မအီ-လမူးလမ်းများပျက်စီးခြင်းကြောင့် ကုန်ကားများရပ်နားနေပုံ
မအီမြို့နယ်ခွဲအနီး လမ်းများပျက်စီနေပုံ
မအီမြို့နယ်ခွဲအနီး လမ်းများပျက်စီနေပုံ
''မအီ-လမူး လမ်းပိုင်းမှာ လမ်းပျက်တာ ၈-လပိုင်းလောက်က စပြီးအနည်းငယ်ပျက်နေတာပါ ၉-လပိုင်း လောက်မှာဆိုရင် ဗွက်အိုင်များဖြစ်လာပြီး ခရီးသည်ပို့ဆောင်ရေးမှာ လမ်းခရီးအဆင်မပြေမှုများနှင့် ရင်ဆိုင်နေရကြောင့် တံတားများကို ကျော်ဖြတ်သည့်အခါမှာလဲ ခရီးသည်များ ကားပေါ်မှဆင်းပြီး လမ်းလျောက်သွားရသည်'' ဟု ခရီးသည်တစ်ဦးက ပြောပါသည်။
''ကျောက်ဖြူမြို့မှ မိုင် (၈၀) အကွာ မအီမြို့နယ်ခွဲအနီး ပျက်စီနေသည့် မြေသားကားလမ်းများမှာ ၁၀-မိုင်ခန့် ရှိပြီး ဗွက်အိုင်များဖြစ်နေတဲ့အတွက် ကားများသွားလာတဲ့အခါ တချို့နေရာတွေမှာ ခရီးသည်များ ကားပေါ်မှဆင်းပြီး ကားကို စက်အားလူးအားဖြင့် တွန်းပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်၊ ချွန့်ဗွက်များတဲ့နေရာတွေဆိုရင် ခရီးသည်များဖြင့် တွန်းပေးရုံနဲ့ အဆင်မပြေတာကြောင့် လမ်းပြုပြင်နေသည့် စက်ကြီးဖြင့်ဆွဲယူရတယ်'' ဟု ခရီးသည်တစ်ဦးက ပြောပါသည်။
ကျောက်ဖြူမြို့မှ ရန်ကုန်သို့သွားသည့်ကားများမှာ မအီမြို့နယ်ခွဲမှ ရှေ့ဆက်မသွားနိုင်တဲ့အတွက် ကျောက်ဖြူသို့ ပြန်လှည့်လာရပြီး ခရီးသည်များကို ထမင်းကျွေးကာ ခရီးစရိတ်ငွေပြန်ပေးလိုက်ရကြောင်း ကားပိုင်ရှင်များမှ ပြောပါသည်။
......
ၽႊWeeklyeleven
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။