ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလာဘက်မှ ၀င်လာသော လူတစ်စုနှင့် ပစ်ခတ်မူ ဖြစ်ပွား

Narinjara

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကုလားချောင်းကျေးရွာတွင် ဘင်္ဂ လာဒေခ်ျ့မှ ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မူ ဖြစ်ပွား ခဲ့သည်ဟု သတင်း  ရရှိသည်။

“ ဖြစ်တာက မနေ့က နေ့လည် ၂ နာရီ ခွဲမှာ ဖြစ်တာပါ။ ကျွန်မတို့ ရွာအနီး မှာ ပြင်ချောင်းဆိုတာ ရှိပါတယ်။ အဲဒီ အထဲမှာ ဖြစ်ကြတာပါ။ သူတို့က စက်လှေ နှစ်စီးနဲ့ ၀င်လာပါတယ်။ ငါးဖမ်းနေတဲ့ ကလေးတစ်ယောက် က မြင်တော့ ရွာကို သတင်းလာပို့ပါ တယ်။ ရွာသားတွေ လိုက်သွားတဲ့ အခါ ပစ်ခတ်မူ ဖြစ်ပွားတာ ဖြစ်ပါတယ်။ သေနတ် ၈ ချက် ၉ ချက်လောက် သူတို့ပစ်ပြီး ပြန်ထွက်ပြေး ပါတယ်” ဟု ကုလားချောင်းရွာခံ အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်လာသည်ဟု ယူဆရသော စက်လှေ နှစ်စီးပေါ်တွင် လူပေါင်း ၁၈ ဦးခန့် ပါဝင်သည်ဟု ရွာသားများက ခန့်မှန်းကြပြီး နေ့လည် ၁၂ နာရီခွဲခန့်တွင် ပြင်ချောင်းထဲသို့ စက်လှေ (၂) စီးဖြင့် ၀င်ရောက်လာခဲ့သည်ဟု ဆိုသည်။

“ သတင်းကြားတဲ့ အခါ ကျွန်မတို့ရွာက ကျွန်မအစ်ကိုတွေ အပါအ၀င် ရွာသားတွေ ဓါးတွေ၊ ဂျင်ဂလိတွေကို ကိုင်ပြီး လိုက်သွားကြပါတယ်။ ကျွန်မတို့ ဆီက ရွာသားတွေကို မြင်တော့ သူတို့က သေနတ်နဲ့ ပစ်တယ်။ နောက်တော့ စက်လှေ တစ်စီးကို ချန်ထားခဲ့ပြီး တစ်ခြား စက်လှေ တစ်စီးနဲ့ ထွက်ပြေးသွားပါတယ်” ဟု သူမက ဆက်ပြောသည်။

စက်လှေပေါ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဘုတ်ပိုင်ရှင်၏ ဓါတ်ပုံတစ်ပုံနှင့် အမျိုးသမီး ဖြစ်သူ ၏ ဓါတ်ပုံပါ ကဒ်ပြား တစ်ခုနှင့် အသုံးအဆောင်များ၊ ဘင်္ဂလာဒေခ်ျ့စာဖြင့် ရေးသားထားသော ဒိုင်ယာရီ တစ်အုပ်နှင့် ဦးထုပ် တစ်လုံးတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယခုအခါ အဆိုပါ စက်လှေကို ရသေ့တောင်မြို့နယ် ရဲစခန်းသို့ လောင်းချောင်း စခန်းမှ တဆင့် လွဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ယခု ဖြစ်စဉ်မှာ မှန်ကန်ကြောင်း လောင်ချောင်းရဲ စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပြီး ထွက်ပြေး သွားသူများကို စစ်တပ်နှင့် ရဲက ပေါင်းပြီး လိုက်လံ ရှာဖွေ နေကြောင်း ပြောကြားသည်။
“ အခုကတော့ အခြေအနေ တည်ငြိမ်နေပါတယ်။ စစ်တပ်လည်း ရောက်နေပါတယ်။ သူတို့ ဘယ်ကို ပြေးသွားတယ်ဆိုတာကိုတော့ ကျွန်မ အတိအကျ မပြောနိုင်ပါဘူး။ ရွာက လူတွေလည်း အခု အိမ်မှာ မရှိကြပါဘူးရှင်။ ဘုန်းကြီးကျောင်းကို သွားပြီး ရွာသားတွေ ဆွေးနွေးတိုင် ပင်နေကြပါ တယ်” ဟု သူမက ပြောသည်။

ကုလားချောင်း ကျေးရွာသည် ရသေ့တောင်မြို့နယ် မေယူကမ်း အဖျားပိုင်းတွင် တည်ရှိပြီး ဘင်္ဂလာာ ပင်လယ်အော်နှင့် နီးစပ်သဖြင့်  အဆိုပါ အမည်မသိသူများသည် ဘင်္ဂလာဒေခ်ျ့ဘက်မှ အကြံအစည် တစ်ခုခုဖြင့် ၀င်ရောက်လာပုံရသည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။