ကျောက်ဖြူမြို့နယ် နတ်ကျောက်အနီး landfall Area အတွင်း ပိုက်လိုင်းတပ်ဆင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်လျှက်ရှိ


w75_29
ကမ်းလွန်ပိုက်လိုင်းသွယ်တန်းရန် အကြိုအင်ဂျင်နီယာများပြုလုပ်နေပုံ
ကျောက်ဖြူမြို့မှ နှစ်မိုင်ခန့်အကွာ ကျောက်တလုံးဘုရား အောက်ဖက်ပင်လယ်ကမ်းခြေ နတ်ကျောက်အနီးတွင် ပိုက်လိုင်းများ စတင်သွယ်တန်းရန်အတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် (A-1)  နှင့်(A-3) တို့မှ သွယ်တန်းလာမည့် ပိုက်လိုင်းလမ်းကြောင်းနှင့် ကုန်းတွင်းပိုင်းပိုက်လိုင်းလမ်းကြောင်းတို့ ဆက်သွယ်မည့်နေရာဖြစ်ပြီး လက်ရှိတွင် ကမ်းဦးရေတိမ်ပိုင်း ရေလမ်းကြောင်း ရှင်းလင်းခြင်းလုပ်ငန်းများကို အိန္ဒိယကုမ္ပဏီ (DDIL Co.,ltd) မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေမှာ ကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်သွယ်တန်းရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ရေအောက်ပိုက်လိုင်းသွယ်တန်းမည့် လိုအပ်သောပစ္စည်းများ ရောက်ရှိနေပြီဖြစ်ပြီး ပိုက်လိုင်းတပ်ဆင်ရန် အထောက်အကူပြု Infrastructures များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တပ်ဆင်မည့်ပိုက်လိုင်းများ စတင်ရောက် ရှိနေပြီဖြစ်ပြီး အမှတ်(၁)ဆိပ်ကမ်းမှတစ်ဆင့် ကျောက်တလုံးဘုရားအနီး Pipe Yard နေရာသို့ ပိုက်လုံးတင် Transporter များဖြင့် ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည့် MGC Construction Co.,Ltd  ၊ ကိုရီးယားအခြေစိုက် Kunchong E & C Co.,Ltd ၊ V Pile Co.,Ltd၊ Soo-Pin Carane Service Co.,Ltd နှင့် Punj Lloyd PTE Co.,Ltd  ကုမ္ပဏီများမှာ ကမ်းလွန်ရေနက်ပိုင်းနှင့် ကုန်းတွင်းပိုင်း ပိုက်လိုင်းတပ်ဆင်မှုများကို မိမိတို့တာဝန်ယူထားသည့်လုပ်ငန်းအလိုက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။

ရေနက်ပိုင်း ကမ်းလွန်ပိုက်လိုင်းသွယ်တန်းမည့် အကွာအဝေးမှာ အဆိုပါ  landfall Area မှ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် (A-1)  နှင့် (A-3) အထိ (၁၈၀)ကီလိုမီတာခန့်ရှိပြီး ပိုက်လိုင်းသွယ်တန်းရာတွင် ရေနက်ပိုင်း ကြားခံ Digging & Installation Tower တစ်ခုစီကို ၁၀ ကီလိုမီတာအကွာတွင် ထားရှိကာ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းနီးစပ်သူတစ်ဦးထံမှ သိရသည်။အဆိုပါ landfall Area မှ မလကျွန်းကျေးရွာအနီး ရွှေသဘာဝဓာတ်ငွေ့သန့်စင်စက်ရုံ (OGT) အထိ ဆက်သွယ်မည့် ကုန်းတွင်းပိုင်း ပိုက်လိုင်းမှာ ၄.၈ ကီလိုမီတာ ရှိပြီး ယခုအခါစက်ယန္တရားကြီးဖြင့် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ရာ မကြာမှီ ပိုက်လိုင်းတပ်ဆင်မှုလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
...........
Sources: Eleven Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။