ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ကြံ့ခိုင်ရေး ပါတီမှ အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေ ရခိုင် ပြည်နယ် လွှတ်တော် အမတ် ဦးလှမောင်တင်ကို သမ္မတ ဦးသိန်းစိန်က ခန့်အပ်လိုက်ကြောင်း သတင်း ရရှိသည်။
စစ်တွေမြို့နယ် ရတပ အမတ် ဦးအောင်မြကျော်က “ ဒီကနေ့ ဒုတိယနေ့ လွှတ်တော်ကို စတင်တဲ့ အခါ ကြံ့ခိုင်ရေးက အမ်းမြို့နယ် အမတ် ဦးလှမောင်တင်ကို ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကျေညာပါတယ်။ ပီးရင် ရခိုင်ပြည်နယ် ၀န်ကြီးဌာနကို ဌာန ၉ ခုနဲ့ ဖွဲ့စည်းမယ်ဆိုပြီး ကျေညာပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ပါဝင်မည့် ၀န်ကြီးဌာန ၉ ခုမှာ ကျန်းမာရေးနှင့် ပညာရေး ပေါင်း ဌာနတစ်ခု၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စက်မူနဲ့ အားကစား ဌာန၊ လူမူဖုံလုံရေးနဲ့ ယဉ်ကျေးမူ ၀န်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန ၊ သားငါးနဲ့ စက်မူလက်မူ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးဌာန တို့ ဖြစ်ကြသည်။
“ ဒီနေ့မှာတော့ ၀န်ကြီးဌာနတွေကို ဘယ်သူတွေကို ခန့်အပ်တယ်ဆိုတာ မကျေညာသေး ပါဘူး နောက်လာမယ့် တနင်္လာနေ့မှဘဲ ကျေညာမယ်လို့ ပြောတယ်။ လွှတ်တော်က နံနက် ၁၀ နာရီမှာ စပြီး ၂၅ မိနစ် အကြာမှာ ပီးဆုံးသွားခဲ့ပါတယ်” ဟုသူက ဆက်ပြောသည်။
ရခိုင်ပြည်နယ် ၀န်ကြီးဌာန ၉ ခုတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကို ၃ နေရာ ပေးမည်ဟု သတင်း ဖြစ်ပေါ်နေသော်လည်း မသေချာသေးကြောင်းနှင့် သမ္မတက ခန့်အပ်မည် ဖြစ်၍ ကြံ့ခိုင်ရေးပါတီမှ သူများကိုသာ ခန့်အပ်ရန် အလားအလာ များနေကြောင်း သူက ပြောသည်။
: -------------------
(နိရဉ္စရာ သတင်း

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။