အိန္ဒိယမှ တည်ဆောက်နေသော ဆိပ်ကမ်းကြောင့် စစ်တွေ ပွိုင့်ကမ်းခြေ သဘာဝ အလှ ပျက်စီးနိုင်

ထွန်းထွန်း
-----------
စစ်တွေမြို့တွင် အိန္ဒိယကုမ္ပဏီ Essa မှ တာဝန်ယူ ဆောက်လုပ် နေသော ရေနက်ဆိပ် ကမ်းအတွက် လိုအပ်သော သဲများကို စစ်တွေ ပွိုင့်ကမ်းခြေမှ စည်းမဲ့ကမ်းမဲ့ တူးဖေါ် ယူဆောင်နေသဖြင့် ပွိုင့် ကမ်းခြေ၏ သဘ၀အလှမှာ ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။

စစ်တွေရေနက်ဆိပ်ကမ်းဆောက်လုပ်မှုကို အနီးကပ်လေ့လာနေသူ မြို့ခံတဦးက နိရဉ္စရာကို ပြောသည်။

Sand-festival-Arakan စစ်တွေ ပွိုင့် သဲသောင်ပြင်တွင် ပြုလုပ်သော သဲပုံစေတီပွဲကိုပါ ထိခိုက်နိုင်သည်။
" ဆိပ်ကမ်းကို တာဝန်ယူ ဆောက်လုပ်နေတဲ့ သူတွေက အရင်ကတော့ ကျားမသောက်နဲ့ အင်ဒိုင်ဘက်ကနေ သဲတွေကို သယ်ပီး ဆိပ်ကမ်းကို ဖို့တယ်။ အဲဒီက သဲကို သယ်ယူရတာက ကုန်ကျစရိတ်များတဲ့ အတွက် အခုတော့ အနီးအနားမှာရှိတဲ့ ပွိုင့်ကမ်းခြေက သဲကိုဘဲ အခု သယ်ယူပြီး ဖို့နေကြတယ်" ဟု ပြောသည်။

အဝေးမှ သဲများကို သယ်ယူရသည်မှာ တွက်ခြေမကိုက်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညှိနှိုင်းပြီး ယခုအခါ အနီးအနား ပွိုင့်ကမ်းခြေက သဲများကို ကားကြီးမျာဖြင့် သယ်ယူကာ ဆိပ်ကမ်းသစ်တွင် ဖို့နေကြခြင်း ဖြစ်သည်။

စစ်တွေပွိုင့်ကမ်းခြေ ပျက်စီးမည်ကို စိုးရိမ်သဖြင့် သဲများကို သက်ဆိုင်ရာက ယူဆောင်ခွင့် မပြုဘဲ တားမြစ် ထားကြောင်း သိရသည်။ သို့သော်လည်း ကုမ္ပဏီ တာဝန်ရှိသူများ၏ ချဉ်းကပ် ဆောင်ရွက်မူကြောင့် ရေကမ်းစပ် အနီးမှ သဲများကိုသာ ယူခွင့်ဆောင်ရန် တာဝန်ရှိသူများက ခွင့်ပြုခဲ့ကြောင်း သိရသည်။

"ခွင့်ပြုထားတာက တနေရာ၊ သယ်ယူအသုံးပြုနေတာက တနေရာပေါ့နော်။ စည်းမဲ့ကမ်းမဲ့ ရရာနေရာကနေ သယ်ယူနေကြပါတယ်။ ခုလိုမျိုးဆိုတော့ ပွိုင့်ကမ်းခြေရဲ့ သဲသောင် သဘာဝအလှတွေ မကြာခင် ပျက်စီး သွားမှာပါ" ဟု သူက ဆက်ပြောသည်။

ပွိုင့်ကမ်းခြေအလှ ပျက်စီးသွားမည်ကို မြို့ခံ လူထုက စိုးရိမ်နေသော်လည်း ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ရှိသူများက ပွိုင့်ကမ်းခြေမှ သဲများကို တူးယူကာ အကောင်ထည်ဖေါ် လုပ်ဆောင်နေသဖြင့် မြို့လူထုမှာ မကျေမနပ် ဖြစ်နေကြောင်း သူက ဆိုသည်။

"ပြောရမယ်ဆိုတော့ ခုသူတို့ လုပ်နေတာက ဘယ်သူသေသေ ငတေမာရင် ပီးရောဆိုတဲ့ သဘောမျိုး ပါဘဲ။ အကျိုးအမြတ် တခုကိုကြည့်ပြီး သူတို့ လုပ်ဆောင်နေတဲ့ အတွက် ကျွန်တော်တို့ မြို့ရဲ့ ပွိုင့်ကမ်းခြေ ပျက်စီးသွားနိုင်ပါတယ်" ဟု သူက ပြောသည်။

စစ်တွေ ပွိုင့်ကမ်းခြေမှာ လူအများအပန်းဖြေ အနားယူကြသော နာမည်ကျော် ကမ်းခြေတခု ဖြစ်ပြီး စစ်တွေမြို့ကို လာလည်သူတိုင်း ပွိုင့်ကမ်းခြေကိုသွားကာ အနားယူ အပန်းဖြေလေ့ရှိကြသည်။ 


http://www.narinjara.com/detailsbur.asp?id=3478
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။