လွမ်းရပါရေ ကျောက်ဖြူမြီသို့

ကျောက်ဖြူမြီက၊ ထွက်လာခစွာ
လတိကြာညောင်း၊ နှစ်တိပြောင်းလည်း
ငါ့မွီးရပ်မြီ၊ ကျောက်ဖြူမြီကို
နိန့်စဉ်မအမျှ၊ တမ်းတရ…။

သာယာလှပ၊ သောင်ပြင်လှနန့်
ရီပတ်လည်ဝိုင်း၊ ကာရံဆိုင်းပနာ
စိမ်းလန်းစိုပြေ၊ ကျောက်ဖြူမြီကို
စိတ်မှာတမ်းတ၊ လွမ်းဆွေးရ...။

လှပသာယာ၊ ဆည်းဆာချိန်မှာ
“နဒီသောင်ယံ၊ ပန်းခြံ”ဘားက
အနောက်ဖက်ကို၊ လှမ်းကြည့်လီက
ပင်လယ်ပျော်ပါး၊ ရီလုပ်သားတိ
သေးငယ်လောင်ချေ၊ အသွယ်သွယ်မှာ
ရွက်တလူလူ၊ ရွှင့်စိုက်ထူပြီး
တေးခြင်းသီကျူး၊ တမြူးမြူးနန့်
အိမ်ပြန်လာရေ၊ မြင်ကွင်းချေလည်း
မျက်စိထဲမှာ၊ ပြန်မြင်လာရေ…။

ကျောင်းကြီးပိတ်ရက်၊ အားလပ်ရက်မှာ
ငယ်ကပေါင်းသင်း၊ ရောင်းရင်တိနန့်
“င/ပု”ဒကာ၊ “င/သထာ”ရို့
တည်ထားခပြီး၊ “ဘုရားညီနောင်”ဟု
လူသိထင်ရှား၊ လွန်ကျော်ကြားရေ
“အံ့ဖွယ်သာမော၊ ကံ့ကော်တော”ကို
ဘုရားဖူးဇောင်၊ လားခစော်လည်းး
ငါ့ရင်ထဲမှာ၊ တမ်းတဆဲ…။


ယင်းကအပြန်၊ စကေချေအလွန်မှာ
“မင်းဗာဘုရင်၊” ကြည်ညိုသဒ္ဓါ
ပွားများစွာနန့်၊ တည်ထားခရေ
“ကျောက်တလုံးဘုရား”၊ ရင်ပြင်နားမှာ
အဖော်တစု၊ ဘော်တာရို့နန့်
ပျော်ရွှင်မြူးစွာ၊ ကြည်နူးစွာနန့်
အုန်းသီးရည်သောက်ခ၊ မိန့်မရ…။

ယင်းကတခါ၊ ပြန်လို့လာကေ
“ဘစောဘုရား”၊ ခေါ်ထငြားရေ
“စေတီယျတောင်ထိပ်”၊ ဗောဓိပင်ရိပ်မှာ
စုယင်းဝေးယင်း၊ ပျော်ရွှင်ယင်းနန့်
ဓာတ်ပုံရိုက်ခစော်၊ ပြန်အတွက်ပေါ်…။

အော်…အဂုချိန်မှာဂါး
ငယ်စဉ်ကာလ၊ ထိုကာလက
ကျောင်းနိန့်ဖက်တိ၊ ဘော်ဒါတိနန့်
တယောက်တပြည်၊ တမြီစီမှာ
ဝမ်းစာအတွက်၊ ရှာဖွီးထွက်ပနာ
တယောက်နန့်တယောက်၊ အချေကပိုင်
တွိ့ချင်ကေလည်း၊ မတွိ့နိုင်ပဲ
သောကရင်မှာ၊ ဝေဒနာကို
မျိုကာသိပ်ယင်း၊ လွမ်းခြင်းဆိုပနာ
မာတာပိတာ၊ ဆွီသဟာပါ
မွီးရပ်ရွာနန့်၊ ငယ်ကပေါင်းသင်း
ရောင်းရင်းတိပါ၊ အတွက်ပေါ်လာကေ
ငါ၏ရင်မှာ၊ ဝမ်းနည်းစွာနန့်
လွမ်းမျက်ရည်တိ၊ ကျမိရေ…။

…………

၁၈-၆-၂၀၀၉
၁၀:၁၆ am
( အဝီးတနိန်ရာမှာ ရောက်နိန်ကတ်တေ ကျောက်ဖြူနယ်ဖွားအားလုံးတိအတွက် ခံစားဖွဲ့ဆိုထားပါသည်။ ဇာနိန်ရာကိုရောက်ရောက် မြီရပ်ဌာနီ ရက္ခိုင်ပြည်က ကျောဖြူမြီကို အမြဲသတိရ နိုင်ကတ်ပါစီ)


ငါ့မှတ်စုချေမှ ကူးယူဖော်ထားပါသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။