"ပြန်ဆုံခွင့်" ရခိုင်စီးရီးခွေတွင် ကိုနေတိုး သရုပ်ဆောင်မည်


ထွန်းထွန်း
----------
မကြာခင်ထွက်လာမည့် " ပြန်ဆုံခွင့်" ရခိုင့် သီချင်း စီးရီးခွေတွင် နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် ကိုနေတိုးမှ ပါဝင် သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။


Pyan-Son-Koint
တေးဆရာ ကိုညီမင်းခိုင်က " ကျွန်တော်တို့ ဒီစီးရီးခွေကို လာမယ့် သီတင်းကျွတ်လမှာ အမှီ ထုတ်ဖို့ စီစဉ်နေပါတယ်။ အကောင်းဆုံး ဖြစ်အောင် စီစဉ်ထားတဲ့အတွက် လူတွေ ပိုစိတ်ဝင်စား လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ရခိုင် တေးစီးရီးခွေတွေမှာ တခါမှ ပါဝင် သရုပ် မဆောင်ဖူးတဲ့ ကိုနေတိုး အနေနဲ့လည်း ဒီအခွေကို တက်တက်ကြွ ကြွနဲ့ ပါဝင်ပြီး သရုပ်ဆောင်ပေးမှာ ဖြစ်တဲ့ အတွက် ထူးခြားမှု တခု ဖြစ်သလို ရခိုင့်ဂီတအသိုင်းဝန်း အတွက်လည်း အားရစရာ ဖြစ်ပါတယ်" ဟုပြောသည်။

ပြန်ဆုံခွင့်တွင် ရခိုင် အဆိုတော်များဖြစ်ကြသည့် ကိုမြတ်ခိုင်ကျော်၊ ကိုညီမင်းခိုင်၊ မဇင်မာထွန်းတို့ ပါဝင်သီဆိုထားပြီး ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးနှင့် ကိုအောင်ရဲလင်း မဇင်မာထွန်းတို့ ပါဝင် သရုပ်ဆောင်ထားကြသည်ဟု သိရသည်။

ဒါရိုက်တာအဖြစ် ကြည်ဖြူသျှင်နှင့် ကိုမြတ်ခိုင်ကျော်တို့ က ဦးဆောင်ပြီး စီစဉ်သူအဖြစ် ဦးကျော်မြင့်က တာဝန်ယူထားသည်။

၎င်းစီးရီးခွေတွင် တေးရေးသူ ကိုညီမင်းခိုင်နှင့် ကိုခိုင်မြတ်မင်းတို့ ရေးသားထားသည့် အမျိုးသားရေးနှင့် ဆက် နွယ်သည့် သီချင်းများလည်း ပါဝင်သည်ဟု ဆိုသည်။

"ငွေကြေး အကျပ်တည်းတွေ ကြားထဲက ရခိုင် သီချင်း ခွေတွေ မကြာခဏ ထွက်နေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အဆင့် မမီကြဘူး။ ခုထွက်လာမည့် အခွေကိုတော့ နိုင်ငံတကာအဆင့် မမီတောင်မှ မြန်မာ တနိုင်ငံလုံးက ကြည့်ရှု့ အားပေးနိုင်အောင် အတွက် ကြိုးစား ထုတ်လုပ်ဖို့ စီစဉ် နေပါတယ်" ဟု ကိုညီမင်းခိုင်က ဆက်ပြောသည်။

ယခု ထွက်ရှိလာမည့် "ပြန်ဆုံခွင့်" စီးရီးခွေတွင် ပထမဆုံးအနေဖြင့် ကိုနေတိုးက ပါဝင်သရုပ်ဆောင် ထားသည့်အတွက် ရန်ုကုန်ရှိ ရခိုင်များနှင့် စစ်တွေမှ လူငယ်များ မျှော်လင့် စောင့်စား နေကြသည်ဟု လူငယ်တဦးက ပြောသည်။

" ဒီခွေထွက်လာဖို့ကိုတော့ သတင်းကြားထားပါပြီ။ တယောက်စကား တယောက်နားဆိုသလို တဆင့်စီ အသိပေးထားကြတာ ရှိတယ်။ ခွေအဆင့်တန်း မီလို့ရှိရင် ဈေးဆိုင်တို့၊ ထမင်းဆိုင်နဲ့ တခြားပွဲလမ်း သဘင်တို့မှာ အရောင်းကောင်းလာမှာ ဖြစ်သလို ဂီတအနုပညာသမားတွေ အတွက်လည်း အကျိုးအမြတ် ရနိုင်ပါတယ်" ဟု သူက ပြောသည်။

ရခိုင်သီချင်းခွေများကို ရခိုင်အနုပညာရှင်များက အမြတ်မရှိဘဲ အမျိုးရေး အမြင်ဖြင့် ထုတ်လုပ်နေကြရာ နှစ်စဉ် ရခိုင်သီချင်း စီရီးခွေ ၁၀ ကျော် နီးပါး ထွက်ရှိကြောင်း သိရသည်။

: ---------------------
(နိရဉ္စရာ သတင်း
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။