ARAKAN ကို လိမ်လည်သုံးစွဲနေသူ တစ်စုအား ကန့်ကွက်ခြင်း အခမ်းအနား အမေရိကတွင် ဆက်လက် ကျင်းပ

စံလင်း
--------
ARAKAN ဟူသော ရခိုင်လူမျိုးနှင့် ရခိုင်သမိုင်းကို လိမ်လည်သုံးစွဲနေသော ဘင်္ဂါလီလူမျိုး တစ်စုအား ကန့်ကွက်ခြင်း အခမ်းအနားကို နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (WAO)က ဦးဆောင်ပြီး နယူယောက် မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဓိက ကန့်ကွက်ရခြင်း အကြောင်းကို ဆရာကြီး ဒေါက်တာအေးကျော်က ယခုလို ပြောသည်။


Rakhine state flag
"အဓိက ရခိုင်လူမျိုးတို့ရဲ့ တိုင်ပြည်နှင့် လူမျိုးကို ခေါ်ဆိုတဲ့ ARAKAN ဟူသော ဝေါဟာရကို တရားမ၀င် လိမ်လည် လုယူသုံးစွဲနေတဲ့ ဘင်္ဂါလီ မူဆင်လင် အချို့လုပ်ရပ်ကို ရန်တန့်ရန် အတွက် လုပ်ဆောင်ရခြင်း ဖြစ်တယ်။ တကမ္ဘာလုံးက ဒီလူတွေဟာ လူလိမ်တွေပါဆိုတာကို သိသွားစေရမယ်။ တကယ်တမ်းလည်း သူတို့က လိမ်လည်နေသူတွေသာ ဖြစ်တယ်။ သူတို့ရပ် ရပ်တန့်အောင် မဆုပ်မနစ် လုပ်စရာရှိတာတွေ ဆက်လုပ် သွားမယ်။"

ဆရာကြီးအနေဖြင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ဆီကို စားရေး ထားကြောင်းနှင့် သူမ ကုလသမဂ္ဂသို့ လာရောက်ပါက ဆန္ဒပြရန်အစီစဉ်ရှိကြောင်းလည်း သူက ပြောသည်။

"အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဆီကို ဆရာကြီးက စာရေးတယ်။ ဆရာကြီးက အမေရိကန်လည်းဖြစ်တယ်။ ပရိုဖက်ဆာလည်းဖြစ်တယ်။ ဆရာကြီးကို စာနဲ့ပေနဲ့တော့ သူက မပြန်။ သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးက ဖုန်းဆက်ပြီးတော့ စာလက်ခံရရှိကြောင်းနဲ့ နောက်ထပ်ဘယ်လို တိုးတက်မှုတွေဖြစ်လာမယ် ဆိုတာကို စောင့်ကြည့်နေကြောင်း ပြောတယ်။ နောက်တခု အစီစဉ်ရှိတာက ကုလသမဂ္ဂသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာတဲ့ အခါမှာ ဆရာကြီးတို့က ဟီလာရီကလင်တန်ကို ဝပ်ဆိုက်တွေမှာ ရိုဟင်ဂျာလို့ တွေ့တာတွေဟာ လုံးဝ မှားယွင်းကြောင်းကို ဆန္ဒပြရန်လည်း အစီစဉ် ရှိပါတယ်။ အခုကိစ္စကို ကျယ်ပြန့် နိုင်သလောက် ကျယ်ပြန့်အောင်လုပ်ရဖို့ ရပ်တန့်ထားလို့တော့ မရ။ ဒီကိစ္စဟာ အရေးကြီးတဲ့ အမျိုးသားရေး ကိစ္စဖြစ်တယ်" ဟု ဆရာကြီး ဒေါက်တာ အေးကျော်က ဆက်လက် ပြောကြား သည်။

အခမ်းနားကို စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဒေါက်တာအေးကျော်၏ သုခဝတီဂေဟာ နေအိမ်တွင် ကျင်းပခဲ့သည်။ အခမ်းနားတွင် သမိုင်းပညာရှင် ဒေါက်တာအေးကျော်က ရခိုင်ဆိုတာ ရက္ခိတမှ ဆင်းသက်လာတဲ့အကြောင်း၊ ရခိုင်ဘုရင်များ ကုလားဘွဲ့ခံယူခြင်းဟာ လက်အောက်ခံ ပြည်သူတွေ ထဲမှာ မူဆလင် ဘာသာဝင်တွေ ပါနေတဲ့အတွက်ကြောင်း သူတို့ နားလည်အောင် သူတို့ရဲ့ အရှင်သခင်ဆိုတာကို သိအောင် ဆိုတဲ့ သဘောနဲ့ ကုလားဘွဲ့ကို ခံယူတာဖြစ်ကြောင်း နှင့် ဒေါက်တာ အေးချမ်းက လူ့အခွင့်ရေးအရေခြုံ ရိုဟင်ဂျာ အမည်ခံ သမိုင်းလိမ် ဘင်္ဂလီလူမျိုး အကြောင်းတို့ကို ဟောပြော သွားခဲ့ကြောင်း သိရသည်။

အခမ်းနားသို့ လူပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ပြီး ထိုအထဲတွင် ဗမာလူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ အခမ်းနားကို စက်တင်္ဘာ ၁၁ တိုက်ခိုက်ခံရမူ ၀မ်းနည် အောက်မိဖွယ် အခမ်းအနားနှင့် ရန်ကုန်မြို့မှ ရခိုင်သားများက စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်သော ကန့်ကွက်ပွဲ အခမ်းနားကို ထောက်ခံသောအားဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အခြားနိုင်ငံများတွင် လည်း ကန့်ကွက်ပွဲများ ပြုလုပ်လာနိုင်ကြောင်း သိရသည်။

"ရန်ကုန်က လူတွေက ကန့်ကွက်လို့ ဆရာကြီးတို့က သူတို့လုပ်တာကို ထောက်ခံတဲ့ အနေနဲ့ နယူးယောက်မှာ ကျင်းပရခြင်းဖြစ်တယ်။ အခြားနိုင်ငံတွေမှာလည်း ကျင်းပလိမ့်မယ်လို့ မျော်မှန်း ပါတယ်။ တယောက်နဲ့ တယောက် လက်တွဲပြီး လုပ်သွားတဲ့ သဘော။ ရန်ကုန်မှာ ရခိုင်သားတွေ လိုအပ်တဲ့ကိစ္စတွေကို ဆရာကြီးတို့ အပြင်မှာ လုပ်နေတာ။ အခြားတိုင်းရင်းသားတွေ အားလုံး ပါအောင်လည်း ဆရာကြီးတို့ လုပ်နေတယ်။ ပုဂ္ဂိုလ်ရေး ကိစ္စ၊ ပါတီဂိုဏ်းဂဏ ကိစ္စတွေကို ခေါက်ထားပါ။ အမျိုးသားရေး ကိစ္စမှာ အားလုံး လက်တွဲပြီး ဝိုင်းဝန်းလုပ်ဆောင်ကြပါ။ အဲဒါကြောင်း အခု နယူးယောက်မှာ လုပ်တာဟာ အဲဒီပေါ်လစီကြောင်း အားလုံး စုရုံးကြတယ်။ ဗမာပြည်က အခုရခိုင်သားတွေလိုအပ်တာကို ဒီက ရခိုင်သားတွေက အတတ်နိုင်ဆုံး လုပ်ပေး သွားမှာပါ။ အခု ရခိုင်လူငယ်တွေဟာ အရင်ခါထက် ပိုပြီးစည်းလုံးလာတယ်။ အမေရိကန်မှာ ရောက်နေတဲ့ ရခိုင်သားတွေလည်း စည်းရုံးရတာ ကောင်းတယ်။ သဘောပေါက်တယ်၊ နားလည်တယ်။ အားလုံး စုပေါင်း လုပ်ဆောင်ကြတယ်" ဟု ဆရာကြီးက ဆက်လက်ပြောကြားသည်။

အခုလို ကန့်ကွက်သည့် အခမ်းနားကို စက်တင်ဘာလ ၂ ရက်နေ့ကလည်း ရန်ကုန်မြို့တွင် ရခိုင်ခေါင်းဆောင် ပညာရှင်များ ဦးဆောင်ပြီး ကန့်ကွက်ပွဲ ကျင်းပခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဒုတိယ အကြိမ် ကျင်းပမှာ ဖြစ်ကြောင်း သိရသည်။ 


http://www.narinjara.com/detailsbur.asp?id=3472
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။