BBC အား နိုင်ငံတကာ ရခိုင်အမျိုးသားများအသင်းက ကန့်ကွက်ဆန္ဒပြ

1361 world_arakanese_organization_protest_bbc_03

ဘီဘီစီ သတင်းဌာနမှ အန်နာဂျုံးစ် (Anna Jones) ၏ မြန်မာ့တိုင်းရင်းသား လူမျိုးစုများစာရင်းတွင် နိုင်ငံခြားသားများအား လူမျိုး သစ်များ အဖြစ် မြေပုံနှင့်တကွ လုပ်ကြံဖန်တီးမှုအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲအား ယနေ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်၊ မွန်းလွဲ ၃ နာရီမှ ၄း၃၀ အချိန်အထိ နူးယောက်မြို့လယ် ဘီဘီစီရုံးစိုက်ရာ အဆောက်အဦရှေ့တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲ အား နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (အမေရိကန်ပြည်ထောင်စု) က ဦးစီးကျင်းပခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်​မြန်မာ့အရေး စိတ်ဝင်စားသူများ တက်ရောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲ မစတင်မီ ရှေးဦးစွာ နူးယောက်မြို့လယ်ရှိ Bryant ပန်းခြံတွင် မွန်းလွဲ ၂း၃၀ မှ ၃ နာရီအထိ စုရပ်အနေဖြင့် စုဝေးခဲ့ကြပြီး၊ မွန်းလွဲ ၃ နာရီကျော်တွင် ဆန္ဒပြမည့် အဆိုပါ ဘီဘီစီရုံးစိုက်ရာ အဆောက်အဦရှေ့သို့ ချီတက်ခဲ့ကြ ကာ၊ လက်ကိုင် ကြေညာစာတမ်း များ၊ "Burma, Burma (Not for sale)", "Arakan, Arakan (Not for sale)", "Anna Jones, stop giving wrong information about Burma" နှင့် "BBC, stop giving wrong information about Arakan" စသည့်... ကြွေးကြော်သံများ ဟစ်ကြွေး၍ ကန့် ကွက် ဆန္ဒပြခဲ့ကြသည်။

1361 world_arakanese_organization_protest_bbc_01
(ပုံ) ကန့်ကွက် ဆန္ဒပြသူများ Bryant ပန်းခြံတွင် ဆန္ဒပြပွဲမတိုင်မီ စုဝေးနေပုံ။

1361 world_arakanese_organization_protest_bbc_02
(ပုံ) ဆန္ဒပြပွဲအား ရောက်မလာနိုင်သူများ၏ စာရင်းအား ကိုကျော်ထူးအောင်က ပြသနေစဉ်။

ဆန္ဒပြပွဲဖြစ်မြောက်ရန် တာဝန်ခံ ကိုကျော်ထူးအောင်အား ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းနှင့်၊ ဆန္ဒပြပွဲနှင့် စပ်လျဉ်း ၍ မေးမြန်းရာ -- "လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်က၊ ဘီဘီစီ သတင်းဌာနမှ အန်နာဂျုံရဲ့ သတင်းတစ်ခုမှာ ဘင်္ဂလားဒေရှ့်က ၀င် လာတဲ့ ဘင်္ဂလီ လူမျိုးတွေကို ရိုအင်ဂျာ ဆိုတဲ့ စကားလုံးအောက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား အက်ဥပဒေ လူမျိုးကြီး ၈ ခု အပါအ၀င်၊ လူမျိုး ၁၃၅ မျိုး ပါ ရှိပါတယ်။ အဲဒီစာရင်းထဲမှာ ရိုဟင်ဂျာဆိုတာမပါ ပါဘူး။ ဆိုတော့ နံပါတ် ၁ အချက်က ဘီဘီစီက အမှားကို လွှင့်ထုတ်နေတယ်။ နောက်တစ်ချက်က နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ ကျွန်တော်တို့ ရခိုင် တိုင်းရင်း သား တွေကို ဘီဘီစီက Photoshop သုံးပြီး ဖယ်ရှားလိုက်တယ်ဆိုတာ၊ သည်လို Credible News Agency တစ်ခုအနေနဲ့ မလုပ် သင့် တဲ့ လုပ်ရပ်ပါ။ အဲ့ဒါကြောင့် ရခိုင်လူမျိုးအပြင် အခြားတိုင်းရင်းသားများက အဲ့သည် မြေပုံကို အင်တာနက်ပေါ်မှာ စတွေ့တော့ ဘီဘီစီကို စပြီး ဆန့်ကျင်ကြတယ်။ စပြီး ဆန့်ကျင်တဲ့ရက်ကတော့ အောက်တိုဘာ ၂၅၊ ၂၀၁၁ ခုနှစ်ပေါ့။ ဆိုတော့ အဲသည် ကနေစပြီး တော့ လှုပ်ရှားမှုတွေလုပ်လာတယ်။ အမှန်တရားဘက်ရပ်တည်မယ့်သူတွေ၊ သမိုင်းမှန်၊ အကြောင်းအရာ မှန်တွေ ကို ဖော်ပြမယ့်သူတွေ ပေါ်လာ ခဲ့တယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကဆိုရင် စာမျက်နှာပေါင်း ၂၇၀ ကျော်ရှိ တဲ့ ဆောင်းပါးချုပ်ကြီးကိုလည်း ပြုစုနိုင်ခဲ့ တယ်။ "လူထုအော်သံ" လို့ နာမည်ပေးထားတယ်။ အဲ့ဒီအပြင် အခြားလှုပ်ရှားမှု အဖြစ် မလေးရှားတို့၊ UK တို့၊ ဗမာပြည်တို့၊ အခုဆို ရင် အမေရိကမှာ လည်း ဘီဘီစီကို သူတို့ရဲ့ သတင်းမှားနေတယ်။ သူတို့ကို တောင်း ပန်ပေး ပါလို့ ကျွန်တော်တို့ သည်ကိုလာပြီးတော့ လာရောက် ဆန္ဒပြရခြင်းဖြစ်ပါတယ်။" ဟု ပြောပြခဲ့သည်။

1361 world arakanese organization protest bbc 04
1361 world arakanese organization protest bbc 06
(ပုံ) ကန့်ကွက် ဆန္ဒပြသူများအား ဘီဘီစီ နူးယောက်ရုံးချုပ်တည်ရှိရာ အဆောက်အဦထဲမှ တွေ့ရစဉ်။

ဆက်လက်ပြီး ဤ ဆန္ဒပြပွဲမှ ဘီဘီစီအား ယခု အရေးကိစ္စအား မည်သို့ လုပ်ဆောင်စေလိုပြီး၊ မည်သို့ တုံ့ပြန်စေလိုပါသလဲဟု မေးမြန်း ရာ ကိုကျော်ထူးအောင်က - "နံပါတ်တစ် အချက်က ကျွန်တော်တို့ဟာ အရင်ကတည်းက ဘီဘီစီကို ယုံကြည်အားကိုးပြီး အမြဲတမ်း သတင်းတွေကို နားထောင်နေပါတယ်။ ဒါပေမယ့် သည်လို သတင်းမှားတွေ လွှင့်ထုတ်နေတာကြားတော့ ကျွန်တော်တို့ စိတ်မကောင်း ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က သည်လို သတင်းမှားတွေကို မလွှင့်ထုတ်ပါနဲ့၊ အမှန်တရားဘက်က ရပ်တည်ပါလို့ တောင်းဆိုလိုပါ တယ်။ နောက်တစ်ခုက အန်နာဂျုံးဆိုတဲ့ အမျိုးသမီးကို သူ့ရဲ့ သတင်းမှားတွေအတွက် ဘီဘီစီကနေ ထိထိရောက်ရောက် အရေးယူပေး ပါလို့ တောင်းဆိုချင်ပါတယ်။ နောက်ဆုံးအချက်က ဘီဘီစီကနေ သည်သတင်းမှားကို လုပ်မိလိုက်ပါတယ်ဆိုတာကို ဖွင့်ပြောပြီး ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားတွေကို ၀န်ချတောင်းပန်စေချင်တာပါ။ အဲဒါ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဆန္ဒပါ။" ဟုပြောကြား သွားခဲ့သည်။

1361 world arakanese organization protest bbc 11
1361 world arakanese organization protest bbc 07 1361 world arakanese organization protest bbc 08
1361 world arakanese organization protest bbc 09 1361 world arakanese organization protest bbc 10
1361 world arakanese organization protest bbc 05
(ပုံ) ဘီဘီစီ၏ သဘာပတိဖြစ်သူ Lord Chris Pattern အား အမှန်တရားဘက်တွင် ရပ်တည်ပေးရန် ပန်ကြားလွှာ။
*(၁၉၈၂ မြန်မာနိုင်ငံသား အက်ဥပဒေအရ၊ တရားဝင် အသိအမှတ်ပြုထားသော၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင် သည့် ရခိုင်ပြည်နယ်မှ လူမျိုး နှင့် မျိုးနွယ်စု (၇) မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ရခိုင်လူမျိုး
၂။ ကမန် မျိုးနွယ်စု
၃။ ခမွီး မျိုးနွယ်စု
၎။ ဒိုင်းနက် မျိုးနွယ်စု
၅။ မရမာကြီး မျိုးနွယ်စု
၆။ မြို မျိုးနွယ်စု
၇။ သက် မျိုးနွယ်စု တို့ဖြစ်ကြသည်။)


Credit: Shwe Lone
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။