ပ.ဖ.ဗ.ဘ.မ အခွေမှာ အချစ်သီချင်း တစ်ပုဒ်ကို ရခိုင်လိုသီဆိုထားတဲ့ ရတနာမိုင်

ပေါ်ပျူတာ မြန်မာ

ရတနာမိုင်က သူမရဲ့ ဒုတိယစီးရီဖြစ် တဲ့ ပ.ဖ.ဗ.ဘ.မ အခွေကို စီစဉ် နေပြီး လက်ဆောင်အဖြစ် အချစ်သီချင်း တစ်ပုဒ် ကို ရခိုင်လိုထည့်ဆိုထားကြောင်း ပြောပါတယ်။ “ရခိုင်စကားလည်း ပြောတတ်တယ်။ အိမ်မှာလည်း ရခိုင်စကားပြောနေကျပဲ။ ရခိုင် စကားပြောတာ လုံးဝမခက်ဘူး။ ရခိုင်မှာသာ မမွေးတာ၊ အဖေကလည်းရခိုင်၊ အမေက လည်းရခိုင် ဆိုတော့ ငယ်ငယ်လေး ကတည်းက ပြော တတ်တယ်။ အရင် အခွေတုန်းက တော့ ရခိုင် သီချင်းထည့် မဆိုထားဘူး။ ကိုယ်က ရခိုင် လူမျိုးဖြစ်တဲ့ အတွက် ဂုဏ် ယူတဲ့ အနေနဲ့ ထည့်ဆိုထား တာပါ”လို့ ရတနာမိုင်ကပြောပါတယ်။ 

ပရိသတ်များကို အသစ်အဆန်းတွေ ပေးချင်တဲ့အတွက် သီဆိုထား တာဖြစ်ကြောင်းနဲ့ ရခိုင် လူမျိုးများရဲ့ သီချင်း အဓိပ္ပာယ်၊ ဘယ်လိုပုံစံနဲ့ သီဆိုထားတယ် ဆိုတာကို သိစေချင်ကြောင်း ပြောပါတယ်။ အဲဒီအပြင် ရခိုင်သီချင်းများ သီးသန့် တစ်ကိုယ်တော် အခွေအနေ နဲ့ စီစဉ် ချင်ပြီး ရခိုင် ပြည်နယ်အတွက် အဓိက ဖြန့်ချိသွားဖို့ ရည်ရွယ်တယ်လို့ ပြော ပြပါတယ်။

ခိုင်ဝေလွင်
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။