ဂီတရုံး အဆောက်အဦး ရံပုံငွေ အတွက် ဂီတပွဲတော် ကျောက်တော်တွင် ကျင်းပမည်


ထွန်းထွန်း
-------------
ရခိုင် ဂီတ အဆောက်အဦး ရံပုံငွေ အတွက် ရခိုင်ဂီတ အနုပညာရှင်များ အစုံအညီ ပါဝင်မည့် ဂီတပွဲတော် တခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။


Music-crazy-band.jpg
အဆိုတော် ကိုသန်းဆွေက “ကျွန်တော်တို့ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ဂီတဖျော်ဖြေပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အဓိက ကျွန်တော်တို့ ရည်ရွယ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ ဂီတ အနုပညာနဲ့ ပတ်သက်ပြီး ဂီတ အနုပညာ သမားတွေ စုဆုံနိုင်တဲ့ ရုံးမရှိသေးဘူး။ ဂီတပညာရပ်နဲ့ ပတ်သက်ပြီးလည်း တိုင်ပင် နှီးနှော ဖလှယ် နိုင်တဲ့ နေရာလည်း မရှိသေးဘူး။ ဂီတပညာ ထွန်းကားရေး မြင့်တင်ရေး အတွက် အခြေခံ အဆောက်အဦးတွေ စနစ်တကျ မရှိဘူးဆိုရင် ကျွန်တော်တို့ တိုးတက်ရေး မြှင့်တင်ရေးတို့ကို ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ရခိုင် အနုပညာသမားတွေ အနေနဲ့ ရုံး ဂီတရုံး အဆောက်အဦး ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။ အဲဒီ အဆောက်အဦး အတွက် လိုအပ်တဲ့ ရံပုံငွေတွေ ရရှိနိုင်အောင် ဂီတ ဖြေဖျော်ပွဲ တစ်ခုကို ကျောက်တော်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်“ ဟု နိရဉ္စရာကိုပြောသည်။

အနုပညာနှင့် ပတ်သက်ပြီး စနစ်ကျသည့် အစီအစဉ်များ လုပ်ကိုင်နိုင်သည့် အခြေခံ အဆောက်အဦးရုံးများ မရှိသဖြင့် ရခိုင်လူငယ်များကို ဂီတ ပညာ၊ ဗွီဒီယို ပညာများကိုာ လက်ဆင့်ကမ်း သင်ကြားပေးနိုင်ခြင်း မရှိသလို ရခိုင့်ဂီတ၊ ရခိုင့် ဗွီဒီယိုများလည်း ဖွံ့ဖြိုးတိုးတက်မူ မရှိဘဲ ဖြစ်နေကြောင်း ဂီတအရေး စိတ်ဝင်စားသူများက ပြောသည်။

“ကျွန်တော်တို့ အနုပညာရှင်များအနေနဲ့ လေ့လာကြည့်တဲ့ အခါ ဗမာသီချင်းနဲ့ ထုတ်ထားတဲ့ ခွေနဲ့ ရခိုင်သီချင်းခွေကို နှိုင်းယှဉ်လိုက်ရင် အရမ်းကို ကွာတယ်ပေါ့နော်။ သံစဉ်ရော၊ သရုပ်ဆောင်ရော၊ ပီးတော့ အဆိုအကတွေပါ ညံ့နေ တာကို တွေ့ရတယ်။ ဒါကြောင့်လူတွေက ကိုယ်တို့ ရခိုင်ခွေထက် ဗမာသီချင်းခွေကို ပိုကြည့်ကြတာများတော့ ရခိုင်သီချင်းခွေ၊ ဗွီယိုခွေတွေ ထုတ်တိုင်း အမြတ်မရှိဘူး။ အရှုံးနဲ့ဘဲ ရင်ဆိုင်ရတယ်။ အဓိကတော့ ရခိုင်ဂီတ အနုပညာ တိုးတက် မြှင့်မားလာရေး အတွက် ရည်ရွယ်ပါတယ်“ဟု တခြား အဆိုတော် တယောက်ကလည်း ပြောသည်။

ယခုဂီတ ရံပုံငွေ ပွဲတော်ကို ရခိုင် ၀ါရင့် အဆို တော် ကိုမြတ်ခိုင်ကျော်မှ ဦးစီးပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဂီတ ဖြေဖျော်ပွဲတွင် ပါဝင် သီဆိုကြမည့် အဆိုတော်များမှာ ဦးမောင်သိန်း၊ ဒိုးအ်ရီ၊ ရဲလင်းအောင်၊ မြတ်ခိုင်ကျော်၊မောင်ကိုကို၊ ညှာစိမ်းခိုင်၊ ခိုင်ကျော်လင်း၊ စစ်နိုင်၊ စောနှင်းနွယ်၊ ကိုသန်းဆွေ၊ ခိုင်မင်းဟိန်း၊ ၀တီစိုးမိုးတို့က ပါဝင်ဖြေဖျော် သွားမည် ဖြစ်ကြောင်း သိရသည်။

ဂီတပွဲတော်ကို ကျောက်တော်မြို့ရှိ အထက အမှတ် (၁) အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

............
Sources: Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။