ရဲတပ်ဖွဲ့က ၆ နာရီမှာ ဒူချီးတန်းရွာကို ဝင်တယ်၊ မနက် ၇ နာရီခွဲမှာ ခယက ဥက္ကဌနဲ့ မောင်းတောမြို့မှာရှိတဲ့ ရခိုင် မြို့မိမြို့ဖတွေရော၊ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖတွေရော အဲ့ဒိကို ရောက်တယ် ၁ နာရီခွဲအတွင်းမှာ လူ ၅၀ သေတယ်ဆိုတာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရဘူး၊ သက်သေ သက္ကာယဆိုတာ
ဦးရဲထွဋ်
ကုလသမဂ္ဂဘက်ကလည်း အခုလို မွတ်ဆလင်တွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းအပေါ် သူတို့ကိုယ်တိုင်လည်း သံသယရှိနေတယ် ဆိုတာမျိုး ပြောသွားပါတယ်
BBC
MSF (နယ်စည်းမခြား ဆရာများအဖွဲ့) က သေနတ်ဒဏ်ရာနဲ့ လူ ၁ ယောက်၊ ထိခိုက်ဒဏ်ရာရ လူက ၄ ယောက်၊ ထိုးသွင်းဒဏ်ရာရ လူက ၁၀ ယောက်၊ အဖြစ်အပျက်ကြောင့် စိတ်ရောဂါ ခံစားနေရသူ ၇ ယောက်၊ စုစုပေါင်း ၂၂ ယောက်ကို ကုသပေးရတယ်လို့ ဆိုပါတယ်......
ပြည်နယ်အစိုးရက အဲ့ဒိလူတွေကို သွားကြည့်မယ်၊ ဆေးကုသပေးမယ်၊ ဖြစ်စဉ်ကိုမေးပြီးတော့ စုံစမ်းဖော်ထုတ်မယ်ဆိုတော့ ထုတ်မပေးနိုင်ဘူး...... ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် သွားတဲ့အခါမှာလည်း အဲ့ဒိသတင်းကို Confirm လုပ်ဖို့ ကြိုးစားတဲ့အခါမှာလည်း MSF က အတည်ပြု မပြောနိုင်ဘူးလို့ ဆိုပါတယ်...... MSF က ရခိုင်ပြည်နယ်မှာ ဘယ်သူတွေ အကျိုးကို အဓိက လုပ်ပေးနေလဲ ဒေသခံတွေ အသိဆုံးပါ...... ရခိုင်လူမျိုးတွေကို ဆေးကုမပေးပဲ ဘင်္ဂါလီတွေကိုပဲ အဓိက ဦးစားပေး လုပ်ဆောင်နေလို့ နာမည်ဆိုး ထွက်ခဲ့ဘူးပါတယ်......
ဖြစ်စဉ်ဖြစ်ပြီး မနက်မှာ သက်ဆိုင်ရာ မြို့မိမြို့ဖတွေ သွားရောက် စစ်ဆေးတဲ့အခါ ရဲတပ်ကြပ် အောင်ကျော်သိန်း သေဆုံးခြင်း အထောက်အထား များစွာ တွေ့ရပြီး ကျေးရွာသားများ သေဆုံးခြင်း၊ ကျေးရွာ ပျက်ဆီးခြင်း အထောက်အထား မတွေ့ရကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နဲ့အတူ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှီးအာမက်၊ မောင်းတော မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အောင်မျိုးမင်း၊ UNHCR, UNOCHA မှ ကိုယ်စားလှယ်တွေ ဒူချီးယာတန်း ကျေးရွာ၊ ပါတ်ဝန်းကျင် ကျေးရွာက ရပ်မိရပ်ဖ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ရာမှာလည်း ဘင်္ဂါလီတွေ အသတ်ခံရတာ၊ မုဒိမ်းကျင့်ခံရတာ မရှိလို့ ကျေးရွာသူ ကျေးရွာသားတွေက ဆိုပါတယ်..... အဖမ်းခံရမှာကို ကြောက်လို့ တိမ်းရှောင်နေတယ်လို့ပဲ ဆိုပါတယ်.....
ကျေးရွာ ဖျက်ဆီးခံရတယ်ဆိုရင် အစောပိုင်း သတင်းတက်လာတဲ့ ဒူချီးယားတန်း ဗလီ / အာရဗျီ စာသင်ကျောင်းဟာ အကောင်းတိုင်း ကျန်မှာ မဟုတ်ပါဘူး...... ဒါဆိုရင် ဘယ်သူတွေ ကောင်းကောင်း အကွက်ချလိမ်ပီး နိုင်ငံတကာက ဖိအား မြန်မာနိုင်ငံအပေါ် သက်ရောက်အောင် ပုံဖော်နေလဲ သိနိုင်တယ်..... အထူးသဖြင့် နိုင်ငံတကာ မွတ်စလင်တွေ မြန်မာလူမျိုးတွေကို မုန်းတီးမှုဖြစ်အောင် အကွက်ချ ပုံဖော်နေတာပါ..... တိုင်းတပါးမှာနေတဲ့ မြန်မာတွေ အနေအထိုင် သတိထားသင့်ပါတယ်..... အထူးသဖြင့် မလေးမှာ ဒီလိုကိစ္စဖြစ်ပီးတိုင်း အုပ်စုဖွဲ့ထားတဲ့ နာမည်ကြီးတစ်ယောက်ရဲ့ ခါးပိုက်ဆောင်တွေနဲ့ ပြုလုပ်လာမယ့် ရာဇဝတ်မှုတွေကို သတိထားပါလို့ပဲ သံချောင်းခေါက်ချင်ပါတယ်.....
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။