မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်သူ ၃ ဦး သေဒဏ်ပေးခံရ

Narinjara

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်သူ ၃ ဦးကို ကျောက်ဖြူခရိုင် တရားရုံးက သေဒဏ် စီရင်လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အား ပုဒ်မ တစ်ခုတည်းဖြင့် ယနေ့နံနက်  ၁၁ နာရီ မိနစ် ၅၀ က သေဒဏ် ချမှတ်လိုက်ခြင်း  ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် တရားရုံးချုပ် ရှေ့နေ (ငြိမ်း) တစ်ဦးဖြစ်သူ ဦးဘရှင်က ပြောသည်။

“ တရားခံ ၃ ဦးမှာ တစ်ဦးက သေဆုံးသွားပြီ ဖြစ်တဲ့ အတွက် ကျန် ၂ ဦးဘဲ တက်ရောက် နိုင်ပါတယ်။  ဒီနေ့ အဲဒီအမူကို ကျောက်ဖြူခရိုင် တရားရုံးက အပြီးသတ် စီရင်ချက် ချပါတယ်။ ပုဒ်မ ၃၀၂ – ၁ (ဂ) နဲ့ ဖြစ်ပါတယ်” ဟု ပြောသည်။

တရားရုံးတွင် တက်ရောက်သူ  များများစားစား မရှိဘဲ လူပေါင်း ၃၀ ခန့်က တက်ရောက် နားထောင်ခဲ့သည်ဟု ဦးဘရှင်က ပြောသည်။

“ တက်ရောက်နားထောင်တဲ့သူတွေက ၃၀ လောက်ဘဲ ရှိပါလိမ့်မယ်။ တရားခံတွေဘက်ကတော့ ဘာမှ တုန့်ပြန် ချေပတာမျိုး မရှိဘူး။ သူတို့ကိုယ်တိုင်ကလည်း ဒီလိုမျိုး စီရင်ချက် ချမှတ်မယ်ဆိုတာကို သိထားပုံရပါတယ်” ဟု သူက ပြောသည်။

ထက်ထက် (ရော်ရှီး) ၂၃ နှစ် သည် မိမိကိုယ်ကို အဆုံးစီရင်သွားပြီ ဖြစ်သဖြင့်  ကျန်နှစ်ဦးဖြစ်သော ရော်ဟီး (၁၈) နှစ်နှင့် လူယု (၂၁)နှစ် တို့ကို ရုံးထုတ်ခဲ့ပြီး ကျောက်ဖြူ ခရိုင် တရားရုံးကို အမိန့်ကို ဖတ်ပြခဲ့သည်ဟု သိရသည်။

ကျောက်နီမော်ကျေးရွာမှ မိမိနေထိုင်ရာ သပြေချောင်း ရွာသို့ မေလ ၂၈ ရက်နေ့ ညနေပိုင်းက အပြန်တွင် မသီတာထွေးသည် မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရသည်။

မသီတာထွေး အမှုကို ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး အကြိမ် ကျောက်ဖြူ ခရိုင် တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။ နောက်ထပ် ဇွန်လ ၁၁ရက် နေ့မှ ၁၅ရက်နေ့အထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့သည်။  သက်သေများ၏ ထွက်ဆိုချက်ကို ရယူပြီး ဇွန်လ ၁၈ ရက်နေ့တွင် သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။