ALP ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ကျောက်တော်တွင် သောင်းသောင်းဖြဖြ ကြိုဆို

မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း ဖိတ်ကြားချက်အရ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး(၂) ခိုင်သုခဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်၊ ယနေ့(၂-၄-၁၂) နံနက်(၈)နာရီအချိန်တွင် ချင်းပြည်နယ် ပလက်ဝမြို့မှ ထွက်ခွါ လာရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ဆိပ်ကမ်းသို့ (၁နာရီ ၅၀မိနစ်)ခန့်တွင် ရေယာဉ်ဖြင့် ရောက်ရှိ လာခဲ့သည်။


ALP-Ringer
ကျောက်တော်မြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဆောင်ပြီး ကျောက်တော်မြို့ လူထု ၃၀၀၀ (သုံးထောင်)ခန့် သောင်းသောင်းဖြဖြ လိုက်လွဲစွာကြိုဆိုခဲ့ကြသည်။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ လိုအင်ဆန္ဒပြည့်ဝပါစီဟု ရေးသားထားသော စာတမ်းလည်း ကိုင်ဆောင် ထားကြကြောင်း သိရှိရသည်။

ယနေ့ (၂-၄-၁၂)တွင် ကြိုဆိုရန်ပြုလုပ်ထားသော စစ်တွေမြို့ပေါ်ရှိ လူထုများမှာလည်း ရန်ကုန်မှထွက်ခွါလာမည့် ကိုယ်စားလှယ်များ ခရီးစဉ် ရွှေပြောင်းလိုက်ရကြောင်း သိရှိရသဖြင့် ကြိုဆိုမည့် အစီအစဉ်လည်း နောက်ဆုတ်လိုက်ရကြောင်း သိရှိလိုက်ရသည်။

ယနေ့နံနက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့သည် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးလှစော ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်းတို့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

(ပြည်တွင်း သတင်းထောက်ပေးပို့သော သတင်း ဖြစ်ပါသည်။ ထူးခြားမူများကို ဆက်လက် ဖေါ်ပြပါမည်။)


------------------------------
.: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။