ဒေါက်တာဒေါ်ရီရီ(၁၉၂၉-၁၉၈၄)
ဒေါက်တာဒေါ်ရီရီ (၁၉၇၅)ခုနှစ် အမျိုးသားစာပေဆု{သုတပဒေသာ(၀ိဇ္ဇာ)}
မြန်မာအမျိုးသမီးများအနက် ပီအိပ်ချဒီဘွဲ့ကို အစောဆုံးရရှိခဲ့သူများစာရင်းတွင် ရခိုင်အမျိုးသမီးတစ် ဦးဖြစ်သော ဒေါ်ရီရီလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။
ဒေါ်ရီရီကို(၁၉၂၉)ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင် သံတွဲ့မြို့၌ အဖဦးဘစိန်၊ အမိဒေါ်ခိုင်တို့မှ ဖွားမြင်သည်။ (၁၉၃၅)ခုနှစ်တွင် စစ်တွေ ကွန်ဗင့်ကျောင်း၌ စတင်ပညာသင်ခဲ့သည်။(၁၉၄၆)ခုနှစ်တွင် ဆယ်တုန်းကို စာမေးပွဲအောင်မြင်သည်။(၁၉၅၂)ခုနှစ်တွင်ရာဇ၀င်ဂုဏ်ထူးတန်းကိုဒုတိယတန်း(က)အဆင့်ဖြင့် အောင်မြင် သည်။ ထိုနှစ်၌ပင် ပညာတော်သင်အဖြစ်ဖြင့် လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့် အာဖရိ ကပညာရပ် ဆိုင်ရာကျောင်း(School of oriental and African Studies) တွင်တက်ရောက်ခဲ့၍ ၁၉၅၈ ခုနှစ်တွင် ပီအိခ်ျဒီ ဘွဲ့ရခဲ့သည်။
မြန်မာနိုင်ငံသမိုင်းကော်မရှင်၌ သုတေသနအရာရှိအဖြစ် ၁၉၅၉ခုနှစ်တွင်ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၆၁ ခုနှစ်တွင်ကုန်းဘောင်ခေတ်ဆိုင်ရာကျမ်းပြုအရာရှိအဖြစ် တို့မြှင့်ခန့်ထားခြင်းခံခဲ့ရသည်။
မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၊သမိုင်းတံခွန်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာပေနှင့်လူမှုရေးသိပ္ပံဂျာနယ် စသည့် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများရေးသားခဲ့သည်။ အင်္ဂလိပ်မြန်မာ ပြက္ခဒိန် (၁၇၀၁-၁၈၂၀) ကိုရေးသား၍ ယဉ်ကျေးမှုဌာနမှထုတ်ဝေခဲ့သည်။ ထို့ ပြင်သုတေသနအဘိဓါန်များ မှတ်စု အမှတ်စဉ်(၁)ကိုရေးသား၍ မြန်မာနိုင်ငံသုတေသနအသင်းမှပင် ပုံနှိပ်ထုတ်ဝေခဲ့ သည်။ နိုင်ငံသမိုင်း သုတေ သနဦးစီးဌာနတွင် အကြီးတန်းသုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း (၁၉၈၄)ခုနှစ်တွင် ကွယ်လွန် ခဲ့သည်။
ဒေါက်တာရီရီသည် မြန်မာနိုင်ငံအခြေအနေ(၁၇၁၄-၅၂)စာအုပ်ဖြင့် ၁၉၇၅ခုနှစ်အတွက် အမျိုးသားစာပေ ဆု (သုတပဒေသာ၊၀ိဇ္ဇာ)ကိုရရှိခဲ့သည်။ ညောင်ရမ်းမင်းဆက်နှင့်အင်းဝမင်းဆက်များ လက်ထက်မြန်မာနိုင်ငံ ၏အခြေအနေကို အသေးစိတ်သုတေသနပြု၍တင်ပြခဲ့သည်။
ဒေါက်တာရီရီသည် ရခိုင်အမျိုးသမီးစာဆိုများအနက် အမျိုးသားစာပေဆုကိုပထမဆုံးဆွတ်ခူးခဲ့သော စာပေ ပညာရှင်တစ်ဦးပင်ဖြစ်သည်။
မောင်မောင်ထွန်းအောင်(ကျန်းမာရေး)
...........
Arakan Folks မှကူးယူဖော်ပြပါသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။