ပကာသနလောကထဲက
အသပြာထုပ်ကြီး တစ်ထုပ်လည်းမဟုတ်။
ဘဝဆိုတာ
ညဥ့်ငှက်တို့ ခိုအောင်းရာ
အလင်းမဲ့အမှောင်တိုက်လည်းမဟုတ်။
အသိတရားနဲ့
သတိထားကြည့်မယ်ဆိုရင်တော့
ဘဝဆိုတာ
အိမ်မက်တို့မွေးဖွားရာ
စိတ်ကူးဇာတိ
ယုံကြည်ချက်အပြည့်နဲ့
ပျံသန်းနေတဲ့ ငှက်တစ်ကောင်။
ကြိုးစားရင်း
ရုန်းကန်ရင်း
ဘဝတိုက်ပွဲကို ဆင်နွှဲရင်း
ဇာတိ
ဇရာ
မရဏ
ဤသုံးဝနဲ့ ဆက်စပ်ရင်း
တွေးတော့ခြင်းအကြံ
မှန်ကန်ခြင်းအသိတွေနဲ့
လောကဓံကို ခုံမင်တတ်ရင်တော့
ဘဝဆိုတာ
ချိုမြိန်တဲ့ သစ်သီးတလုံးပါ။
.........
ရမ္မာဝတီ မြတ်မင်း
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။