ဇန်န၀ါရီ(၂၂)ရက် ဂီရိသက်တမ်း (၃)လပြည့် ၀မ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်နဲ့ တိုက်တွန်းနိုးဆော်လွှာ




ရခိုင်ပြည်၊မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသများ၌ အောက်တိုဘာ(၂၂) က"ဂီရိ"လေပြင်းမုန်းတိုင်းတိုက်ခတ်မှုကြောင့် လူသိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

အောက်တိုဘာ (၂၂-၂၃)တိုက်ခက်သွားသည့် အားပြင်းလေမုန်းတိုင်း "ဂီရီ" သည် အိမ်ထောင်စု (၅၂၀၀၀) ကျော်နဲ့ လူဦးရေ(၂၆၀၀၀၀)ကျော်ကို မုန်းတိုင်းဒဏ်အလူးအလဲ ခံစားခဲ့ရသည်။ အဆိုပါ မုန်းတိုင်းတွင် အိမ်ခြေပေါင်း (၂၀၃၈၀) လုံးလုံးပျက်စီးဆုံးရှုံးသွားခဲ့ရပြီး အရေအတွက် (၁၀၁၉၂၃ )သော လူများဟာ အိုးမဲ့အိမ်မဲ့ ဘ၀သို့ကျရောက် ခဲ့ကြောင်း ၀ီကီလိခ် စာမျက်နှာတွင်ဖော်ပြထားသည်။

လာမယ့် ဇန်န၀ါရီ (၂၂)ရက်သည် "ဂီရိ"လေးမုန်းတိုင်း တိုက်ခက်သည့်သက်တမ်း သုံးလတင်းတင်းပြည့်လေပြီ။ လေဘဲဒုက္ခသည်များသည် အကူအညီမရရှိပဲ ဆန်ခွဲကိုချက်ပြုတ်စားရုံမျှ အသက်ဆက်နေကြရသည်။ပြည်သူတွေ မျော်လင့်ချက်မဲ့စွာငတ်နေဆဲ၊ အပစ်ပယ်ခံနေရဆဲပါ။

မုန်းတိုင်းတိုက်ပြီးနောက် ဆယ်သွယ်ရေးမကောင်းတာကတကြောင်း၊ စိတ်မ၀င်စားကတမျိုး အဖုံဖုံ လွဲချော်မှုတွေနှင့် သိန်းနဲ့ချီသောပြည်သူများတွေဟာ မ၀ရေစာနေကြရပြီး ဆင်းရဲမှုသောကတွေနဲ့ ကြုံတွေနေကြတဲ့ ပြည်သူတွေအတွက် ဆက်လက်ကြိုးပမ်းပေးကြပါရန် ကျနော်တို့ တိုက်တွန်းချင်ပါတယ်။


သိကြမြင်ကြတဲ့အတိုင်း အန်ဂျီအိုတွေရဲ့အထောက်အပံ့တွေဟာ အလွန်နည်းပါးလှ့ပါတယ်။ ရွာတရွာမှာ တ၀က်လောက်ကသာ အကူအညီရရှိကြပါတယ်။ ဒါတောင်လုံလုံလောက်လောက် အထောက်အပံ့မဟုတ်ပါ။
ဥပမာ ပြောရရင်.... အိမ်တိုင်လောက်ပဲကျန်ရှိတဲ့ မိသားစုတွေကသာ အထောက်အပံ့ရမယ်၊ မဲ့ပေါက်တဲ့သူမှသာ တာပိုလင်စရမယ်ဆိုပြီး ဝေခြမ်းရေးကို စောင့်နေကြရတဲ့ လေးဘဲသင်ပြည်သူတွေဟာ အလွန်သနား စရာကောင်းလှပါတယ်။ ကယ်ဆယ်ရေးကလာပေးမယ့် အကူအညီစောင့်ရင်း လုံလောက်တဲ့အရေးပေါ်ဝေခြမ်းမရတဲ့ လေဘဲသင်ပြည်သူဟာ ဆန်းခွဲစားနေကြရတာကိုမြင်ခဲ့ရတဲ့ ကျနော်ပြန် ပြောပြရင် ယုံတောင် မယုံနိုင်စရာပါ။ ရင်ထဲမှာ ဆိုနင့်နေအောင်ခံစားခဲ့ရတယ်။

ရွာအဖြစ် အစိုးရကသတ်မှတ်ခြင်းမခံထားရတဲ့ တချို့ရွာတွေမှာ လုပ်ကိုင်စားသောက်နေကြရတဲ့ လယ်သမား ရေလုပ်သမားတွေဟာ မုန်းတိုင်းအပြီးအလုပ်အကိုင်မရှိတဲ့နောက် ကယ်ဆယ်ရေး အကူအညီတွေ ရရန် လျှောက်လွှာစာရွက်လေးကို ကိုင်ပြီး တရုံးဝင် တရုံးထွက် မျက်နှာငယ်စွာဆန်အလှူခံနေကြရတယ်။ ဆန်ရဖို့ နေနေသာသာ စကားတောင်အပြောမခံကြတဲ့အတွက် မျက်နှာအောက်ချ ပြန်လှည့်ခဲ့ကြရ ပါတယ်။ အန်ဂျီအိုတွေဟာ အလုပ်များလွန်းတဲ့အတွက် ရွာသားတွေပြောစကားကို နားထောင်ချိန်မရလောက်အောင် လုံခြုံရေးဝန်ထမ်းကအစ မအားကြောင်း ရွာသားများမှတဆင့်သိရသည်။
အစအစအရာရာ ချွတ်ခြုံကျနေတဲ့ အကူအညီမဲ့ ရေဘဲ၊လေဘဲသင့် ရခိုင်ပြည်သူတွေဟာ တနပ်စားရရေး အရှက်အကြောက်ကင်းမဲ့ကာ တောင်းရမ်းစားနေကြရသည်။ မုန်းတိုင်းဖြစ်ပြီးနောက် ရခိုင်ပြည် တပြည်လုံးက ရခိုင်သူ ရခိုင်သားတွေသာမ ပြည်ပ ရခိုင်သူ ရခိုင်သားများနဲ့ အနယ်နယ်အရပ်ရပ်က စေတနာရှင်တွေ လူသားချင်းစာနာစိတ် အပြည့်အ၀နဲ့ ၀ိုင်းဝန်းကူညီပံ့ပိုးခဲ့ကြပါတယ်။ သို့သော် လက်ရှိအချိန်မှာ အလွန်မြန်ဆန်စွာပဲ ဂီရိ ဒုက္ခသည် များအပေါ် ပြည်တွင်းပြည်ပက လူတွေသာမက သတင်းမီဒီယာများကပင် အရေးယူအာရုံစူးစိုက်မှုမရှိခြင်းကို သိသာထင်ရှားစွာတွေ့ မြင်နေရသည်။
မည်သည်ပင်ဆိုစေ ရခိုင်ပြည်သည် မြန်မာနိုင်ငံတွင်တည်ရှိသော တိုင်းရင်းသားများ နေတိုင်သည်နေမြေဖြစ်သည်။ သို့ အတွက် ပြည်တွင်းပြည်ပ သတင်းမီးဒီယာ အာရုံစိုက်မှု နည်းပါးသည်ရှိသော်လည်း မြန်မာပြည်သူအပေါင်းတို့သည် လူသားချင်းစာနာစိတ်ရှိစွာ လေဘေးသင့်ပြည်သူများ အစာရေစာလုံးလောက်စွာရရှိရေးအတွက် ဆက်လက်ကြိုး ပမ်းသင့်ပေသည်။ မိမိတက်နိုင်သည်ဘက်မှာ အကူအညီဆက်လက်ပေးကြရန်လိုအပ်ကြောင်းပြောချင်ပါသည်။ သူတို့သည် မိမိနေထိုင်သော မြန်မာပြည်တွင်းက ပြည်သူများ မဟုတ်ပါလော.............။
ယခုလာမည့် ဇန်န၀ါရီ (၂၂)ရက်သည် "ဂီရီ"သက်တမ်းသုံးလပြည့်တော့မည်ဖြစ်သည်။ ယင်းနေ့တွင် မုန်းတိုင်းကြောင့်သေဆုံးသွားခဲ့ရတဲ့လူတွေအတွက် ပြီးတော့ ဆင်းရဲ့ဒုက္ခ အတိနဲ့ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ .... ကျနော်တို့ဟာ သူတို့တွေနဲ့ ထပ်တူထပ်မျှ ခံစားရပါကြောင်း အိုးအိမ်မဲ့ဘ၀ စားဝတ်နေရေး ပူပင်သောကတိ ပြည့်နေတဲ့ပြည်သူတွေရဲ့ဘ၀ကို ထပ်တူဝမ်းနည်းမိကြောင်းပြသရန်အလို့ငှါ ၀မ်းနည်းမှုအထိမ်းအမှတ် တခုပြုလုပ်ရန် တိုက်တွန်းနိုးဆော်ပါသည်။
ကျနော်တို့ မျိုးချစ် ရခိုင်ပြည်သူ ပြည်သားများအပါအ၀င် အခြားသော လူသားချင်းကိုယ်ချင်းစာနာတတ်သူ မြန်မာပြည်သူ ပြည်သားတွေကလည်း ကျနော်တို့ နဲ့အတူ ဇန်န၀ါ (၂၂)ရက်နေ့ ဒီဝမ်းကြောင်းဖယောင်တိုင်ထွန်းပွဲ အခမ်းအနားမှာ ပါဝင်ပေးဖို့ ထပ်မန်တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ (၂၂) ရက်နေ့တွင် ရခိုင်ပြည်၊မြေပုံမြို့မှ မြို့သူမြို့သားတွေဟာ ဂီရိ မုန်းတိုင်း (၂)လပြည့် ၀မ်းနည်းမှုအထိမ်းအမှတ်ဖြစ် မိမိရဲ့အိမ်ရှေ့ ဆိုင်ရှေ့နှင့် လမ်းမတွေမှာ ဖယောင်တိုင်းမီးထွန်းညှိခဲ့ကြပါတယ်။
ဒီအတိုင်းပဲ ယခုလာမည့် ဇန်န၀ါရီ လ(၂၂) ရက် စနေနေ့ ရခိုင်ပြည်၊ရန်ကုန်နဲ့ အမြို့အမြို့ အနယ်နယ်မှာ ရခိုင်လူငယ်တွေကိုယ်စီဖယောက်တိုင်ထွန်းညှိပြီး ဂီရိ (၃)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဆီမီးထွန်း ဆုတောင်းလားဖို့ ဖြစ်တယ်။


ဆက်လက်တိုက်ထွန်းလိုသည်မှာ ပြည်ပအဝေး မျိုးချစ် ရခိုင်သူ ရခိုင်သားများနှင့် အခြားလူသားချင်းကိုယ်ချင်းစာတတ်သော မြန်မာပြည်သူ ပြည်သားများ ထိုကဲသို့ တဦး တယောက်ချင်း မိမိနှင့်ဆိုင်ရာနေရာများမှာ ဇန်န၀ါရီ (၂၂)ရက် ညနေစောင်းတွင် ဖယောင်းတိုင်ထွန်းညှိပေးခြင်းဖြင့် ပါဝင်ကူညီကြရန် ဒီစာနဲ့အတူ ကျနော်တို့တိုက်ထွန်း နိုးဆော်လိုက်ရပါသည်။

ဂီရီ(၃)လပြည့်ဝမ်းနည်းခြင်း
ဖယောင်တိုင် မီးထွန်းညှိခြင်း

တိုက်ထွန်းနိုးဆော်သူ။ ။ Khine BraveHeart
Share on Google Plus

About Anonymous

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။