မောင်တောမြို့နယ်၊ ဒုချရားတန်း အနောက်ရွာတွင် ဘင်္ဂလီကုလားများမှ မိမိအိမ်ကို မီးရှိုးမှုဖြစ်ပွား




၂၉-၀၁-၂၀၁၄
မောင်တော

 (၂၈-၀၁-၂၀၁၄) ရက်နေ့ညနေ :၃၀ ဝန်းကျင်က မောင်တောမြို့နယ်၊ ဒုချရားတန်း အနောက်ရွာတွင် ဘင်္ဂလီကုလားများမှ မိမိအိမ်ကို မီးရှိုးမှုဖြစ်ပွားကြောင်းသိရသည်။
ဒုချရားတန်း အနောက်ရွာဟာ  ဒီလဆန်းပိုင်းက နိုင်ငံဝန်ထမ်းရဲသားများ ကင်းလှည့်စဉ်တွင်  ဘင်္ဂလီများ၏ အကြမ်းဖက်ခံရပြီး ရဲတပ်ကြပ် အောင်ကျော်သိန်း လက်နက်နှင့်အတူ ပျောက်ဆုံးခဲ့သောရွာနှင့် တအုပ်စုတည်း အနီကပ်တွင်တည်ရှိသောရွာလည်းဖြစ်သည်။

မနေ့ကဖြစ်ပွားခဲ့သော မီးရှိုးမှုကို စနစ်တကျ စီစဉ်လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း မောင်တောမီးသတ်ဌာနမှ ဝန်ထမ်းတစ်ဦးမှ သုံးသပ်ပြောကြားသွားသည်။
၎င်းဝန်ထမ်းက မနေ့ကဖြစ်ပွားခဲ့တာနဲ့ပတ်သက်၍ပြောကြားရာတွင်
မနေ့က ညနေက ဒုချရားတန်း အနောက်ရွာမှာ မီးလောင်မှုဖြစ်တာဟုတ်ပါတယ်။ သူတို့အိမ်တွေကို သူတို့မီးရှို့ကြတာ။ အိမ်က (၁၆) လုံးပါသွားတယ်။ ပစ္စည်းတွေက
ပါမသွားဘူး။ သူတို့က ကိုယ့်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းထားပြီးမှ တမင်တကာ မီးရှို့တာလေ။ အဲဒီရွာက ရဲတပ်ကြပ် အောင်ကျော်သိန်း အသတ်ခံရတဲ့ ရွာနဲ့ နီးတယ်။ တအုပ်စုတည်းပေါ့။ဟုပြောကြားသွားသည်။

ဆက်လက်ပြီး ၎င်းကပြီးတော့  မတော်တဆ မီးလောင်ရင် ပစ္စည်းတွေကို သိမ်းချိန်ဘယ်ရပါ့မလဲဗျ။ ခုတော့ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေက ဘာမှပါမသွားဘူးလေ။ အဲဒီတော့ သူတို့အစီအစဉ်က ဘယ်လောက်ထိ တမင်ဂွင်ဆင်ပြီး မီးရှို့လိုက်တာဆိုတာ သေချာတယ်လေ။ ပြီးတော့ မီးလောင်မှုဖြစ်တာနဲ့ ချက်ချင်း အင်တာနက်မှာ သတင်းမှား တက်လာတာ်။လုံခြုံရေးတာဝန်ကျ နိုင်ငံဝန်ထမ်းတွေက အဲဒီကုလားရွာကို မီးရှို့တယ် ဆိုပြီး တက်လာတယ်လို့သိရတယ်လေ။ အဲဒီတော့ ဒီအကောင်တွေ ဘယ်လောက်ထိ အကွက်ဆင်ထားသလဲဆိုတာ သိသာပါတယ်။ဖုန်းကနေတစ်ဆင့် ပြောကြားသွားသည်။

တိုက်ဆိုင်တာကတော့ ဒီလဆန်းက ရဲသား အောင်ကျော်သိန်းအား အကြမ်းဖက်သတ်ဖြတ်လိုက်ကြသော ကုလားရွာ (ဒုချရားတန်း)ကို ဥရောပမှ  လူကြီးများလာရောက်မည်ဖြစ်ကြောင်းလည်းသိရသည်။ နိုင်ငံခြားသံတမံတွေ၊ UN မှ လူကြီးတွေ၊  ပြည်တွင်းမှ အကြဲအကဲတွေ စတဲ့ အဓိကလူတွေလာမယ်ဆိုရင်
တရားမဝင် ဘင်္ဂလီကုလားများဟာ ပဋိပက္ခကို စနစ်တကျ အကွက်ဆင်ပြီး သူတို့လာခါနီးမှာ ပြုလုပ်လေ့ရှိသည်။

ယခုလည်း မနေ့ညက (၂၈-၀၁-၂၀၁၄) ရန်ကုန်မြို့ မြန်မာနိုင်ငံ နိုင်ငံခြားရုံးတွင် ဒုချရားတန်းရွာ အကြမ်းမှုနဲ့ပတ်သက်လို့  AP နဲ့ Irrawaddy စတဲ့ နိုင်ငံတကာ  သတင်းမီဒီယာမှ ရဲသားတွေသတ်ဖြတ် သောကြောင့် တရားမဝင်ဘင်္ဂလီ ၄၀ ထက်မနည်းသေဆုံးသွားတယ်ဟု သတင်းမှား ရေးသားခြင်းအပေါ် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ချိန်နဲ့၊ ဥရောပမှ လူကြီးတွေလာမယ်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
=====
ဒုံချေ (ကျောက်ဖြူ)



++++++++++++
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။