၅-၅-၂၀၁၃
ကျောက်ဖြူမြို့နယ် ဦးစီးမှူးမှ အများပြည်သူ့ပိုင် မီးသတ်ကားအား မိမိကိုယ်ကျိုးအတွက် Hyundai Heavy Industries (HHI) ကုမ္ပဏီသို့ (၁) လစာချုပ်ဖြင့် အကြိမ်ကြိမ် ငှားရမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မီးအန္တရယ်ကျရောက်ပါက အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို တားကွယ်ဖို့အတွက် ထားရှိသောမီးသတ်ကားများအား HHI ကုမ္ပဏီသို့ စာအုပ်ဖြင့်ငှားရမ်းခဲ့ခြင်းဖြစ်သည်။ RSV Facebook Page ၌ ကျောက်ဖြူဒေသခံတစ်ဦး၏ ပေးစာအရ ၄င်းကားများကို “ပြည်သူတစ်ဝက် နိုင်ငံတော်တစ်ဝက်ဖြင့် ကျခံဝယ်ယူထားသော မီးသတ်ကားနှင့် ရွှေစီမံကိန်းမှ လှူဒါန်းထားသောမီး သတ်ကားများဖြစ်ကြ” ကြောင်းလည်း သိရသည်။
မီးသတ်ကားငှားရမ်းခမှာ သိန်းလေးဆယ်ကျော်ဖြင့် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့်၊ ပထမအကြိမ်ငှားရမ်းသော အခါ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်တားသောကြောင့် ရက်အနည်းငယ်သာရပ်နားခဲ့သည်။ ထိုနောက် HHI ကုမ္ပဏီသို့ ပုံမှန်အတိုင်းရေတင်ပိုပကြောင်းသိရသည်။ ဒုတိယအကြိမ်ငှားရမ်းသောအခါမှာလည်း ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဟန့်တားခဲ့ရကြောင်းလည်းသိရသည်။
“ကျွန်တော်တို့ ကျောက်ဖြူဒေခံတွေက ဆင်းရဲနွမ်းပါးတဲ့ကြားက အလှူငွေတွေထည့်ဝင်ပြီးတော့ ဝယ်ထားကြတဲ့ကားကို HHI ကုမ္ပဏီသို့ ငှားစားတယ်လို့သိရတော့ တော်တော်ကိုစိတ်မကောင်းမဖြစ်ရတယ်။ ကျွန်တော်တို့က ဦးစီးမှူးဘဲဖြစ်ဖြစ်၊ ဘယ်မီးသတ်က ဝန်ထမ်းပဲဖြစ်ဖြစ် ဘယ်သူ့အတွက်မှ ရည်ရွယ်၍ဝယ်ထားတာ မဟုတ်ဘူး။ ကျောက်ဖြူဒေသမှာ မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြိမ်းသတ်နိုင်အောင် လို့စုပေါင်းပြီးဝယ်ထားကြတာကို မိမိကိုယ့်ကျိုးအတွက်ငှားရမ်းတယ်ဆိုတော့ လုံးဝကိုမတရားဘူး။” ဟု ကျောက်ဖြူဒေသခံတစ်ဦးကပြောကြားသွားသည်။
HHI ကုမ္ပဏီမှ အမည်မဖော်လိုသည့်ဝန်ထမ်းတစ်ဦးကလည်း “ မီးသတ်ကားကို HHI ကုမ္ပဏီသို့ ငှားရမ်းခဲ့တာကတော့ သောချာပါဗျ။ ၂ လပိုင်း ၃ လပိုင်းလောက်က မီးသတ်ကား အမြဲတမ်းထွက်ဝင်နေတာကို ကျွန်တော်တို့ကိုယ်တိုင်တွေ့မြင်နေရတာပါ။ ဘယ်လောက်ဈေးနဲ့ ငှားတယ်၊ ဘယ်လိုမျိုးငှားရမ်းတယ်ဆိုတာကတော့ ကျွန်တော် မသိပါဘူး။ ငှားရမ်းခဲ့တာကတော့ သေချပါတယ်။” ဟုပြောကြားသွားခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်၍ ကျောက်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်မှ ဒေသခံတစ်ဦးက “ ဒီသတင်းကို ကျွန်တော်ကြားနေတာ ကြပါပြီ။ ထပမတစ်ခါငှားတုန်းက မယက ကိုယ်တိုင် တားခဲ့သေးတယ်။ မယက ဥက္ကဋ္ဌက တားပြီးတဲ့နောက်မှာတော့ ခဏနားပြီးတော့ ပြန်ပြီးတော့ HHI သို့ရေတင်ပို့တယ်လေ။ ဒုတိယတကြိမ်တော့ ခယက ဥက္ကဋ္ဌတားခဲ့သေးတယ်။ ဒါပေမယ့် မီးသတ်ကားက စုပ်ပြတ်သတ်သွားပြီလေ။ တကယ်လို့မီးရောင်မှုဖြစ်ရင် ရေကိုလက်နဲ့ပက်ရလိုဖြစ်နေပီ။” ဟုပြေကြားသွားသည်။
၎င်းကပဲ ဆက်လက်၍ “ မီးသတ်ကားဆိုတာက မီးရောင်မှုတွေဖြစ်မှပဲ သုံးရမှာလေ။ ပြီးတော့ အဲဒီကားက အစိုးရကသက်သက်ဝယ်ပေးထားတာမဟုတ်ဘူးဗျ။ ကျွန်တော်တို့သေသခံတွေငွေတွေပါ ထည့်ဝင်ပြီးတော့ ဝယ်ထားကြတာ။ သူ့ကိုယ်ပိုင်ကားဆိုရင်တော့ ငှားပဲငှားငှား၊ ရောင်းပဲရောင်းရောင်း ဘယ်လိုပဲစီးပွားရှာရှာ ကျွန်တော်တို့မပြောလိုပါဘူး။ ခုဟာကြီးက လုံးဝမဖြစ်သင့်တာဗျ။ မီးသတ်ကားက ပန့်တွေလည်းပျက်သွားပြီ၊ အင်ဂျင်တွေလည်းသွားပီ။ ဘယ်လိုမှအဆင်မပြေတော့ဘူးလို့ကြားတယ်။ အဲလိုအကျင့်ပျက်နေတဲ့ နိုင်ငံတဝှန်းရှိဝန်ထမ်းတွေကို အထက်အာဏာပိုင်တွေနှင့် သက်ဆိုင်ရာဝန်ကြီးတွေအနေနှင့် ထိထိရောက်ရောက် အရေးယူပေးဖို့အချိန်က နောက်ကျနေပြီလို့ပဲ ကျွန်တော်မြင်တယ်ဗျ” ဟုပြောကြားသွားခဲ့သည်။
ကျောက်ဖြူမီးသတ်ဦးစီးမှူးသတင် အင်တာနက်ပေါ်တက်လာပြီးနောက် ကျောက်ဖြူဒေသခံလုထုကြားမှာ စိတ်ဝင်စားမှုတွေလည်းတိုးနေသလို၊ အထက်အကြီးအကဲတွေအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်ပေးမှာလည်း ဆိုတာကိုလည်း စိတ်ဝင်တစားနှင့် စောင့်စားနေကြကြောင်းသိရှိရသည်။
...............
(ကျောက်ဖြူဒေသခံတစ်ဦးပေးပို့လာသော သတင်းကို တည်းဖြတ်ခြင်းမလုပ်ပဲ တင်ပြပါသည်။)
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။