တရုတ်ရဲအရာရှိသား ကျောင်းသူသတ်မှု တွစ်တာနဲ့ ဖေ့စ်ဘွတ်များတွင် ပေါ်ပြူလာဖြစ်

ကျောင်းသူတစ်ဦးကို ကားဖြင့်တိုက်ပြေးခဲ့သော တရုတ် ခရိုင်ရဲအရာရှိတစ်ဦးသားဖြစ်သူ အသက် ၂၃ နှစ်ရှိ လီကွမ်မင်း သတင်းမှာ တရုတ်လူမှုကွန်ယက် အသုံးပြုသူ သန်း၄၆၀ အကြား ယခု ပေါ်ပြူလာ ဖြစ်နေသည်။
ကြာသာပတေးနေ့ တရုတ် Hebei ပြည်နယ် တရားရုံးတစ်ခုတွင် လီက Hebei တက္ကသိုလ်နယ်မြေပေါ်တွင် ကျောင်းသူနှစ်ဦးကို ကားဖြင့်တိုက်ပြေးခဲ့ကြောင်း၊ အသက် ၂၀ ရှိ ကျောင်းသူ ချန်ဇီယိုဖန်း မှာ ပွဲချင်းပြီး သေဆုံးပြီး နောက်တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း ၀န်ခံခဲ့သည်။
ယခုဖြစ်ရပ်မှာ မတော်တဆယာဉ်တိုက်မှု မဟုတ်ဘဲ၊ ရဲအရာရှိသားမို့ သက်သက် ရမ်းကားသွားခြင်း ဖြစ်ကြောင်း အွန်လိုင်း သုံးသူများက ရေးသားကြသ့ည်။ တရုတ်တွင် ပါတီလူကြီးနဲ့ ရဲအရာရှိ သားသမီးများမှာ ဆိုးသွမ်းလွန်းနေကြောင်း၊ အရာရှိ သားသမီးများရဲ့ လူသတ်မှုများကို တရုတ်တရားရုံးများမှ ပ,လပ် ပေးလေ့ရှိကြောင်း မကျေမနပ် ရင်ဖွင့်ကြသည်။ လီကွမ်မင်း အမှုကို  ငွေနှင့် ရာထူးမျက်နှာကြောင့် ကွင်းလုံးကျွတ်လွှတ်မပေးဘဲ ဥပဒေအတိုင်း ထောင်ခုနှစ်နှစ်ချ အရေးယူဖို့  အင်တာနက်ကွန်ယက်သုံး လူထု (net-citizens) က ၀ိုင်းဝန်းဆော်ဩနေကြသည်။
ဟောင်ကောင် သတင်းဌာနတစ်ခုအရ လီမှာ အရက်သောက်ထားပြီး မိန်းကလေးနှစ်ယောက်ကို ကားနဲ့တိုက် မောင်းပြေးခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ တက္ကသိုလ်ဂိတ် အစောင့်နဲ့ ကျောင်းသားများက သူ့ကားကို ရပ်ခိုင်းရာ လီက “ငါ့အဖေ က လီဂန်း ကွ” ဟု သူ့အဖေ ခရိုင်ရဲအရာရှိ နာမည် အော်ပြောပြီး ရှေ့အရောက်တွင် မိန်းကလေးနှစ်ဦး တိုက်လိုက်ခြင်း ဖြစ်သည်။
ပေါက်ကွဲနေသော တရုတ်အင်တာနက်သုံးသူများနဲ့ ဘလော့ဂါများက “ငါ့ အဖေ လီဂန်း ကွ” ဟု ခေါင်းစဉ်ပေးပြီး ကားတိုက် မှု သတင်းဇာတ်လမ်းကို နည်းအမျိုးမျိုးဖြင့် အွန်လိုင်းတွင် ဖြန့်နေသောကြောင့် အနောက်နိုင်ငံ အွန်လိုင်း သုံးသူများ ကြားတွင်ပါ  “My-daddy-is-Li-Gang” မှာ လတ်တလော ရေပန်းစားနေသည်။
အင်တာနက် ဂူဂယ် ရှာပေါက် search engine ထဲရှာကြည့်လျှင် My daddy is Li Gang မှာ အာဏာပါဝါကို သားသမီးက အလွဲအသုံးပြှုမှု ဟု အဘိဓါန် ဝေါဟာရစကားလုံးသစ် ဖွင့်ဆိုလိုက်သည်။ ၀ီကီပီဒီယား အွန်လိုင်း စွယ်စုံကျမ်း အဖွဲ့ကလည်း ငါ့အဖေ လီဂန်း ကို ကျယ်ကျယ်ပြန်ပြန့်ဖွင့်ဆို ရှင်းထားလိုက်ပြီ ဖြစ်သည်။

...........
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။