အမျိုးသမီးငယ်နှစ်ဦးကို စနောက်ရာမှ ကျောက်ဖြူတွင် ဓါးထိုးမူဖြစ်ပွား

စောစော
-----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမျိုးသမီးငယ် နှစ်ဦးကို စနောက်ရာမှ ဇန္န၀ါရီလ ၁၉ ရက်နေ့က ဓါးထိုးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဓါးထိုးမှာ ကျောက်ဖြုမြို့ ငလပွီ့ တွင် ကပြနေသော စိန်ရတနာ ဇာတ်ပွဲတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက “ လွတ်လပ်မောင်ဆိုတဲ့ လူငယ်နဲ့ အတူ အမျိုးသမီးငယ် နှစ်ဦးတို့ ဇာတ်ပွဲ ကြည့်ပြီး အပြန်မှာ လူငယ် တစ်စုက အမျိုးသမီးငယ်နှစ်ဦးကို စနောက်ရာကနေ တဖက်နဲ့ တဖက် စကားများ ရန်ဖြစ်ပြီး လွတ်လပ်မောင်ကို တခြား လူငယ်တွေက ဓါးနဲ့ ထိုးသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ လွတ်လပ်မောင်ကို ကျောက်ဖြူဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ထားရပြီး ခွဲစိတ်ကုသမူ ခံယူနေရကြောင်း သိသည်။

လွတ်လပ်မောင်မှာ အသက် ( ၂၁ ) ဖြစ်ပြီး အဘ ဦးသန်း၏ သား ဖြစ်ကြောင်း သိရှိရသည်။

တခြား ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “ ဓါးထိုးတဲ့ တရားခံ တွေက ၁၃ယောက် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီ တရားခံ လူငယ်တွေကို ရဲတွေက ဖမ်းဆီးတာ မတွေ့ရသေးပါဘူး၊ တချို့သူတွေ ပြောနေကြတာ ကတော့ အဲဒီလူငယ်တွေက ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းက ဖြစ်ကြတဲ့ အတွက် ငွေနဲ့ လျော်လိုက်တယ်လို့လည်း ပြောသံကြားပါတယ်” ဟု ပြောသည်။ 


............
Ref: Narinjara
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။