သမိုင်းသုတေသီ ဆရာကြီး ထွန်းရွှေခိုင် ရခိုင်မြို့များတွင် သမိုင်းဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်

ရခိုင်သမိုင်းသုတေသီ၊ စစ်တွေ ကောလိပ် မော်ကွန်းထိန်း(ဟောင်း) ဆရာကြီး ဦးထွန်းရွှေခိုင်သည် ရခိုင်ပြည်နယ် မြို့နယ် အများအပြားသို့ ဆင်းပြီး ရခိုင်သမိုင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ဟောပြောပွဲများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်း ဟောပြောပွဲကို နိုဝင်္ဘာလ ၃ ရက်နေ့က ဧစေတီကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

" အခု ဆရာကြီး ရှင်းလင်းပြောကြားတာကတော့ ရခိုင်သမိုင်းကို သက်သက် ဟောပြောတာ ဖြစ်ပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်သူ့ကိုမှ ဆန့်ကျင် ပြီး ဟောပြောတာ မဟုတ်ဘူး။ ကိုယ့်သမိုင်းကို ကိုယ်ပြောတာပါ။ ရခိုင်သမိုင်းဟာ ဘယ်လို ရှည်လျားလွန်းပြီး ဘယ်လို ဖြတ်သန်း စီးဆင်း ခဲ့တယ်ဆိုတာကို လူငယ်တွေ သိအောင် ပြောပြတဲ့ ပွဲဖြစ်ပါတယ်" ဟု ပြောသည်။

ဟောပြောပွဲတွင် ဆရာကြီး ဦးထွန်းရွှေခိုင်နှင့် အတူ ရန်ကုန်မှ အတူလိုက်ပါလာသူ ရခိုင်သားကြီး ဦးလှမြင့်လည်း ရခိုင်သမိုင်းနှင့် ပတ်သက်ပြီး ဟောပြောခဲ့သည်ဟု သိရသည်။

" စစ်အစိုးရတုန်းက ခုလို ရခိုင်သမိုင်းတွေကို ပြောပြခွင့်တဲ့ မရခဲ့တော့ ဒီကနေ့ လူငယ်တွေဟာ ကိုယ့်သမိုင်းကို ကိုယ်မသိတော့ဘူး။ ကိုယ့်သမိုင်းကို ကိုယ်မသိရင် ကိုယ်ဘ၀ကို ကိုယ်မေ့နေတဲ့ သဘောမျိုးပေါ့။ ဒါကြောင့် ကိုယ့်သမိုင်းကို ကိုယ်သိအောင် ဆရာကြီးက ဟောပြောတာဖြစ်ပါတယ်။ ဦီးလှမြင့်လည်း ဟောပြောပါတယ်။ ဦးစံရွှေမောင်က အခမ်းအနားမှူး ပြုလုပ်ခဲ့ပါတယ်" ဟု ပြောသည်။

ဟောပြောပွဲ အခမ်းအနားကို ညနေ ၇ နာရီမှ စတင်ခဲ့ပြီး ညဥ့် ၁၁ နာရီတွင် ပြီးဆုံးခဲ့သည်။ လူပေါင်း ၄၀၀ ခန့်တက်ရောက်နားထောင်ခဲ့ကြသည်။

အလားတူ ဟောပြောပွဲ တရပ်ကိုလည်း မောင်တောမြို့ မြို့မကျောင်းတွင် နိုဝဘာလ ၃ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကာ ဆရာကြီး ဦးထွန်းရွှေခိုင်နှင့် ဦးလှမြင့်တို့က ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ လူပေါင်း ၅၀၀ ခန့် တက်ရောက် နားထောင်ခဲ့သည်။

ဆရာကြီးထွန်းရွှေခိုင်နှင့် အဖွဲ့သည် နိုဝင်္ဘာလ ၄ ရက်နေ့က ဘူးသီးတောင်မှ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာသို့ ထွက်ခွာသွားပြီး စေတီပြင်ကျေးရွာနှင့် ရသေ့တောင်တွင် ဆက်လက် ဟောပြောသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


 ...........
နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။