ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးကို တရုတ်ကုမ္ပဏီများက အဓိကတာဝန်ယူကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး လိုအပ်သော ပစ္စည်းများ သယ်ယူရာတွင်လည်း တရုတ်ပစ္စည်းအများစု ပါဝင်ကြောင်း သိရှိရသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
ယင်းရေယာဉ်များ မှတစ်ဆင့် ထားဝယ် ရေနက်ဆိပ်ကမ်းသို့ ဆောက်လုပ်ရေးပစ္စည်း တင်ပို့ရမှုမှာ တစ်လ၀န်းကျင် ရှိပြီဖြစ်ပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ပစ္စည်းတင်ပို့ရမှုမှာ ငါးလ၀န်းကျင်ရှိပြီ ဖြစ်သည်။
လက်ရှိအနေအထားတွင် ကမ်းရိုးတန်းသွား ရေယာဉ်များအနေဖြင့် ကုန်စည်ရရှိမှုတွင် အသွားအပြန်၊ ကုန်ရရှိမှုထက် တစ်ကြောင်းတည်း သာကုန်ရရှိကြကြောင်း၊ ရန်ကုန်မှ ထားဝယ်သို့ ကုန်စည်ရရှိမှု ရှိသော်လည်း အပြန်တွင်ကုန်စည်ရရှိမှုမှာ သေချာမှုမရှိကြောင်းနှင့် ကျောက်ဖြူသို့ ကုန်စည်တင်ပို့မှုတွင်လည်း အသွား တစ်ကြောင်းအတွက် ကုန်စည်ရရှိသော်လည်း အပြန်တွင် ကုန်စည်ရရှိမှု မရှိကြောင်း သိရသည်။
"ကျောက်ဖြူကအပြန်ဆို ကုန် လုံးဝမရှိဘူး။ စစ်တွေက တစ်ခါတစ်ရံ အပြန်မှာ ဆားကုန်ရတတ်တယ်။ တစ်ခါတစ်ရံ ကွမ်းသီးလို ကုန်မျိုးရတတ်ပါတယ်"ဟု ကမ်းရိုးတန်းသွား ရေယာဉ်ပိုင်ရှင်တစ်ဦးက ရှင်းပြခဲ့ပါသည်။
ဓါတ်ပုံ-အောင်ကျော်လင်း
Ref: News Eleven
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။