ကမ်းထောင်းကြီး ရဲစခန်းမှူး ရဲအုပ်သန်းဝင်း၏ ဒေသခံကျေးလက်ပြည်သူများအပေါ် မတရား အနိုင်ကျင့်နေမှုများ၊ အကျင့်ပျက်ခြစားမှု၊ မတော်သြဇာသုံးမှု၊ ဥပဒေမဲ့တရား လက်လွတ် ပြုမူနေမှုများအား


ကမ်းထောင်းကြီး ရဲစခန်းမှူး ရဲအုပ်သန်းဝင်း၏ ဒေသခံကျေးလက်ပြည်သူများအပေါ် မတရား အနိုင်ကျင့်နေမှုများ၊ အကျင့်ပျက်ခြစားမှု၊ မတော်သြဇာသုံးမှု၊ ဥပဒေမဲ့တရား လက်လွတ် ပြုမူနေမှုများအား

ကမ်းထောင်းကြီးရွာသား တစ်ဦး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး ရဲစခန်းမှူး ရဲအုပ်သန်းဝင်း၏ ဒေသခံ ကျေးလက် ပြည်သူများအပေါ် မတရားအနိုင်ကျင့်နေမှုများ၊ အကျင့်ပျက်ခြစားမှု၊ မတော်သြဇာသုံးမှု၊ ဥပဒေမဲ့ တရားလက်လွတ်ပြုမူနေမှုများအား နိုင်ငံတော်သမ္မတကြီးနှင့် တာဝန်ရှိအစိုးရအဖွဲ့များ၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး အဖွဲ့များမှ သိရှိ၍ လိုအပ်သလို အရေးယူဆောင်ရွက်ပေးပါရန်အတွက် အသနားခံတင်ပြအပ်ပါသည်။

အဖြစ်အပျက်အပြည့်အစုံမှာ-

၁။     ၂၀၁၁ - ခုနှစ်က “သရက်တောကျေးရွာ”နေ မောင်ဖြူ၊ ခင်မောင်မြင့်ဆိုသူ (၂)ဦးတို့က “ငန်းတောင်ကျေးရွာ”နေ ဦးနုထွန်းဆိုသူအား လှေဖြင့် “ငန်းတောင်ရွာ”မှ ခေါ်ဆောင်သွားပြီး ၎င်းတို့(၂)ဦးက ဦးနုထွန်းအား သတ်ဖြတ်ကာ “ငန်းတောင်မြစ်”အတွင်း အလောင်းဖျောက်ခဲ့သော အမှုဖြစ်ပွားခဲ့ပါသည်။

    လူသတ်တရားခံနှစ်ယောက်လုံးကို ဖမ်းဆီးရမိခဲ့သော်လည်း တရားခံ မောင်ဖြူကိုသာ တရားစွဲ ဆိုခဲ့ပြီး တရားခံ ခင်မောင်မြင့်အား “ကမ်းထောင်းကြီး” အချုပ်မှ ပြန်လည်လွှတ်ပေးလိုက်ပြီး တရားခံ အဖြစ်သာ စွဲဆိုထားပါသည်။  ၎င်းတရားခံပြေးဆိုသူ ခင်မောင်မြင့်မှာ ထိုအချိန်မှစ၍ ယနေ့အချိန်ထိ “ကမ်းထောင်းကြီးရွာ”တွင် နေထိုင်မြဲဖြစ်ပြီး ပုဇွန်ဒိုင်နှင့် ရေသန့်စက်ရုံလုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိနေပါသည်။  လူသတ်တရားခံ မောင်ဖြူမှာ ပြစ်ဒဏ်ခံပြီးနောက် နောက်ထပ်ဓါးပြမှု ကျူးလွန်မှုဖြင့် သံတွဲအကျဉ်းထောင်တွင် ရှိနေပါသည်။

၂။    ကျွန်တော်တို့ ဒေသခံရွာသူ/သားများမှာ ရေလုပန်ငန်း(ပုဇွန်တာ) လုပ်ငန်းများဖြင့်အသက်မွေး ဝမ်းကျောင်းပြုနေကြပါသည်။ ၂၀၁၁ - ခု၊ ၂၀၁၂ - ခုနှစ်များတွင် ပုဇွန်ကန်ရှိ ပိုက်များ ဖြတ်တောက် လုယက်ခြင်းခံရသည့်အတွက် အသိပေးတိုင်ကြားခဲ့သော်လည်း ရဲအုပ်သန်းဝင်းမှ အရေးယူဆောင် ရွက်ခြင်းမရှိဘဲ မသိကျိုးကျွံပြုနေခဲ့ပါသည်။

၃။    ကမ်းထောင်းကြီး - စစ်တွေလိုင်းဘုတ်ပိုင်ရှင် ဦးဝေသန်းချေ၏ ရွာသစ်ပိုင်းရှိ နေအိမ်ကိုလည်း ဉာဥ့်အချိန် အိမ်ထဲသို့ ထွင်းဖောက်ဝင်ရောက်ပြီး ရွှေ(၁)ကျပ်သားကျော်နှင့် ငွေ(၁)သိန်းကျော် ခိုးယူ ခံရသည့်အတွက် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း ယနေ့အချိန်ထိမရှိသည့် အပြင် အခိုးခံရသူကိုသာ ပြစ်တင်စကားပြောဆိုခဲ့ပါသည်။

၎။    ကမ်းထောင်ကြီးနှင့် တိုက်နယ်ကျေးရွာများရှိ အရက်ဆိုင်းများကို လစဉ်ကြေး ၅၀၀၀ ကျပ်စီ၊ နှစ်စဉ်ကြေး တနှစ်လျှင် ၅၀၀၀၀ ကျပ်စီ၊ ဓနိရည်ခံပြီး အရက်ချက်နေကြသော အရက်ဖို ၁၀၀ ကျော်မှ အရက်ဖို တစ်ဖိုလျှင် လစဉ်ကြေး ၇၀၀၀ ကျပ်စီ၊ နှစ်စဉ်ကြေး ၅၀၀၀၀ ကျပ်စီ၊ တရားမဝင် မတရားကောက်ခံပြီး ကိုယ်ကျိုးစီးပွားရှာနေပါသည်။

၅။    ထို့အပြင် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ညိုညိုလှိုင် (မူလတန်းပြ)သည် “တပ်ရာကျေးရွာ”တွင် တာဝန် ကျနေသော်လည်း ကျောင်းသို့လာရောက်သင်ကြားပြသခြင်း လုံးဝမရှိခဲ့ပါ။ ရယက ဦးဘတင်နှင့် ပူပေါင်းပြီး တပ်ရာကျောင်းအုပ်ဆရာကြီးအား ဖိအားပေးကာ ၎င်း၏ဇနီးကျောင်းပျက်နေမှုကို အရေး မယူနိုင်စေရန် မတော်သြဇာသုံးခဲ့ပါသည်။ မြို့နယ်မှ တာဝန်ရှိသူများ ကျောင်းသို့လာရောက် စစ်ဆေးသည့်အခါမှသာ ရဲအုပ်သန်းဝင်းကိုယ်တိုင် ဆိုင်ကယ်ဖြင့် လိုက်ပို့ပြီး မြို့နယ်မှ လူကြီးများပြန် သွားသည့်အခါ ၎င်း၏ဇနီးအား ပြန်လည်ခေါ်ယူခဲ့ပါသည်။ ဤသို့လပေါင်းများစွာ ကျောင်းပျက်ကွက် နေသော်လည်း လစာအပြည့်အဝခံစားရပြီး မည်သူမျှလည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါ။

    ထိုကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် မတရားသဖြင့် စီးပွားရှာနေသော၊ တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေသော ရဲဝန်ထမ်းဖြစ်ပါလျှက် ဥပဒေမဲ့လုပ်ရပ်များကို လုပ်ကိုင်နေသော စခန်းမှူး ရဲအုပ်သန်းဝင်းအား လိုအပ်သလို အပြန်ဆုံးအရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြလိုက်ရပါသည်။

                            ကမ်းထောင်းကြီးရွာသား တစ်ဦး
......................................................................

ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။