မင်းဆက်ခိုင်
---------------
အန္ဒိယ နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ဦး လွတ်မြောက်ရေး အတွက် နိုင်ငံပေါင်း ၁၈နိုင်ငံတွင် ရှိသော အဖွဲ့အစည်း ၃၈ ဖွဲ့က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က အိန္ဒိယ အစိုးရနှင့် ယူအန်ကို စာရေး တောင်းဆို လိုက်ကြကြောင်း သိရသည်။
"ဟုတ်ပါတယ်။ ကျမတို့ နိုင်ငံပေါင်း ၁၈နိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်းတွေက ရခိုင်နဲ့ ကရင် မျိုးချစ်တော်လှန်ရေးသမား ၃၄ဦးလွတ်မြောက်ရေးအတွက် တောင်းဆိုစာကို အိန္ဒိယ အစိုးရနဲ့ UNHCR ရုံးဆီကို ပေးပို့ခဲ့ကြပါတယ်။ အဓိက ကျမတို့ တောင်းဆိုတာတွေက သူတို့ကို ဒုက္ခသည်တွေ အဖြစ် ယူအန်က အသိအမှတ်ပြုပေးဖို့နဲ့ သူတို့ တတိယနိုင်ငံတခုခုမှာ အခြေချနိုင်ဖို့အတွက် ဆောင်ရွက် ပေးဖို့ ဖြစ်ပါတယ်။"
တောင်းဆိုစာများကို အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတေးလျ၊ အိုင်ယာလန်၊ ချက်၊ သြစတြရီးယား၊ ပြင်သစ်၊ နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ တောင်အာဖေရိက၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ခ်ျနှင့် ထိုင်းနိုင်ငံများတွင်ရှိသော အဖွဲ့အစည်း ၃၈ဖွဲ့မှ ပေးပို့ခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ ကျမတို့ အင်္ဂလန်မှာရှိတဲ့ အိန္ဒိယသံရုံးရှေ့မှာ မနက် ၁၀နာရီကနေ ၁၁နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ Karen National Union-UK၊ Karen Community Association UK ၊ Arakanese Community UK က ကိုယ်စားလှယ်တွေက အကျဉ်းချခံထားရတဲ့ သူရဲကောင်း ၃၄ယောက်ကို အမြန်ဆုံး လွတ်ပေးဖို့နဲ့ မြန်မာပြည် ကို ပြန်မပို့ဖို့ အတွက် တောင်းဆိုတဲ့စာကို သံရုံးဝန်ထမ်း တယောက်ဆီကနေတဆင့် အိန္ဒိယသံအမတ်ကြီးဆီကို ပေးပို့ခဲ့ပါတယ်။ အင်္ဂလန်မှာရှိတဲ့ တိုင်းရင်း သားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေက လူတွေနဲ့ မြန်မာပြည်အရေးအတွက် လှုပ်ရှားနေတဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၆၀ကျော် တက်ခဲ့ကြ ပါတယ်။"
၎င်းအပြင်"အခုက နိုင်ငံတော်တော်များမှာရှိတဲ့ အဖွဲ့အစည်းတွေအများကြီးက ပါဝင်လှုပ်ရှားတဲ့ အတွက် အခုလှုပ်ရှားမှုက အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ပြီးတော့ သူတို့ ကျခံရမယ့် ပြစ်ဒဏ်တွေ လည်း ပြီးဆုံးသွားပြီ ဒဏ်ငွေ တယောက်စီ ရူပီ ၆၀၀၀ ဆိုတာလည်း ပေးခဲ့ပြီးပါပြီ။ ဒါကြောင့် သူတို့ လွတ် မြောက်ဖို့အချိန်တန်နေပါပြီ။" ဟု ဆက်ပြောသည်။
အဆိုပါ နိုင်ငံပေါင်း ၁၈နိုင်ငံထဲမှ နိုင်ငံတချို့တွင် ၃၄ဦး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲများကို သက်ဆိုင်ရာ အိန္ဒိယသံရုံးရှေ့များတွင် ပြုလုပ်ခဲ့ကြသည်။
"ဆန္ဒပြပွဲကို မနက် ၁၁နာရီကနေ ၁၂နာရီခွဲအထိ ပြုလုပ်ခဲ့ပါတယ်။ ရဲဘော် ၃၄ဦးကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ အတွက် ကြွေးကြော်ပြီ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ပြီးတော့ ၃၄ဦးရဲ့ အမှုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ပြီးစီးသွားပြီဖြစ်တဲ့အတွက် အခုသူတို့မှာ ဘာမှ စွပ်စွဲထားတဲ့ အမှုတွေ မရှိပါဘူး။ ပြီးတော့ ယူအန် ကလည်း အင်တာဗျူးတွေ ပြီးစီးသွားပြီးဖြစ်တဲ့အတွက် သူတို့ကို လွတ်ပေးဖို့ အတွက် တောင်းဆို စာတစောင် ကို အိန္ဒိယ ဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့သလို ဒီ ၃၄ ဦးဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေပါ။ ဒီအတွက် သူတို့ကို ဒုက္ခသည်တွေ အဖြစ် အသိ မှတ်ပြုပေးဖို့ UNHCR ရုံးချုပ်ဆီကိုလည်း တောင်းဆိုစာတစောင်ကို ပေးပို့ခဲ့ပါတယ်။"
အဆိုပါ အိန္ဒိယတွင် ပြုလုပ်သော ဆန္ဒပြပွဲကို အိန္ဒိယတွင်ရောက်ရှိနေကြသော ရခိုင် အသိုင်းအဝန်းများ၊ တခြား မြန်မာနိုင်ငံသားများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၀ကျော် ပါဝင် ဆင်နွဲခဲ့ကြသည်ဟု သိရသည်။
: ------------------
(နိရဉ္စရာ သတင်း
---------------
အန္ဒိယ နိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ဦး လွတ်မြောက်ရေး အတွက် နိုင်ငံပေါင်း ၁၈နိုင်ငံတွင် ရှိသော အဖွဲ့အစည်း ၃၈ ဖွဲ့က ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က အိန္ဒိယ အစိုးရနှင့် ယူအန်ကို စာရေး တောင်းဆို လိုက်ကြကြောင်း သိရသည်။
လန်ဒန်ရှိ အိန္ဒိယသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုနေပုံ (Photo: www.burmacampaign.org.uk)
အဆိုပါ ၃၄ဦး လွတ်မြောက်ရေး အတွက် နိုင်ငံပေါင်း ၁၈နိုင်ငံမှ အဖွဲ့အစည်း ၃၈ဖွဲ့မှ ထုတ်ပြန် ကြေငြာချက်များကို ထုတ်ပြန်ခဲ့ပြီး အိန္ဒိယ အစိုးရနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထံသို့ တောင်းဆို စာများကို ပေးပို့ခဲ့ကြကြောင်း Burma Campaign UK မှ Campaigns Officer မမေရီလှ က ယခုကဲ့သို့ ပြောသည်။"ဟုတ်ပါတယ်။ ကျမတို့ နိုင်ငံပေါင်း ၁၈နိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်းတွေက ရခိုင်နဲ့ ကရင် မျိုးချစ်တော်လှန်ရေးသမား ၃၄ဦးလွတ်မြောက်ရေးအတွက် တောင်းဆိုစာကို အိန္ဒိယ အစိုးရနဲ့ UNHCR ရုံးဆီကို ပေးပို့ခဲ့ကြပါတယ်။ အဓိက ကျမတို့ တောင်းဆိုတာတွေက သူတို့ကို ဒုက္ခသည်တွေ အဖြစ် ယူအန်က အသိအမှတ်ပြုပေးဖို့နဲ့ သူတို့ တတိယနိုင်ငံတခုခုမှာ အခြေချနိုင်ဖို့အတွက် ဆောင်ရွက် ပေးဖို့ ဖြစ်ပါတယ်။"
တောင်းဆိုစာများကို အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတေးလျ၊ အိုင်ယာလန်၊ ချက်၊ သြစတြရီးယား၊ ပြင်သစ်၊ နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ တောင်အာဖေရိက၊ ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ခ်ျနှင့် ထိုင်းနိုင်ငံများတွင်ရှိသော အဖွဲ့အစည်း ၃၈ဖွဲ့မှ ပေးပို့ခဲ့ခြင်းဖြစ်သည်။
လန်ဒန်ရှိ အိန္ဒိယသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုနေပုံ (Photo: www.burmacampaign.org.uk)
၃၄ဦး လွတ်မြောက်ရေးအတွက် အင်္ဂလန်နိုင်ငံရှိ အိန္ဒိယ သံရုံးရှေ့တွင် ပြုလုပ်သော ဆန္ဒပြ တောင်းဆိုပွဲတွင် နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၆၀ကျော် တက်ရောက်ခဲ့ကြောင်း မမေရီလှက ဆက်ပြောသည်။"ဒီနေ့ ကျမတို့ အင်္ဂလန်မှာရှိတဲ့ အိန္ဒိယသံရုံးရှေ့မှာ မနက် ၁၀နာရီကနေ ၁၁နာရီအထိ ပြုလုပ်ခဲ့ပါတယ်။ Karen National Union-UK၊ Karen Community Association UK ၊ Arakanese Community UK က ကိုယ်စားလှယ်တွေက အကျဉ်းချခံထားရတဲ့ သူရဲကောင်း ၃၄ယောက်ကို အမြန်ဆုံး လွတ်ပေးဖို့နဲ့ မြန်မာပြည် ကို ပြန်မပို့ဖို့ အတွက် တောင်းဆိုတဲ့စာကို သံရုံးဝန်ထမ်း တယောက်ဆီကနေတဆင့် အိန္ဒိယသံအမတ်ကြီးဆီကို ပေးပို့ခဲ့ပါတယ်။ အင်္ဂလန်မှာရှိတဲ့ တိုင်းရင်း သားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေက လူတွေနဲ့ မြန်မာပြည်အရေးအတွက် လှုပ်ရှားနေတဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၆၀ကျော် တက်ခဲ့ကြ ပါတယ်။"
၎င်းအပြင်"အခုက နိုင်ငံတော်တော်များမှာရှိတဲ့ အဖွဲ့အစည်းတွေအများကြီးက ပါဝင်လှုပ်ရှားတဲ့ အတွက် အခုလှုပ်ရှားမှုက အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ပြီးတော့ သူတို့ ကျခံရမယ့် ပြစ်ဒဏ်တွေ လည်း ပြီးဆုံးသွားပြီ ဒဏ်ငွေ တယောက်စီ ရူပီ ၆၀၀၀ ဆိုတာလည်း ပေးခဲ့ပြီးပါပြီ။ ဒါကြောင့် သူတို့ လွတ် မြောက်ဖို့အချိန်တန်နေပါပြီ။" ဟု ဆက်ပြောသည်။
အဆိုပါ နိုင်ငံပေါင်း ၁၈နိုင်ငံထဲမှ နိုင်ငံတချို့တွင် ၃၄ဦး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲများကို သက်ဆိုင်ရာ အိန္ဒိယသံရုံးရှေ့များတွင် ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယတွင် ဆန္ဒပြတောင်းဆိုနေပုံ (Photo: Burma Center Delhi)
အိန္ဒိယနိုင်ငံတွင်ပြုလုပ်ခဲ့သော ဆန္ဒပြတောင်းဆိုပွဲနှင့် ပတ်သက်၍ ဦးဆောင်ပါဝင်သူတဦးဖြစ်သူ ကိုကင်း(မ်) က ယခုကဲ့သို့ပြောသည်။"ဆန္ဒပြပွဲကို မနက် ၁၁နာရီကနေ ၁၂နာရီခွဲအထိ ပြုလုပ်ခဲ့ပါတယ်။ ရဲဘော် ၃၄ဦးကို အမြန်ဆုံး ပြန်လွတ်ပေးဖို့ အတွက် ကြွေးကြော်ပြီ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ပြီးတော့ ၃၄ဦးရဲ့ အမှုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက ပြီးစီးသွားပြီဖြစ်တဲ့အတွက် အခုသူတို့မှာ ဘာမှ စွပ်စွဲထားတဲ့ အမှုတွေ မရှိပါဘူး။ ပြီးတော့ ယူအန် ကလည်း အင်တာဗျူးတွေ ပြီးစီးသွားပြီးဖြစ်တဲ့အတွက် သူတို့ကို လွတ်ပေးဖို့ အတွက် တောင်းဆို စာတစောင် ကို အိန္ဒိယ ဝန်ကြီးချုပ်ဆီကို ပေးပို့ခဲ့သလို ဒီ ၃၄ ဦးဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေပါ။ ဒီအတွက် သူတို့ကို ဒုက္ခသည်တွေ အဖြစ် အသိ မှတ်ပြုပေးဖို့ UNHCR ရုံးချုပ်ဆီကိုလည်း တောင်းဆိုစာတစောင်ကို ပေးပို့ခဲ့ပါတယ်။"
အဆိုပါ အိန္ဒိယတွင် ပြုလုပ်သော ဆန္ဒပြပွဲကို အိန္ဒိယတွင်ရောက်ရှိနေကြသော ရခိုင် အသိုင်းအဝန်းများ၊ တခြား မြန်မာနိုင်ငံသားများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၄၀ကျော် ပါဝင် ဆင်နွဲခဲ့ကြသည်ဟု သိရသည်။
: ------------------
(နိရဉ္စရာ သတင်း
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။