ALP ပါတီ ဗဟိုခေါင်းဆောင်များ မလေးရောက်ရခိုင်ပြည်သူများနှင့် ဆွေးနွေး

ဖေဖေါ်ဝါရီလ (၈) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (မလေးရှားဌာနခွဲ) မှ ဦးဆောင်၍ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီဗဟိုမှ ခေါင်းဆောင်များနှင့် မလေးရှားရောက် ရခိုင်ပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့က မလေးရှားနိုင်ငံ ကော်လာလမ်ပူ မြို့ရှိ Wisma Belia ခန်းမတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ပြည်သူ စုစုပေါင်း (၅၀၀) ခန့် တက်ရောက်ခဲ့သည်ဟု သိရှိရသည်။ အခမ်းအနားတွင် ပါတီ၏ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် ပါတီ၊ တပ် လှုပ်ရှားမှု အခြေအနေများကို ရခိုင်ပြည်သူများ သိရှိစေရန် ရှင်းလင်း တင်ပြခဲ့ပြီး အနာဂတ် မျှော်မှန်းချက်များကို အပြန်အလှန် ဆွေးနွေး အကြုံပြုခဲ့ကြသည်။ ဆွေးနွေးရာ၌ ရခိုင်လူထုက စစ်ရေးဂဏ္ဍအရေးပါကြောင်းကို ယုံကြည် လက်ခံကြသည်ဟု တင်ပြခဲ့ကြသည်။
အခမ်းအနားကို ရက္ခ၀ံလက်စာပေ အဖွဲ့မှ ရခိုင်ရတုဖြင့် စတင်သီဆို တီးမှုတ်ခဲ့ပြီး စိတ်ဓါတ်တက်ကြွဖွယ် ရခိုင်သီချင်းများ ဖွင့်ပြထားခဲ့သည်။ အခမ်းအနားတွင် ရခိုင်အမျိုးသား အာဇာနည်၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ဓါတ်ပုံနှင့် ရခိုင့်ဘုရင့် နိုင်ငံတော်လက်ထက် သုံးခဲ့သော ရခိုင့်အောင်လံ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ အလံတော်တို့ကို စင်မြင့်ထက်၌ ချိတ်ဆွဲထားခဲ့ကြောင်း သိရှိရသည်။ အခမ်းအနားကို ရခိုင့်အောင်လံတော်၊ ပါတီအလံတော်တို့အား ဝှေ့ရမ်းကာ ရခိုင်စစ်ချီ တေးဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။