ရခိုင်တွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး စာတန်းဖတ်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရခိုင်ပြည်နယ်တွင် ၂၄ နာရီ မီးရရှိရေးနှင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းဆိုင်ရာ စာတမ်းဖတ်ပွဲ တစ်ခုကို နိုဝင်္ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။


U-Tin-Win ဦးတင်ဝင်း စာတန်း ဖတ်ကြားနေစဉ်။ (ဓါတ်ပုံ - နိရဉ္စရာ)
စာတန်းဖတ်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို စာတန်းဖတ်သူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးတင်ဝင်းက ယခုလို ပြောသည်။

" ရခိုင်တပြည်နယ်လုံး လျှပ်စစ် မီး ၂၄ နာရီ ရရှိရေး အတွက် ဖြစ်နိင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အတွက် ဒီစာတန်းဖတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။"

အခု လက်ရှိ အစိုးရမှ ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း တရားဝင် ပြောကြားထားသဖြင့် အဆိုပါ ကိစ္စကို စာတန်းတွင် ထည့်သွင်းဆွေးနွေးပါသလားဟု နိရဉ္စရာက မေးမြန်းရာ ဦးတင်ဝင်းက ယခုလို ပြောသည်။

" ဆွေးနွေးပါတယ်။"

၎င်းပြင်သူက " နိုင်ငံတော် အစိုးရက ပြည်ထောင်စု လွှတ်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးတွေက ရခိုင်က ထွက်တဲ့ ရွှေသဘာဝ ဓါတ်ငွေ့နဲ့ ပတ်သက်ပြီး ပြောကြား ထားတဲ့ အပေါ်မှာ အထောက်အထားနဲ့ တကွ ခိုင်ခိုင်မာမာ ပြည်သူတွေသိအောင် စာတန်းမှာ တင်ပြထားပါတယ်" ဟု ပြောသည်။

စာတန်းထဲတွင် ရခိုင်ပြည်နယ်တွင် မီးပေးဝေသော စနစ်နှင့် ဗမာပြည်တွင် ပေးဝေနေသော စနစ်နှင့် မတူဘဲ အခြေခံ ယူနစ်ထက်ပိုပါက ရခိုင်ပြည်နယ်တွင် တယူနစ်ကို ကျပ် ၄၀၀ ထိပေးနေရသဖြင့် ပြည်သူများ ထိခိုက် နစ်နာမူများ ရှိနေသည့် အကြောင်းအရာများကို စာတန်းတွင် ဖေါ်ပြထားသည်ဟု သူက ပြောသည်။

အနာဂတ်တွင် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို စာတန်း ဖတ်ပွဲများ ပြုလုပ်ကာ အဖြေရှာသွားမည် ဖြစ်ကြောင်း သူက ပြောသည်။ ယခု စာတန်းဖတ်ပွဲမှာ ပထမဆုံး လျှပ်စစ်မီး ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများအား အသိပေးနိုင်ရေး အတွက် သက်သက်သာ ဖြစ်ကြောင်း သူက ဆိုသည်။

ယခု စာတန်းဖတ်ပွဲမှာ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး အကြောင်းနှင့် ပတ်သက်ပြီး ပြည်သူများ သိအောင် တင်ပြသော စာတန်းဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နောင်တွင် ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

စာတန်းဖတ်ပွဲတွင် ဦးတင်ဝင်း၏ စာတန်း တစ်စောင်ကိုသာ ဖတ်ကြားခဲ့ပြီး လူပေါင်း (၄၀) ခန့် တက်ရောက်နားထောင်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ စာတန်းဖတ်ပွဲကို စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟိုဌာနချုပ် ရုံးတွင် ပြုလုပ်ခဲ့သည်။


---------------------------
 နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။