ဗိုလ်မင်း အခွန်တော်ဆက်သပွဲ စတင် ကျင်းပ

မောင်အေး
-------------
၃ ရက်တိုင်တိုင် ရှေးအစဉ်အလာ မပျက် ကျင်းပမည့် ဗိုလ်မင်း အခွန်ဘဏ္ဍာဆက်သပွဲ (ဒေသအခေါ် ပိုင်စရာ) ပွဲကို ယနေ့ ဇန္န၀ါရီလ ၂၀ နေ့တွင် စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) တွင် စတင် ကျင်းပသည်။


Bo-Min-2011.
ယခု ပွဲတော်မှာ စစ်တကောင်းတောင်တန်းနယ် ဗိုလ်မင်းထောင်အား အပိုင်စားသူ ၁၁ ဆက်မြောက် ဗိုလ်မင်း အောင်ရွှေဖြူအား အခွန် ဘဏ္ဍာ ဆက်သသည့် ပွဲတော် ဖြစ်သည်။

အဆိုပါ ပွဲတော်ကို ယနေ့ နံနက် ၁၀ ခွဲတွင် မင်းခန်း မင်းနားဖြင့် ဗိုလ်မင်းအိမ်အနီး ကွင်းပြင်တွင် ဆောက်လုပ်ထားသော မဏ္ဍပ်အတွင်းတွင် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာ ဓလေ့ ထုံးတန်းစဉ်လာနှင့် အညီ နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဗိုလ်မင်း အောင်ရွှေဖြူသည် ရှေ့ရခိုင်- မြန်မာများ ၀တ်စားသည့် တောင်ရှည်ပုဆိုးနှင့် တိုက်ပုံ အကျီများကို ပုံစံတူ ၀တ်ဆင်ပြီး ကိုယ်ရံတော်များ ခြံရံလျှက် သူအုပ်ချုပ်ခွင့်ရသော ရွာတော်ခရိုင် ဗိုလ်မင်းထောင်မှ ပြည်သူများ၏ ဂါရ၀ပြု ပဏ္ဍာဆက်သခြင်းကို လက်ခံယူခဲ့သည်။

Bo-Min-2011.
အဆိုပါ ဗိုလ်မင်းထောင် (ရွာတော်)ခရိုင်အတွင်းရှိ နယ်ပယ် အသီးသီးကို အပိုင်စားရသော ချေယာမန်၊ ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားများက ဗိုလ်မင်းအား ဂါရ၀ပြုပြီး နယ်ပယ် အသီးသီးမှ ကောက်ခံ ရရှိထားသော အခွန်ဘဏ္ဍာများနှင့် အရက် တပုလင်း၊ ကြက်တကောင်စီကို ဗိုလ်မင်းအား အသီးသီး ဆက်သကြသည်။

ယခုဆက်သမူမှာ တနှစ်တွင် တစ်ကြိမ် ဖြစ်ကြောင်း သိရပြီး အဆိုပါ ပွဲတော်သို့ အစိုးရ ကိုယ်စားလှယ်တော်များ၊ အရာရှိများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များလည်း တက်ရောက်ကြသည်။

“ဒီပွဲကို ကျွန်တော်တို့နှစ်စဉ်ကျင်းပတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရွာစား တွေ နယ်စားတွေက ဗိုလ်မင်းကို နှစ်စဉ်အခွန်ဆက်သဖို့ ကျင်းပ ရတာဖြစ်တယ်။ ဒီပွဲမှာ ဗိုလ်မင်းထောင်မှာ ရှိတဲ့ ရွာစားတွေ နယ်စားတွေလည်း မဖြစ်မနေစုံစုံညီညီလာကြရတယ်။” ဟု မာရမာ ရွာစား တဦးကပြောသည်။

Bo-Min-2011.
မူဆလင် ဟိန္ဒူ မာရမာနှင့် တခြား တက်ရောက်လာသူ လူမျိုးများကလည်း သူတို့ ဘာသာစကားများဖြင့် ကောင်းချီးသြ ဘာပေးကြပြီး ဗိုလ်မင်း အောင်ေ၇ွှဖြူမှလည်း တက်ရောက်လာကြသည့် ပရိသတ်များကို ကျေးဇူးတင် စကားပြောကြားသည်။

ဗိုလ်မင်းထောင် ဒေသရှိ မြို၊ မြံ၊ ဒိုင်းနက် စသည့် လူမျိုးပေါင်းစုံမှလည်း ဗိုလ်မင်း အောင်ရွှေဖြူအား သူတို့ရိုးရာအကများဖြင့် ညနေပိုင်းအထိ ကပြ တင်ဆက်ခဲ့ကြသည်။

ယနေ့ကျင်းပသည့် အခွန်ဆက်သပွဲမှာ ယခုလက်ရှိ ဗိုလ်မင်း အောင်ရွှေဖြူအား ၁၅ ကြိမ်မြောက် အခွန်ဆက်သပွဲ ဖြစ်ပြီး ၃ ညဥ့် ၃ ရက် ဆက်တိုင်း ကျင်းပမည်ဖြစ်သည်။ ယခု ဗိုလ်မင်းထောင်တွင် နေထိုင်သည့် မာရမာ လူမျိုးတချို့မှာ ၎င်းတို့မှာ ဟံသာဝတီဘုရင် တပင်ရွှေထီး သားတော် မောင်စောပျံနှင့် နောက်လိုက်များဖြစ်ကြောင်း ယနေ့တိုင် ခံယူလျှက်ရှိသည်။

စစ်တကောင်းဒေသ ဗိုလ်မင်းထောင်ကို ၁၆၁၄ ခုနှစ် မောင်စောပျံ လက်ထက်မှ ယနေ့တိုင် အဆက်ဆက် အုပ်ချုပ်လျက်ရှိကြောင်း သူတို့က ပြောသည်။ အဆိုပါ ဒေသကို အုပ်ချုပ်ခဲ့သူ အင်္ဂလိပ်များလက်ထက်မှ စပြီး စည်းမျဉ်းခံ အုပ်ချုပ်ရေး ပုံစံ စနစ်ဖြင့် ထားရှိခဲ့ရာ အဆိုပါ စနစ်မှာ တည်တံ့လျှက်ရှိသည်။ ဗိုလ်မင်းသည် ၎င်းကို၎င်း နယ်စား တစ်ဦး အဖြစ်သာ သဘောထားပြီး ဘုရင်အဖြစ် သဘောမထားကြောင်း သိရသည်။



...........
Ref: နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။