တဟေးဟေးရယ်နဲ့
ဘယ်ညာသံပေးကာဖြင့်
ကွင်းလုံးပြည့် ကျွတ်ကျွတ်ညံ
ဘာသံလဲမေး။
တို့မြို့ရွာ သာဓလေ့ကွဲ့
ရထားပွဲတဲ့လေ။
ဆွဲကြဟေ့ဆွဲကြ
တစ်စိတ်ဝမ်းတွဲလက်ညီ
ပြိုင်တူကွဲ့ဆွဲ
ရေသာခို စိတ်မလွဲတယ်
အားကုန်ပြည့်နွှဲ။
နေပူရှိန်မီးတောက်မျှ
မပူပ တို့တစ်ထွေ
အားကုန်လို့ လဲပြိုစေ
တို့မောင်တွေက တစ်အား
ရိုးသားဖြူစင်စွာနဲ့
တွဲထူကာ ပြုစုကြတယ်
မိမေတ္တာအလား။
အောင်လံဝင့်လို့ ရွာအပြန်
အိုးစည်သံ မိုးယံခအောင်
ကသူက ဆိုသူဆို
နို့သောက်၊ ပျို၊ အို မကြွင်း
အောင်ပွဲရ ဒို့အသင်းကို
ခပင်းလူတကာတို့
ဝင်းခင်းကာ ဆီလို့ကြိုကြ
သွေးစည်းတဲ့အား။
...........
မင်းသိမ်း(ပညာ)
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။