မြောက်ဦး ရထားလမ်းကြောင်း ရွှေ့ဖေါက်ခဲ့ရမူ အပေါ် သမ္မတ ဦးသိန်းစိန် မကျေနပ်

ယမန်နေ့က မြောက်ဦးကို ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်သည် မြောက်ဦးမြို့တွင် မြို့သူ မြို့သားများ ကန့်ကွက်ခဲ့သဖြင့် ရထားလမ်းကြောင်း ပြောင်းရွှေ့ ဖေါက်လုပ်ခဲ့ရမူ အပေါ် မကျေမနပ် ပြောဆိုသွားကြောင်း သတင်း ရရှိသည်။

" သမ္မတ ဦးသိန်းစိန်က မနေ့က ကျွန်တော်တို့ လွှတ်တော် အမတ် ၂ ဦးနဲ့ တွေ့ပါတယ်။ တွေ့တဲ့ အခါ မြောက်ဦး ရထားလမ်းကိစ္စကို ပြောပါတယ်။ ခုလို ရထားလမ်း လမ်းကြောင်း ပြောင်းဖေါက်လုပ် ရတဲ့ အတွက် နိုင်ငံတော်က နစ်နာမူတွေ ရှိခဲ့တယ်။ အများပြည်သူ ကောင်းကျိုးအတွက် လုပ်တာမှာ ခုလို အနှောင့်အယှက် လုပ်တာ မကောင်းဘူးလို့ ပြောသွားခဲ့ပါတယ်" ဟု သမ္မတကြီးနှင့် တွေ့ဆုံခဲ့သူ ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ထွန်းသာက ပြောသည်။


Mrauk-U-Damages ရထားလမ်းကြောင့် ပျက်စီးခဲ့ရသော မြောက်ဦး ရှေးဟောင်း သဇင်တံ ဘုရား (ဓါတ်ပုံ - နိရဉ္စရာ)
သမ္မတ ဦးသိန်းစိန်သည် ယမန်နေ့က မြောက်ဦးကို ရောက်စဉ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွန်းသာနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်တို့နှင့် သီးသန့်တွေ့ဆုံစဉ် မြောက်ဦး ရထားလမ်းကိစ္စကို မကျေမချမ်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

" မလိုလားအပ်ဘဲ သတင်းတွေ ထုတ်ပီး အကျယ်တ၀င့် လုပ်တာ မကောင်းဘူးလို့ ပြောပါတယ်။ ဘယ်ကိစ္စကို မဆို နိုင်ငံတော် အစိုးရနဲ့ ဆက်ဆံပြီး တင်ပြ ပြောဆိုဖို့ ပြောဆိုသွားခဲ့ပါတယ်။ ရထားလမ်း ကိစ္စမှာ သတင်းတွေ ဟိုလေး တကျော်ဖြစ်သွားတဲ့ အတွက် လမ်းကြောင်း ရွှေ့ရတာကြောင့် စီမံကိန်း မူလ သတ်မှတ်ချက်တွေ ပျက်သွားပြီး ရထားလမ်းကို အချိန်အတိုင်း မဖွင့် နိုင်ခဲ့ဘူးလို့ ပြောပါတယ်" ဟု သူက ပြောသည်။

၂၀၁၀ ခုနှစ် နိုဝင်္ဘာလ အတွင်း စစ်တွေ- အမ်း ရထားလမ်း ကို ဖေါက်လုပ်ရာတွင် မြောက်ဦးမြို့ကို ဖြတ်သန်းဖေါက်လုပ်စဉ် ရှေးဟောင်း ယဉ်ကျေးမူ အနုပညာ လက်ရာများ ဖြစ်ကြသည့် စေတီပုထိုး ကျုံးမြို့ရိုးနှင့် တံတာများ ပျက်စီးသွားခဲ့သဖြင့် မြောက်ဦးမြို့ခံများက ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

ရထားလမ်းဖေါက်လုပ်မူ ကြောင့် မြောက်ဦးမြို့ရှိ သဇင်တံ တောင်တန်းပေါ်ရှိ ဘုရားများ၊ ငကျည်းအိုင် ကျုံး၊ ရဲလှကျုံး၊ ရဲလှ ခံတပ်၊ မင်းသမီးတံတိုင်း၊ ရွှေဇင်္ခါလမ်း၊ အမြင့်တောင် ခံတပ်၊ ပြည်စိုးကြီး ဘုရားများ ပျက်စီးသွားခဲ့သည်။

ထိုသို့ ကန့်ကွက်မူကြောင့် သက်ဆိုင်ရာမှ ရထားလမ်းဖေါက်လုပ်မူကို ရပ်ဆိုင်းခဲ့ပြီး နောက်ထပ် လမ်းကြောင်းသစ် တစ်ခုကို ရွှေးချယ်ပြီး ဖေါက်လုပ်ခဲ့ရသည်။

အဆိုပါ ရထားလမ်းကြောင်း ရွှေ့ဖေါက်ခဲ့ရမူ အပေါ် ကျေနပ်မူ မရှိကြောင်း ယမန်နေ့က သမ္မတ ဦးသိန်းစိန်မှ မြောက်ဦး ခရီးစဉ်တွင် ထုတ်ဖေါ်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

......................
http://www.narinjara.com/detailsbur.asp?id=3355
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။