Google သိပ္ပံပြိုင်ပွဲ

A screenshot of Google's Science Fair webpage
ဓာတ်ပုံ Google

Google Science Fair: How to enter



ကွန်ပြူတာအင်တာနက်မှာ  အချက်အလက်ရှာဖွေတဲ့  Search Engine တင်ထားတဲ့ Goggle အဖွဲ့ကြီးက  ကမ္ဘာတလွှားက ထက်မျက်တဲ့ အစွမ်းအစရှိတဲ့  လူငယ်သိပ္ပံပညာရှင်တွေ အင်ဂျင်နီယာတွေနဲ့ ဖန်တီး တီထွင်သူတွေကို လိုက်လံရှာဖွေနေပါတယ်။
ကမ္ဘာပေါ်က ဘယ်မြို့ ဘယ်ရွာ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် အသက် ၁၃နှစ်ကနေ ၁၈နှစ် အတွင်း ကျောင်းသားလူငယ် ဘယ်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်တဲ့  Goggle သိပ္ပံပြိုင်ပွဲအတွက် ဇန္န၀ါရီလ ၁၁ရက် နေ့လည်ကနေ စတင် ဖိတ်ခေါ်လိုက်ပြီဖြစ်ပါတယ်။
Segway Personal Transporter လို့ခေါ်တဲ့  ဘီး၂ဘီးပါတဲ့  ကိုယ်တိုင်ဟန်ချက်ထိမ်းပြီး  မောင်းနှင်ရတဲ့ လျှပ်စစ်ယာဉ်ကို တီထွင်ခဲ့သူ  Dean Kamen ကတော့ ပြိုင်ပွဲဝင်ချင်တဲ့သူဟာ အင်တာနက်သုံးဖို့နဲ့   တွေးခေါ်ကြံစည်ဖို့ ပဲလိုတယ်လို့ဆိုပါတယ်။
"ကွန်ပြူတာ အင်တာနက်မှာ   Google.com / science fair ကို ရိုက်လိုက်ပါ။  အဲဒီမှာ  ပြိုင်ပွဲဝင်ဖို့  ဘယ်လို  မှတ်ပုံတင်ရမယ် ဆိုတာကို  ပြောထားပါတယ်။   ဘယ်လို အကြောင်းအရာ  ခေါင်းစဉ်အောက်မှာ   ၀င်ပြိုင်နိုင်တယ်ဆိုတာကိုလည်း   ပြထားပါတယ်။   ရူပဗေဒ၊ ဇီဝဗေဒလို  ပညာရပ်မျိုးးတွေက အစ    သဘာဝပတ်ဝန်းကျင်ဆိုင်ရာလို   ကမ္ဘာတလွှား  လူ အများကြားပြောနေကြတဲ့  ကိစ္စရပ်မျိုး တွေ အထိ   ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား လို့ ရပါတယ်။     ကိုယ်တင်ပြချင်တဲ့  အကြောင်းအရာကိုတင်၊   စမ်းသပ်လေ့လာတာတွေ   ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်၊   မှတ်တမ်းတင်တာကတော့   ဥပမာ  You Tube Video   လိုမျိုးပေါ့    ကိုယ်ကြိုက်သလို  မှတ်တမ်းတင်လို့ ရပါတယ်။   အမှတ်ပေး  ဒိုင်လူကြီးတွေ  ဆီကို   ကွန်ပြူတာ  အွန်လိုင်းကပဲ   ပို့ပေးရမှာပါ"
သူဟာ ဒီပြိုင်ပွဲအတွက် ဆုပေးဖို့ ရွေးချယ်ရာမှာ ပါဝင်သူတဦးလည်းဖြစ်ပါတယ်။
"ပေးမယ့်ဆုတွေက   ဘာတွေလဲဆိုတာ ကြည့်ရအောင်ပါ။    သိပ္ပံပညာရှင်တွေရဲ့ အိမ်မက်ဖြစ်တဲ့ Galapagos  ဂလာပဂိုစ့်ကျွန်းတွေ ကိုသွားလည်ဖို့၊   ဆွစ်ဇလန် နိုင်ငံ   ဂျနီဗာမှာရှိတဲ့   CERN  စွမ်းအင် ဓါတ်ခွဲခန်းကြီးကို  သွားပြီး  လေ့လာဖို့ တို့၊    နောက်   google က ပညာတော်သင်ဆု အဖြစ်နဲ့   ဒေါ်လာ တသိန်းချီးမြှင့်တာ   အပြင်   အလုပ်သင်အဖြစ်နဲ့  အထောက်အပံ့တွေပေးဖို့ တွေပါ   ပါပါတယ်"
ဒီပြိုင်ပွဲပြီးဆုံးချိန်ဟာ လာမယ့် ဧပြီလ လေးရက်နေ့ အမေရိကန်အရှေ့ ခြမ်းစံတော်ချိန် ည ၁၁နာရီ ၅၉မိနစ် ၅၉စက္ကန့်မှာဖြစ်ပါတယ်။ မေလ ၂၃ရက်နေ့မှာတော့ ဆုရသူတွေကို ကြေငြာပေးမှာပါ။
ပေးမယ့်ဆုက အားလုံးပေါင်း ၁၉ဆုပါ။ ပထမဆုရသူဟာ ဒေါ်လာ ၅သောင်းနဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေ ရှိတဲ့နေရာတွေကို သွားရောက်လေ့လာခွင့်တွေရကြမှာပါ။
ကျောင်းသားလူငယ်တိုင်း  ဒီ Goggle သိပ္ပံပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ လည်း သူကဖိတ်ခေါ်ပါတယ်။ အနာဂတ်ကာလမှာ ပေါ်လာမယ့် အလုပ်တွေအတွက်  သိပ္ပံနဲ့ နည်းပညာဆိုင်ရာမှာ ကိုယ်ကအကျွမ်းတ၀င် ဖြစ်နေဖို့ လိုအပ်သလို၊  ကမ္ဘာမှာ လောလောဆယ်ကြုံတွေ့နေရတဲ့  သဘာဝပတ်ဝန်းကျင် ပြဿနာလို ပြဿနာမျိုးစုံကို ဖြေရှင်းဖို့အတွက် ပြိုင်ပွဲဝင်ဖို့ ကျိုးစားရင်း လူငယ်တွေ ပါဝင်လာနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။
.............
Sources: VOA
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။