည်ရှိပြီး မြန်မာအခေါ် အုန်းကျွန်းဖြစ်သည်။ယခင်မြန်မာနိုင်ငံက ပိုင်ခဲ့ပြီး ၁၉၈၀ ၀န်းကျင် က မြန်မာနှင့် ဘင်္ဂလာဒေ့ရှ့် နှစ်နိုင်နယ်နိမိတ်သတ်မှတ်ချက်အရ မြစ်ကြောင်းတွင် လေဘောလုံးမျှောကာတိုင်းတာစဥ် ဘင်္ဂလာဒေ့ရှ်ဘက်သို့ပါသွားပြီး ထိုစဉ် က မဆလ အစိုးရမှ ရခိုင်ပြည်နယ် စစ်တိုင်းမှုးကို ခေါ်ယူအရေးယူခဲ့သည်ဟုသိရသည်။
အလားတူ မြန်မာ့သမိုင်းတွင် နာမည်ကြီးသည့် ရှင်မဖြူကျွန်းသည်လည်း ယခုမြန်မာပိုင်မဟုတ်တော့ချေ ။
Coral Arakan News တွင်ဖေါ်ပြခဲ့သည့် ရှင်မဖြူကျွန်းရှာပုံတော် ဆောင်းပါးအားပြန်လည်ဖေါ်ပြလိုက်ပါသည်။
(အယ်ဒီတာ)
ရှင်မဖြူကျွန်း ရှာပုံတော်
============
by Oo-du Khin-sai
စစ်တွေ ၊ ၃၁ ဇူလိုင် ၂၀၁၃ ၊ Coral Arakan News ၊ [ Digging the Past ]
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားရသော လတ်တလော အဓိက အကြောင်းရင်းများတွင် ရှင်မဖြူကျွန်းကို သူပိုင်ငါပိုင် လုကြခြင်းလည်း အကြောင်းရင်းတစ်ခု အပါအ၀င်ဖြစ်ခဲ့လေရာ အဆိုပါ ရှင်မဖြူကျွန်း ဆိုသည့်နေရာကား ယခု အဘယ်သို့ ရောက်နေသနည်းဟု ဥတုခင်စိုင်း လိုက်ရှာမိလေသည်။
ရှင်မဖြူကျွန်းကား ယခုအခါ မြန်မာပိုင်နက်မဟုတ်ဘဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပိုင်နက်ပင် ဖြစ်ပေသတည်း။ နာမည်မှာသာ “ကျွန်း (dwip)” ဆိုသည့် စကားလုံးပါရှိနေသေးသော်လည်း ယခုကား ကျွန်းတစ်ကျွန်း မဟုတ်တော့လေပြီ။ ကုန်းမကြီှးနှင့် ဆက်စပ်နေသော အငူစွန်းတစ်ခု ဘ၀သို့ ရွေ့လျော ရောက်ရှိခဲ့လေပြီ။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကုန်းမကြီး၏ တောင်ဘက်အစွန်ဆုံးနေရာ ( မြန်မာနိုင်ငံမောင်တောမြို့
နှင့် တစ်ဘက်ကမ်း နေရာ) ကား တစ်ချိန်က နာမည်ကြီး ရှင်မဖြူကျွန်း
နေရာဖြစ်လေသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်မြို့နယ် ၏ တောင်ဘက် အစွန်ဆုံး
နေရာပင် တည်း။
Google ကို ရှာခိုင်းလိုလျှင် ယနေ့ခေတ်နာမည် Shah Pori Dwip ဆိုသော စကားလုံးကို သုံး၍ အင်တာနက်ပေါ်တွင် လိုက်ရှာပါလေ။ တွေ့ပါလိမ့်မည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်စဉ်ကာလက ဗြိတိသျှမှတ်တမ်းများတွင်မူ
Shapuree Deep ဟု ခေါ်ဝေါ် သုံးစွဲသည်ကို တွေ့ရပါသည်။ (မြန်မာမင်း၏တပ်များက
လာပြီး ဗိုလ်ကျခြင်းခံရသော Shapuree Deep ကျွန်းသည် အရင့်အရင်ကပင်
ဗြိတိသျှအရာရှိတို့ မြေတိုင်းသတ်မှတ် အခွန်ကောက်နေပြီးသားနေရာဖြစ်ပါကြောင်းကို
ဘင်္ဂလားပြည်နယ်က ဗြိတိသျှ ကော်လိပ်တော် အရာရှိမင်းများက လန်ဒန်မြို့တော်ရှိ
အရှေ့အိန္ဒိယကုမ္ပဏီ ဒါရိုက်တာ လူကြီးမင်းများထံ အစီရင်ခံစာ ပို့ပေးရလေသည်။)
Shah Pori Dwip / Shah Porir Dwip / Shapuree Dwip / Shapuree Deep အခေါ်အဝေါ် အားလုံးသည် ရှင်မဖြူကျွန်း ကိုသာ ဆိုလိုပေ၏။
ထိုနေရာတွင် BGB ခေါ် ဘင်္ဂလာဒေ့ရှ် နယ်ခြားစာင့်တပ်ဖွဲ့များ ကောင်းစွာချထားကြပ်မတ်ကာ မြန်မာနိုင်ငံဘက်မှ ၄င်းတို့နှင့် မျိုးတူကုလားများသည် မြန်မာပြည်ဘက်ခြမ်းတွင် ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သည် ဆိုသည်နှင့် နတ်မြစ် (River Naaf) ကို ကူးကာ လာရင်းတိုင်းပြည်သို့ ပြန်ကူးမလာနိုင်အောင် စောင့်ကြပ် နှင်လွှတ်တတ်သော နေရာဖြစ်လေသည်။
ထိုကြောင့် နိုင်ငံတကာသတင်းများတွင် Shah Porir Dwip သို့ ကူးလာကြသော မြန်မာဘက်မှ ကုလားစက်လှေများကို ဘင်္ဂလာဘက်မှ သူ့ဆွေသူ့မျိုးများက နှင်လွှတ်သည်ဟု ဖတ်ရှုရလျှင် ရှင်မဖြူကျွန်းမှ စောင့်ပြီး နှင်ထုတ်သည် ဟု ဘာသာပြန် သဘောပေါက်ကြည့်ကြပါလေ။ ဤကား ဥတုခင်စိုင်း၏ အလိုပေတည်း။
ရှင်မဖြူကျွန်း၏ တည်နေရာမှာ ကိုအော်ဒီနိတ်များအားဖြင့် 20° 45' 36.02" N 92° 20' 2.53" E ဟု မှတ်သား အပ် ပေသည်။
သတိမူစရာအချက် တစ်ချက်မူကား St. Martin’s island (စိန့်မာတင်ကျွန်း) ဆိုသည်ကား ရှင်မဖြူကျွန်းမဟုတ်။ ရခိုင်အခေါ် အုန်းကျွန်း သာလျှင် ဖြစ်ပေသည်။
အကျွန်ုပ် ယခုကဲ့သို့သုတေသနပြုကြည့်သည့်နည်းတူ၊
ပုဂံခေတ်နှောင်း နရသီဟပတေ့မင်းလက်ထက်မှာ ကူဗလိုင်ခန်တပ် တွေနဲ့
မြန်မာတပ်တွေနဲ့ ဟိုစဉ် တရုတ်-မြန်မာနယ်စပ်မှာ ငဆောင်ချမ်းတိုက်ပွဲရယ်လို့
အသေအကြေနွှဲခဲ့ကြတဲ့ ငဆောင်ချမ်း ဆိုတဲ့ နေရာကိုလည်း ယခု တရုတ်ထဲမှာ
ရောက်နေသလား မြန်မာထဲကို ရောက်နေသလားဆိုသည်ကို အချိန်ရကြတဲ့ စာရှုသူများ
လိုက်ရှာကြည့်ကြပါရန် နှိုးဆော်အပ်ပါသည် တမုံ့။
မေတ္တာဖြင့် -
ဥတုခင်စိုင်း
( Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။
၆၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၄၊ Coral Arakan News
=====================
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းနှင့် စိန့်မာတင် (၂)နေရာတွင် ပုံမှန်
စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ပြီး ယင်းအကြောင်းကို ဘင်္ဂလားဒေ့ရှ်ရှိ
မြန်မာသံရုံး၊ မြန်မာစစ်သံမှူးတို့အား ကြိုတင်အသိပေးထားသည်ဟုသိရသညစိန့်မာတင်ကျွန်းသည် မြန်မာနိုင်ငံနှင့် နီးကပ်စွာတည်ရှိပြီး မြန်မာအခေါ် အုန်းကျွန်းဖြစ်သည်။ယခင်မြန
အလားတူ မြန်မာ့သမိုင်းတွင် နာမည်ကြီးသည့် ရှင်မဖြူကျွန်းသည်လည်း ယခုမြန်မာပိုင်မဟုတ်တော့ချေ
Coral Arakan News တွင်ဖေါ်ပြခဲ့သည့် ရှင်မဖြူကျွန်းရှာပုံတော် ဆောင်းပါးအားပြန်လည်ဖေါ်ပြလိ
(အယ်ဒီတာ)
ရှင်မဖြူကျွန်း ရှာပုံတော်
============
by Oo-du Khin-sai
စစ်တွေ ၊ ၃၁ ဇူလိုင် ၂၀၁၃ ၊ Coral Arakan News ၊ [ Digging the Past ]
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားရသော လတ်တလော အဓိက အကြောင်းရင်းများတွင် ရှင်မဖြူကျွန်းကို သူပိုင်ငါပိုင် လုကြခြင်းလည်း အကြောင်းရင်းတစ်ခု အပါအ၀င်ဖြစ်ခဲ့လေရာ အဆိုပါ ရှင်မဖြူကျွန်း ဆိုသည့်နေရာကား ယခု အဘယ်သို့ ရောက်နေသနည်းဟု ဥတုခင်စိုင်း လိုက်ရှာမိလေသည်။
ရှင်မဖြူကျွန်းကား ယခုအခါ မြန်မာပိုင်နက်မဟုတ်ဘဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပိုင်နက်ပင် ဖြစ်ပေသတည်း။ နာမည်မှာသာ “ကျွန်း (dwip)” ဆိုသည့် စကားလုံးပါရှိနေသေးသော်လည်း
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကုန်းမကြီး၏ တောင်ဘက်အစွန်ဆုံးနေရာ ( မြန်မာနိုင်ငံမောင်တောမြို့
Google ကို ရှာခိုင်းလိုလျှင် ယနေ့ခေတ်နာမည် Shah Pori Dwip ဆိုသော စကားလုံးကို သုံး၍ အင်တာနက်ပေါ်တွင် လိုက်ရှာပါလေ။ တွေ့ပါလိမ့်မည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်စဉ်ကာလက ဗြိတိသျှမှတ်တမ်းများတွင်မူ
Shah Pori Dwip / Shah Porir Dwip / Shapuree Dwip / Shapuree Deep အခေါ်အဝေါ် အားလုံးသည် ရှင်မဖြူကျွန်း ကိုသာ ဆိုလိုပေ၏။
ထိုနေရာတွင် BGB ခေါ် ဘင်္ဂလာဒေ့ရှ် နယ်ခြားစာင့်တပ်ဖွဲ့များ ကောင်းစွာချထားကြပ်မတ်ကာ မြန်မာနိုင်ငံဘက်မှ ၄င်းတို့နှင့် မျိုးတူကုလားများသည် မြန်မာပြည်ဘက်ခြမ်းတွင် ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သည် ဆိုသည်နှင့် နတ်မြစ် (River Naaf) ကို ကူးကာ လာရင်းတိုင်းပြည်သို့ ပြန်ကူးမလာနိုင်အောင် စောင့်ကြပ် နှင်လွှတ်တတ်သော နေရာဖြစ်လေသည်။
ထိုကြောင့် နိုင်ငံတကာသတင်းများတွင် Shah Porir Dwip သို့ ကူးလာကြသော မြန်မာဘက်မှ ကုလားစက်လှေများကို ဘင်္ဂလာဘက်မှ သူ့ဆွေသူ့မျိုးများက နှင်လွှတ်သည်ဟု ဖတ်ရှုရလျှင် ရှင်မဖြူကျွန်းမှ စောင့်ပြီး နှင်ထုတ်သည် ဟု ဘာသာပြန် သဘောပေါက်ကြည့်ကြပါလေ။ ဤကား ဥတုခင်စိုင်း၏ အလိုပေတည်း။
ရှင်မဖြူကျွန်း၏ တည်နေရာမှာ ကိုအော်ဒီနိတ်များအားဖြင့် 20° 45' 36.02" N 92° 20' 2.53" E ဟု မှတ်သား အပ် ပေသည်။
သတိမူစရာအချက် တစ်ချက်မူကား St. Martin’s island (စိန့်မာတင်ကျွန်း) ဆိုသည်ကား ရှင်မဖြူကျွန်းမဟုတ်။ ရခိုင်အခေါ် အုန်းကျွန်း သာလျှင် ဖြစ်ပေသည်။
အကျွန်ုပ် ယခုကဲ့သို့သုတေသနပြုကြည့်သည
မေတ္တာဖြင့် -
ဥတုခင်စိုင်း
( Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။