မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဒီမိုကရေစီနှင့် လွတ်လပ်မှု အတွက်
လူထုအုံကြွမှုများဖြစ်လာပါက အင်တာနက် ဆက်သွယ်မှုများ ပြတ်လပ်မှု မရှိရန်
အတွက် အမေရိကန် အခြေစိုက်ဂူဂဲလ် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီမှာ ဂြိုလ်တု
တစ်လုံးသည် အင်ဒိုနီးရှား နိုင်ငံ၏ကောင်းကင်ယံမှာ မြန်မာနိုင်ငံ တောင်ဘက်သို့ 
ရွှေ့ ထားပြီး ဖြစ်သည် ဟု FNG မှ သတင်း ရရှိသည်။ မြန်မာ စစ်အစိုးရ က (၂၀၀၇) ခုနှစ် စက်တာဘာလ ရွှေဝါရောက် တော်လှန်ရေးကာလ
အတွင်းကလို အင်တာနက် ဆက်သွယ်မှု များ ဖြတ်တောက်ခဲ့ပါက တွစ်တာ လူမှု မီဒီ
ယာသို့  တယ်လီဖုန်းဖြင့် ဆက်သွယ် နိုင်သည့် နည်းလမ်းတစ်ခု နှင့် IP Proxies များ
ဖြင့် မြန်နှုန်း သိပ်မမြင့် သော အင်တာနက်ကို ကြည့်ရှုနိုင်ရန် စီစဉ် ထားသည် ဟု သိရ
သည်။
ဂူဂဲလ် အင်တာနက် ကုမ္ပဏီသည် လတ်တလောတွင် လူထုအုံကြွမှု ဖြစ်ရာ၌အင်တာ
နက်ဖြတ်တောက် ခံထားရသည့် လစ်ဗျား နိုင်ငံကိုကူညီထားသည်။
အီဂျစ် နိုင်ငံတွင် လူထု အုံကြွမှုများ အတွင်း ဆန္ဒပြသူများကို ကူညီပေးခဲ့သည့် ကိုင်ရို
မြို့ ကောင်းကင်ယံမှ ဂြိုလ်တုကို ထရီပိုလီ မြို့ ပေါ်သို့ ရွှေ့ ယူထားခြင်း ဖြစ်သည်။
လစ်ဗျား နိုင်ငံအရှေ့ ဘက်ခြမ်း ရှိ ဘန်ဂါဇီ မြို့ မှာ တွင် ကဒါဖီ က အင်တာနက် ဖြတ်တောက်
လိုက်သော်လည်း ဂူဂဲလ် ဂြိုလ်တုက အလျှင် အမြန် ကူညီ နိုင်၍ ကဒါဖီ လက်အောက်
မှာ ဘန်ဂါဇီမြို့ မှာ စောစီးစွာ လွတ်မြောက်ခဲ့သည်။
မြန်မာ နိုင်ငံတွင် အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဂူဂဲလ်က
မည်ကဲ့သို့ အသုံးပြုရမည် ကို သတင်းထုတ်ပြန်မည် ဖြစ်သည်။
ယခင်က မြန်မာ နိုင်ငံ၏ အကာသတွင် ဂူဂဲလ် ဓာတ်ပုံ ရိုက်ကူး ရေး ဂြိုလ်တုများ
ရောက်ရှိ ခဲ့ဖူးပြီး ၊ ယခု ဂြိုလ်တုသည် ဂူဂဲလ် ၏ ဆက်သွယ်ရေး နည်းပညာ ဂြိုလ်
တု ဖြစ်သည်။
http://www.ald-exile.org/index.php/news/sci-tech-news/1835-google-
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။