ထွန်းထွန်း
-----------
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် UNDP တွင် ၀င်ရောက် လုပ်ကိုင်နေကြသော လုပ်သက်နု ၀န်ထမ်းများ အလုပ်မှ ဖယ်ရှားခံရမည်ဆို၍ စိုးရိမ်နေကြသည်ဟု သိရသည်။
ဘူးသီးတောင်မြို့မှ အန်ဂျီအို ရုံးတစ်ခု ( ဓါတ်ပုံ- နိရဉ္စရာ) ယခု လ ၉ ရက်နေ့က ရန်ကုန် UNDP ရုံးချုပ်က ရောက်ရှိလာသောစာတွင် လာမည့် ၂၀၁၂ ဘက်ဂျက် နည်းလာနိုင်သဖြင့် လုပ်သက် တနှစ်နှင့် တနှစ်အောက် ၀န်ထမ်းများကို အလုပ်မှ ဖယ်ရှားမည်ဟု ပါရှိကြောင်း သိရသည်။
" အဲဒီ ရုံးချုပ်ကလာတဲ့ စာမှာ လုပ်သက်တစ်နှစ်နဲ့ တစ်နှစ်အောက်ဝန်ထမ်းတွေကို အလုပ်မှ ဖယ်ရှားမယ်ဆိုပြီး ပါလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အလုပ်ပြုတ်မှာကို စိုးရမ်နေကြပါတယ်" ဟု လုပ်သက်နု ၀န်ထမ်း တစ်ဦးက ပြောသည်။
UNDP တွင် သာမန် ၀န်ထမ်း တစ်ဦး၏ လစာမှာ ဒေါ်လာ ၁၃၀ ကနေ ၁၅၀ အထိ ရရှိကြောင်း သိရသည်။
မြန်မာကျပ်ငွေနှင့် ဆိုလျှင် လစာ တသိန်းနီးပါး ရရှိသဖြင့် ၀န်ထမ်းများမှာ အလုပ်မှ ဖြုတ်ခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် တစ်ခုတည်းတွင် လုပ်သက်နု ၀န်ထမ်း ၂၀ ကျော် ၃၀ နီးပါးခန့်ရှိသဖြင့် အလုပ်ပြုတ်ပါက မိသားစု စားဝတ်နေရေး အတွက် အခက်ခဲဖြစ်နိုင်သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းမှ ပြောဆိုသွားသည်။
http://www.narinjara.com/detailsbur.asp?id=3481
-----------
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် UNDP တွင် ၀င်ရောက် လုပ်ကိုင်နေကြသော လုပ်သက်နု ၀န်ထမ်းများ အလုပ်မှ ဖယ်ရှားခံရမည်ဆို၍ စိုးရိမ်နေကြသည်ဟု သိရသည်။
" အဲဒီ ရုံးချုပ်ကလာတဲ့ စာမှာ လုပ်သက်တစ်နှစ်နဲ့ တစ်နှစ်အောက်ဝန်ထမ်းတွေကို အလုပ်မှ ဖယ်ရှားမယ်ဆိုပြီး ပါလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အလုပ်ပြုတ်မှာကို စိုးရမ်နေကြပါတယ်" ဟု လုပ်သက်နု ၀န်ထမ်း တစ်ဦးက ပြောသည်။
UNDP တွင် သာမန် ၀န်ထမ်း တစ်ဦး၏ လစာမှာ ဒေါ်လာ ၁၃၀ ကနေ ၁၅၀ အထိ ရရှိကြောင်း သိရသည်။
မြန်မာကျပ်ငွေနှင့် ဆိုလျှင် လစာ တသိန်းနီးပါး ရရှိသဖြင့် ၀န်ထမ်းများမှာ အလုပ်မှ ဖြုတ်ခံရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် တစ်ခုတည်းတွင် လုပ်သက်နု ၀န်ထမ်း ၂၀ ကျော် ၃၀ နီးပါးခန့်ရှိသဖြင့် အလုပ်ပြုတ်ပါက မိသားစု စားဝတ်နေရေး အတွက် အခက်ခဲဖြစ်နိုင်သဖြင့် စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း အဆိုပါ ၀န်ထမ်းမှ ပြောဆိုသွားသည်။
http://www.narinjara.com/detailsbur.asp?id=3481
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။