၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ယခုနှစ်တွင် နေရာ အများအပြားတွင် ကျင်းပခဲ့ရာ ပြည်တွင်းတွင်သာမက ပြည်ပ နိုင်ငံများတွင်လည်း ကျင်းပခဲ့သည်။ ပြည်ပနိုင်ငံများတွင် ကျင်းပခဲ့သော သတင်းကို နိုင်ငံများ အလိုက် ဖေါ်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံ (Thailand)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရခိုင်အဖွဲ့အစည်းများမှ စုပေါင်းပြီး ၇၂ နှစ် မြောက် ဆရာတော် အသျှင် ဥတ္တမနေ့ကို စက်တင်္ဘာလ ၉ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အခမ်းအနားကို မဲဆောက်မြို့ ရိုဂျီယာ ဟိုတယ်တွင် ကျင်းပသည်။ အခမ်းအနားသို့ ရဟန်း တော်များ၊ ရခိုင် နိုင်ငံရေး- တော်လှန်ရေး သမားများ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများနှင့် မဟာမိတ်အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်း (၁၂၀)ခန့် တက်ရောက်ခဲ့သည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်ကို ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့တွင် ကျင်းပခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုထက်ခေါင်က ယခုကဲ့သို့ ပြောသည်။
" အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဆရာတော်၏ နိုင်ငံအတွက် စွန့် လွတ်စွန့်စား အနစ်နာခံခဲ့မှုတွေကို လက်ရှိ မျိုးဆက်သစ်လူငယ်တွေ သိရှိလာစေဖို့၊ နောက်တချက်က ဆရာတော် ၏ ကျေးဇူးတရာတွေကို သိတက်စွာနဲ့ အနာဂတ်မှာ ဆက်လက်ပြီး မျိုးဆက်သစ် လူငယ်တွေက ဆရာတော်၏ အကြောင်းတွေကို ကျယ်ကျယ်ပြန့် ပြန့်ဖေါ်ထုတ်ပြီး မျိုးချစ် စိတ်ဓါတ် ရှင်သန်လာစေဖို့နဲ့ အမျိုးသားရေး လုပ်ငန်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပူးပေါင်း ပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ကျင်းပခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။
စူလဌာနီခရိုင် ကော့စမွီမြို့၌ပြုလုပ်သော အခမ်းအနားကို ရခိုင်သမိုင်းနှင့် ရခိုင်စာပေဖြန့်ချီရေး အသင်းမှ ဦးဆောင်ကျင်းပခဲ့ပြီး စူလဌာနီခရိုင် ကော့တောကျွန်း အခြေစိုက် ရခိုင် လူငယ် စာဖတ် အသင်းမှ ကိုယ် စားလှယ်များ၊ စူလဌာနီ ခရိုင် ဒေါင်းစက်မြို့အခြေစိုက် လေးဝတီဇာတိမာန်အသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများက ဆရာတော်အသျှင်ဥတ္တမ၏ အတ္ထုပ္ပတ္တိနှင့် ရခိုင် အမျိုးသားများ စည်းလုံး ညီညွတ်ရေး ရှိရန် လိုအပ်သည့် အကြောင်းများကို အဓိကထား ဆွေးနွေး ဟောပြောခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် ရခိုင်လူမျိုးထဲ၌ ဆရာတော်ဥတ္တမကဲ့သို့ အမျိုးကောင်းသားများ အများကြီး လိုအပ်ကြောင်းနှင့် ဆရာတော် အသျှင်ဥတ္တမ ကဲ့သို့ မြင့်မြတ်သော စိတ်ဓါတ်ကိုမွေးမြူကာ ရခိုင် အမျိုးသားတို့ လွတ်မြောက်ရေး အတွက် မိမိတို့ တတ်နိုင်သည့် ဘက်က ၀ိုင်းဝန်း ပါဝင်ကြရမည် ဖြစ်ကြောင်းများကို ဆွေးနွေး သွားခဲ့ကြသည်ဟု အခမ်းအနား တက်ရောက်သူ တဦးက ပြောသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည့် ရခိုင်သမိုင်းနှင့် စာပေဖြန့်ချီရေး အသင်းကို ၂၀၀၉ နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား ၅၀ ခန့်ရှိကာ ဆရာတော် အသျှင်ဥတ္တမနေ့ကို ယခုနှစ် ဆိုလျှင် သုံးကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မလေးရှား (Malaysia)
စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သော မြန်မာ့ လွတ်လပ်ရေး၏ မီးရှုး တန်ဆောင် ဆရာတော် အသျှင် ဥတ္တမ ပျံလွန်တော်မူသည့် (၇၂) နှစ်မြောက်နေ့ အခမ်းအနားကို မလေးရှား နိုင်ငံရှိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) မလေးသျှား ဌာနခွဲ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (မလေးရှားဌာနခွဲ) နှင့် ရခိုင်ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ(မလေးရှား) တို့မှ ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို မလေးရှား နိုင်ငံ ပူချုန်းရှိ ရခိုင် ဒုက္ခသည်များ ပညာရေး စင်တာတွင် ကျုင်းပခဲ့သည်။ နေ့လည် (၁) နာရီမှ ညနေ (၅) နာရီ အထိ ပြုလုပ်ခဲ့သည်။ လူ စု စုပေါင်း (၁၀၀) နီးပါး တက်ရောက် ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။ ရခိုင် အောင်လံတော်နှင့် ရခိုင်ပြည် လွတ်မြောက်ရေး အတွက်အသက်ပေး လှူသွားခဲ့ကြသော ရခိုင့်် အာဇာနီ များအား တမိနစ်ခန့် ငြိမ်သက်စွာ အလေးပြကြသည်။
၎င်းနောက်ပိုင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(မလေးသျှား ဌာနခွဲ)မှ ဦးခိုင်ဟိန်း၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) မလေးသျှားဌာနခွဲမှ ဦးမင်းတေဇ၊ ရခိုင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မတီ (မလေးသျှား)မှ အထွေထွေ အတွင်းရေးမှူး ဦးစိုးသန်းတို့မှ အသျှင် ဥတ္တမနှင့် ပတ်သက်ပြီး အောက်မေ့ဖွယ် စကား များ ပြောကြားကြသည်။
ရခိုင်ဒုက္ခသည်များ ဆိုင်ရာပညာရေး စင်တာမှ ကျောင်းသား၊ ကျောင်းသူများမှလည်း အသျှင်ဥတ္တမ ဂုဏ်ပြု ကဗျာများ ရွတ်ဆိုကြသည်။ တက်ရောက် လာသော ရခိုင် ပရိသတ်များမှလည်း အသျှင် ဥတ္တမ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
မလေးရှားရှိ ရခိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်သော (၇၂)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ထုတ်ပြန်ချက်ကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ)မလေးသျှားဌာနခွဲမS ဦးမျိုးခိုင်မှ ဖတ်ကြားခဲ့သည်။
ညနေ (၅)နာရီတွင် “ဖက်ဆစ် ရန်သူကျဆုံးရေး (ငါရို့  အရေး)၂၊ ရခိုင် လွတ်လပ်ရေး ရဟိန့်ရေး (ငါရို့ အရေး)၊ လူမျိုးကြီးဝါဒ (အလိုမဟိန့်)၂စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
ဘင်္ဂလားဒေ့ခ်ျ (Bangladesh)
စက်တင်ဘာ ၉ ရက်နေ့တွင်ကျရောက်သော ၇၂ နှစ်မြောက် ဆရာတော် အသျှင် ဦးဥတ္တမနေ့ အခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ် နွားရုပ်တောင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ရခိုင် အမျိုးသမီး အစည်းအရုံးမှ နွာရုံတောင် ကျေးရွာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားကို နမောတသ သုံးကြိမ်ရွှတ်ဆို စတင်ဖွင့်လှစ်ပြီးနောက် ဆရာတော်အား ဂုဏ်ပြု တေးများ သီဆို ဂုဏ်ပြကြပြီး ဆီးမီးများလည်း ပူဇော်ခဲ့သည်။ အခမ်းအနားတွင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ရခိုင်အမျိုး သမီး အစည်းအရုံး ဖလောင်းချိတ် ဥက္ကဌ ဒေါ်စောမပုစိန်မှ အဖွင့်အမှာ စကား ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဆရာတော်စန္ဒ၀ရက ထမ်းဆောင်ပြီး အခမ်း အနားမှူး အဖြစ် မစောအသိန်းနှင့် ဆန်းညွန့်လွင်တို့က ဆောင်ရွက်သည်။
အခမ်းနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက နိရဉ္စရာ သို့ ယခု လိုပြောသည်။
"ဒီအခမ်းအနားကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာတော်ရဲ့ သတ္တိ၊ ဗျတ္တိတွေနဲ့ ၀ိရိယတွေကို နောင် လာနောင်သား ရခိုင်သားတွေဟာ ဆရာတော်ရဲ့ ကျယ်ပြန့်သော မျိုးချစ်စိတ်ဓာတ်၊ ၀ံသာနု ရက္ခိတ စိတ်ဓာတ်ကို ရခိုင်သားတွေအားလုံး အတုယူစေချင်ပါတယ်။ အဲဒီအတွက်တာကြောင့် ဒီအခမ်းအနားကို အကျွန့်အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်" ဟုပြောသည်။
၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန် တော်မူခဲ့သည့် ဆရာတော် ဦးဥတ္တမ ဘ၀ပုံရိပ်လွှာများကို တက်ရောက်သူများက ဟောပြော သည်။ အခမ်းအနားတွင် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများ ပါဝင်ပြီး ယဉ်ပြိုင် သူများအား ဆုအသီးသီး ချီမြှင့်ကာ မုန့်ပဲ သရေစာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။
အခမ်းအနားသို့ လူပေါင်း ၄၀ ခန့်တက်ရောက်ပြီး မွန်းလွဲ ၁ နာရီခွဲမှစတင်ခဲ့သော အခမ်းအနားမှာ ညနေ ၅ နာရီခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။
ဂျပန် (Japan)
(၇၂)နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် စက်တင်္ဘာလ ၉ ရက်နေ့က ကျင်းပသည်။
ညနေ(၅)နာရီခွဲမှ (၉)နာရီခွဲထိ Ikebukuro Kumi Center 4F တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ-ဂျပန်)မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင် နှင့် ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင် တို့မှ ဆောင်ရွက်သည်။ အခမ်းအနားမှူး အဖြစ် အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ကိုမောင်မောင်မျိုးလှိုင်မှ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်ဦးဥတ္တမအား မိမိတို့ကိုးကွယ်ရာဘာသာ အလိုက် (၁) မိနစ် ခန့်ငြိမ်သက် ဆုတောင်း မေတ္တာပို့ကာ ဖွင်လှစ်ခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များက လွမ်းသူ ပန်းခွေချခဲ့သည်။
ထို့နောက်သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်က အခမ်း အနား အဖွင့်အမှာစာ ကားပြောကြားခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) နာယက ဦးဇော်မင်းခိုင်မှ ဆရာတော်၏နိုင်ငံရေးအမြင် ကြီးမားပုံကို ဂုဏ်ပြု ပြောကြားခဲ့သည်။ ကိုမင်းထက် ဇော်မှ ဆရာတော်သည် ကိုလိုခေတ်တွင် သာမန်ပုလိပ်များကိုပင် မြန်မာများက ဆရာလို့ ခေါ်ဆို နေရစဉ်မှာ အင်္ဂလိပ် ဘုရင်ခံ ဂရက်ဒေါက်ကို ဂရက်ဒေါက် မင်းမြန်မာနိုင်ငံမှ ထွက်သွားဟု စာရေး သားကာ ပေးပို့ လိုက်ခြင်းသည် မီးခဲပြာဖုံးဖြစ်နေသော မြန်မာလူမျိုးတို့၏ အမျိုးသားရေး စိတ်ဓါတ်ကို ထွန်းလင်းစေခဲ့သည်။ အန္ဒိယနိုင်ငံ ထက် နိုင်ငံရေး နိုးကြားမှုနှစ်များစွာ နောက်ကျနေသော မြန်မာ နိုင်ငံသည် လွတ်လတ်ရေးရသောအခါ အန္ဒိယထက် (၁)နှစ်ခန့်သာနောက်ကျပြီး လွတ်လပ် ရေး ရရှိခြင်းမှာ ဆရာတော်ဦးဥတ္တမ၏ အမျိုးသားရေးဦးဆောင်လုပ်ရှားမှုအ တွက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ မိမိကိုယ်တိုင် ဆရာတော်အား ရေးသားဂုဏ်ပြုထားသော အာရှနေဝန်းကဗျာကို ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထိုနောက်ဂျပန်သတင်းစာဆရာကြီး Mr. Tanabe (ခ) ဆရာဦးရွှေဘ၊ မြန်မာအရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့(Burma Partner Ship)တာဝန်ခံ ဒေါ်ခင်ဥမ္မာနှင့် ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီအရေးလုပ်ရှားနေ သော အဖွဲ့အစည်းအသီးသီးမှတာဝန်ခံများက ဆရာတော်၏ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပုံများ ကို ဂုဏ်ပြုပြောကြားကာ အခမ်းအနားကို ညနေ(၉)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။ အခန်းအနားသို့ လူ(၈၀) ကျော်ခန့် တက်ရောက်ခဲ့သည်။
http://www.narinjara.com/detailsbur.asp?id=3470
ထိုင်းနိုင်ငံ (Thailand)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရခိုင်အဖွဲ့အစည်းများမှ စုပေါင်းပြီး ၇၂ နှစ် မြောက် ဆရာတော် အသျှင် ဥတ္တမနေ့ကို စက်တင်္ဘာလ ၉ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်ကို ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့တွင် ကျင်းပခဲ့ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုထက်ခေါင်က ယခုကဲ့သို့ ပြောသည်။
" အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဆရာတော်၏ နိုင်ငံအတွက် စွန့် လွတ်စွန့်စား အနစ်နာခံခဲ့မှုတွေကို လက်ရှိ မျိုးဆက်သစ်လူငယ်တွေ သိရှိလာစေဖို့၊ နောက်တချက်က ဆရာတော် ၏ ကျေးဇူးတရာတွေကို သိတက်စွာနဲ့ အနာဂတ်မှာ ဆက်လက်ပြီး မျိုးဆက်သစ် လူငယ်တွေက ဆရာတော်၏ အကြောင်းတွေကို ကျယ်ကျယ်ပြန့် ပြန့်ဖေါ်ထုတ်ပြီး မျိုးချစ် စိတ်ဓါတ် ရှင်သန်လာစေဖို့နဲ့ အမျိုးသားရေး လုပ်ငန်းတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပူးပေါင်း ပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ကျင်းပခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။
စူလဌာနီခရိုင် ကော့စမွီမြို့၌ပြုလုပ်သော အခမ်းအနားကို ရခိုင်သမိုင်းနှင့် ရခိုင်စာပေဖြန့်ချီရေး အသင်းမှ ဦးဆောင်ကျင်းပခဲ့ပြီး စူလဌာနီခရိုင် ကော့တောကျွန်း အခြေစိုက် ရခိုင် လူငယ် စာဖတ် အသင်းမှ ကိုယ် စားလှယ်များ၊ စူလဌာနီ ခရိုင် ဒေါင်းစက်မြို့အခြေစိုက် လေးဝတီဇာတိမာန်အသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများက ဆရာတော်အသျှင်ဥတ္တမ၏ အတ္ထုပ္ပတ္တိနှင့် ရခိုင် အမျိုးသားများ စည်းလုံး ညီညွတ်ရေး ရှိရန် လိုအပ်သည့် အကြောင်းများကို အဓိကထား ဆွေးနွေး ဟောပြောခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် ရခိုင်လူမျိုးထဲ၌ ဆရာတော်ဥတ္တမကဲ့သို့ အမျိုးကောင်းသားများ အများကြီး လိုအပ်ကြောင်းနှင့် ဆရာတော် အသျှင်ဥတ္တမ ကဲ့သို့ မြင့်မြတ်သော စိတ်ဓါတ်ကိုမွေးမြူကာ ရခိုင် အမျိုးသားတို့ လွတ်မြောက်ရေး အတွက် မိမိတို့ တတ်နိုင်သည့် ဘက်က ၀ိုင်းဝန်း ပါဝင်ကြရမည် ဖြစ်ကြောင်းများကို ဆွေးနွေး သွားခဲ့ကြသည်ဟု အခမ်းအနား တက်ရောက်သူ တဦးက ပြောသည်။
ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည့် ရခိုင်သမိုင်းနှင့် စာပေဖြန့်ချီရေး အသင်းကို ၂၀၀၉ နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား ၅၀ ခန့်ရှိကာ ဆရာတော် အသျှင်ဥတ္တမနေ့ကို ယခုနှစ် ဆိုလျှင် သုံးကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မလေးရှား (Malaysia)
စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သော မြန်မာ့ လွတ်လပ်ရေး၏ မီးရှုး တန်ဆောင် ဆရာတော် အသျှင် ဥတ္တမ ပျံလွန်တော်မူသည့် (၇၂) နှစ်မြောက်နေ့ အခမ်းအနားကို မလေးရှား နိုင်ငံရှိ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) မလေးသျှား ဌာနခွဲ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (မလေးရှားဌာနခွဲ) နှင့် ရခိုင်ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ(မလေးရှား) တို့မှ ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့သည်။ ရခိုင် အောင်လံတော်နှင့် ရခိုင်ပြည် လွတ်မြောက်ရေး အတွက်အသက်ပေး လှူသွားခဲ့ကြသော ရခိုင့်် အာဇာနီ များအား တမိနစ်ခန့် ငြိမ်သက်စွာ အလေးပြကြသည်။
၎င်းနောက်ပိုင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(မလေးသျှား ဌာနခွဲ)မှ ဦးခိုင်ဟိန်း၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) မလေးသျှားဌာနခွဲမှ ဦးမင်းတေဇ၊ ရခိုင် ဒုက္ခသည်များ ကူညီ ထောက်ပံ့ရေး ကော်မတီ (မလေးသျှား)မှ အထွေထွေ အတွင်းရေးမှူး ဦးစိုးသန်းတို့မှ အသျှင် ဥတ္တမနှင့် ပတ်သက်ပြီး အောက်မေ့ဖွယ် စကား များ ပြောကြားကြသည်။
ရခိုင်ဒုက္ခသည်များ ဆိုင်ရာပညာရေး စင်တာမှ ကျောင်းသား၊ ကျောင်းသူများမှလည်း အသျှင်ဥတ္တမ ဂုဏ်ပြု ကဗျာများ ရွတ်ဆိုကြသည်။ တက်ရောက် လာသော ရခိုင် ပရိသတ်များမှလည်း အသျှင် ဥတ္တမ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
မလေးရှားရှိ ရခိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်သော (၇၂)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ ထုတ်ပြန်ချက်ကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ)မလေးသျှားဌာနခွဲမS ဦးမျိုးခိုင်မှ ဖတ်ကြားခဲ့သည်။
ညနေ (၅)နာရီတွင် “ဖက်ဆစ် ရန်သူကျဆုံးရေး (ငါရို့  အရေး)၂၊ ရခိုင် လွတ်လပ်ရေး ရဟိန့်ရေး (ငါရို့ အရေး)၊ လူမျိုးကြီးဝါဒ (အလိုမဟိန့်)၂စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
ဘင်္ဂလားဒေ့ခ်ျ (Bangladesh)
စက်တင်ဘာ ၉ ရက်နေ့တွင်ကျရောက်သော ၇၂ နှစ်မြောက် ဆရာတော် အသျှင် ဦးဥတ္တမနေ့ အခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ် နွားရုပ်တောင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဆရာတော်စန္ဒ၀ရက ထမ်းဆောင်ပြီး အခမ်း အနားမှူး အဖြစ် မစောအသိန်းနှင့် ဆန်းညွန့်လွင်တို့က ဆောင်ရွက်သည်။
အခမ်းနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက နိရဉ္စရာ သို့ ယခု လိုပြောသည်။
"ဒီအခမ်းအနားကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာတော်ရဲ့ သတ္တိ၊ ဗျတ္တိတွေနဲ့ ၀ိရိယတွေကို နောင် လာနောင်သား ရခိုင်သားတွေဟာ ဆရာတော်ရဲ့ ကျယ်ပြန့်သော မျိုးချစ်စိတ်ဓာတ်၊ ၀ံသာနု ရက္ခိတ စိတ်ဓာတ်ကို ရခိုင်သားတွေအားလုံး အတုယူစေချင်ပါတယ်။ အဲဒီအတွက်တာကြောင့် ဒီအခမ်းအနားကို အကျွန့်အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်" ဟုပြောသည်။
၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန် တော်မူခဲ့သည့် ဆရာတော် ဦးဥတ္တမ ဘ၀ပုံရိပ်လွှာများကို တက်ရောက်သူများက ဟောပြော သည်။ အခမ်းအနားတွင် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများ ပါဝင်ပြီး ယဉ်ပြိုင် သူများအား ဆုအသီးသီး ချီမြှင့်ကာ မုန့်ပဲ သရေစာဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။
အခမ်းအနားသို့ လူပေါင်း ၄၀ ခန့်တက်ရောက်ပြီး မွန်းလွဲ ၁ နာရီခွဲမှစတင်ခဲ့သော အခမ်းအနားမှာ ညနေ ၅ နာရီခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့သည်။
ဂျပန် (Japan)
(၇၂)နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် စက်တင်္ဘာလ ၉ ရက်နေ့က ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင် နှင့် ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင် တို့မှ ဆောင်ရွက်သည်။ အခမ်းအနားမှူး အဖြစ် အထွေထွေအတွင်းရေးမှူး ကိုကျော်သန်းလှိုင်နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ကိုမောင်မောင်မျိုးလှိုင်မှ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်ဦးဥတ္တမအား မိမိတို့ကိုးကွယ်ရာဘာသာ အလိုက် (၁) မိနစ် ခန့်ငြိမ်သက် ဆုတောင်း မေတ္တာပို့ကာ ဖွင်လှစ်ခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) အဖွဲ့ဝင်များက လွမ်းသူ ပန်းခွေချခဲ့သည်။
ထို့နောက်သဘာပတိ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဥက္ကဌ ဦးလှအေးမောင်က အခမ်း အနား အဖွင့်အမှာစာ ကားပြောကြားခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) နာယက ဦးဇော်မင်းခိုင်မှ ဆရာတော်၏နိုင်ငံရေးအမြင် ကြီးမားပုံကို ဂုဏ်ပြု ပြောကြားခဲ့သည်။ ကိုမင်းထက် ဇော်မှ ဆရာတော်သည် ကိုလိုခေတ်တွင် သာမန်ပုလိပ်များကိုပင် မြန်မာများက ဆရာလို့ ခေါ်ဆို နေရစဉ်မှာ အင်္ဂလိပ် ဘုရင်ခံ ဂရက်ဒေါက်ကို ဂရက်ဒေါက် မင်းမြန်မာနိုင်ငံမှ ထွက်သွားဟု စာရေး သားကာ ပေးပို့ လိုက်ခြင်းသည် မီးခဲပြာဖုံးဖြစ်နေသော မြန်မာလူမျိုးတို့၏ အမျိုးသားရေး စိတ်ဓါတ်ကို ထွန်းလင်းစေခဲ့သည်။ အန္ဒိယနိုင်ငံ ထက် နိုင်ငံရေး နိုးကြားမှုနှစ်များစွာ နောက်ကျနေသော မြန်မာ နိုင်ငံသည် လွတ်လတ်ရေးရသောအခါ အန္ဒိယထက် (၁)နှစ်ခန့်သာနောက်ကျပြီး လွတ်လပ် ရေး ရရှိခြင်းမှာ ဆရာတော်ဦးဥတ္တမ၏ အမျိုးသားရေးဦးဆောင်လုပ်ရှားမှုအ တွက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) ဒုဥက္ကဌ(၁) ဦးပေါ်ထွန်းအောင်မှ မိမိကိုယ်တိုင် ဆရာတော်အား ရေးသားဂုဏ်ပြုထားသော အာရှနေဝန်းကဗျာကို ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထိုနောက်ဂျပန်သတင်းစာဆရာကြီး Mr. Tanabe (ခ) ဆရာဦးရွှေဘ၊ မြန်မာအရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့(Burma Partner Ship)တာဝန်ခံ ဒေါ်ခင်ဥမ္မာနှင့် ဂျပန်နိုင်ငံတွင် မြန်မာ့ ဒီမိုကရေစီအရေးလုပ်ရှားနေ သော အဖွဲ့အစည်းအသီးသီးမှတာဝန်ခံများက ဆရာတော်၏ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပုံများ ကို ဂုဏ်ပြုပြောကြားကာ အခမ်းအနားကို ညနေ(၉)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။ အခန်းအနားသို့ လူ(၈၀) ကျော်ခန့် တက်ရောက်ခဲ့သည်။
http://www.narinjara.com/detailsbur.asp?id=3470
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။