ပန်းချီထူးလှ

ပန်းချီထူးလှ ................ အဘ ဦးဘက်ကျာ၊ အမိဒေါ်မစောခိုင်တို့မှ (၆-၆-၁၉၆၉) ခုနှစ်တွင် မြောက်ဦးမြို့နယ်၊ ကုလားပြုန်းကျွန်း၊ ညောင်ပင်လယ်ရွာချေဖက်တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်းခြောက်ယောက်အနက် ပဉ္စမမြောက်သားဖြစ်သည်။ အခြေခံပညာအထက်တန်းပညာတတ်မြောက်ပြီး ရန်ကုန် ပန်းချီပန်းပုကျောင်းသို့တက်ရောက်ခဲ့သည်။ ပန်းချီပန်းပုကျောင်းဆင်းပြီးနောက် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် ပုံဆွဲရာထူးဖြင့်အမှုထမ်းလျက် ရခိုင်ပြည်နယ်မှထုတ်ဝေသော မဂ္ဂဇင်း၊ စာစောင်များ တွင် ရခိုင်ရိုးရာယဉ်ကျေးမှု စိတ္တလင်္ကာရ ဒီဇိုင်းဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားနေပါသည်။ လုံးချင်းစာအုပ်အဖြစ်လည်း “ရှေးခေတ်ရခိုင်နတ်ဘီလူးများ” စာအုပ် တစ်အုပ်ကိုထုတ်ဝေထားပြီးဖြစ်သည်။ ပြည်မဖက်တွင်လည်း ဖေးဗရိတ်ဂျာနယ်၊ သူရဇ္ဇမဂ္ဂဇင်း၊ သိဒ္ဓိမိုးမဂ္ဂဇင်း၊ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ မဟိဒ္ဓိမဂ္ဂဇင်း၊ ပါရမီမဂ္ဂဇင်း၊ ငွောတာရီမဂ္ဂဇင်းတို့တွင် ရခိုင်ယဉ်ကျေးမှုဆောင်းပါးများကို ဆက်လက်ရေးသားနေပါသည်။ ဦးရာဇ်မြေနှင့် မြောက်ဦးမဂ္ဂဇင်းတို့တွင် စာတည်းအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အဖိုးသျှင် ဦးသတိုးလှ (နော်မာန်လှ)နှင့် ပန်းချီရွှေမောင်သာတို့၏ အနုပညာသန္ဓေနှိုးဆော်ပေးမှုကြောင့် အနုပညာပန်းမြိုင်တောသို့ရောက်ရှိလာခဲ့ပြီး ယခုအခါ မိသားစုနှင့်အတူ မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် နေထိုင်လျက်ရှိသည်။ (စစ်တွေမြို့မှ ထုတ်ဝေသော ရခိုင်မဂ္ဂဇင်းအမှတ် ( ) မှကူးယူဖော်ပြအပ်ပါသည်) ................................... ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။