တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖက်ရှင်မယ် အလှပြိုင်ပွဲတွင် မာရာမာနှင့် ရခိုင် အမျိုးသမီးက ပထမနှင့် ဒုတိယ ရရှိ

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မြန်မာ နယ်စပ် အနီးတည်ရှိသော ကော့စ်ဘာဇား (ဖလောင်းချိတ်မြို့) ပင်လယ် ကမ်းခြေတွင် ယမန်နေ့က ကျင်းပပြု လုပ်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ဖက်ရှင်မယ် အလှပြိုင်ပွဲတွင် မာရမာ အမျိုးသမီး မမေဖြူက ပထမ ရရှိသွားပြီး ရခိုင် အမျိုးသမီး ခင်ခင်မူက ဒုတိယဆု ရရှိသွားသည်။

တတိယဆုကိုမူ သက်အမျိုးသမီး မာနီခမှ ရရှိသွားခဲ့သည်။ အဆိုပါ ဖက်ရှင်ပြိုင်ပွဲတွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုး ၁၉ မျိုးမှ အမျိုးသမီးငယ်များ ပါဝင်ယဉ်ပြိုင်ကြခဲ့ကြသည်။

Miss Adivashi Daw-May-Pru-2011
ပထမ ဆုရရှိသူ မာရမာ အမျိုးသမီး မမေဖြူကို နိရဉ္စရာမှ ကိုထွန်းထွန်း ကိုယ်တိုင်သွားရောက်ပြီး အင်တာဗျူး လုပ်ရာ မမေဖြူက ယခုကဲ့သို့ စတင် ပြောကြားသည်။

ဖြေ။ မင်္ဂလာပါ။ ကျွန်မနာမည်က မမေဖြူ ( မာရမာ)ဖြစ်ပါတယ်။ အသက်က ၂၅ နှစ်ပါ။ ပညာအရည်အချင်းက ခု Intermidiate ကောလိပ် ဒုတိယနှစ် အောင်ပီး ဖက်ရှင် ဒီပလိုမာမှာ ဆက်ပြီး ဖတ်နေပါတယ်။

မေး။ ခုလိုဖက်ရှင်ဒီဇိုင်းမှာ ပါဝင်ယဉ်ပြိုင်ဖို့အတွက် အစက ဘယ်လိုပြင်ဆင်ခဲ့ပြီး ဘာရည်ရွယ်ချက်နဲ့ ၀င်ပြိုင် တယ်ဆိုတာကိုသိပါရစေ။
ဖြေ။ ကျွန်မတို့ မာရမာ လူမျိုးရဲ့ ၀တ်စားဆင်ယင်မှုကို တိုးတက်လာစေဖို့ အတွက် ဒီဖက်ရှင် ဒီဇိုင်းကို စိတ်ဝင်စားပြီး ပါဝင်ယဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျွန်မတို့မာရမာ လူမျိုးကို နိုင်ငံတကာက သိစေဖို့၊ ပီးရင် ကျွန်မတို့ မျိုးဆက်သစ် မာရမာ အမျိုးသမီးတွေကို နိုင်ငံတကာအဆင့်မီအောင် ဖက်ရှင် ဒီဇိုင်းနဲ့ မြှင့်တင်စေချင်တဲ့ ရည်ရွယ်ချက်တွေ အတွက် ဖြစ်တယ်။
မေး။ မနေ့ကပြုလုပ်တဲ့ ဖက်ရှင်ပွဲမှာ အကောင်းဆုံး ဖြစ်မလို့ မျော်လင့်ခဲ့တာ ရှိပါသလား။
ဖြေ။ ပထမဆုကို ရဖို့အတွက် မျော်လင့်ချက်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မအနေနဲ့ ၂၀၀၂ ခုက ဘင်ဒရောဘင် (ရွာတော်) မှာ တကြိမ် ၀င်ပြိုင်ခဲ့ဖူးတာ ရှိသလို နောက်ဘင်္ဂလာက Channel တခုမှာလည်း ၀င်ပြိုင် ခဲ့ဖူးပါတယ်။ ဒါပေမယ့် success မဖြစ်ခဲ့ပါ။ ကျွန်မခုလို ပထမဆုကို ရယူဖို့ အတွက် ဖလောင်းချိတ်မှာရှိတဲ့ အမကြီး တူတူ အလှပြင်ဆိုင်က ပြင်ဆင်ပေးတာရယ်၊ ပီးရင် ကျွန်မကို ပထမဆုကို ရအောင်မြှင့်တင် ပေးတဲ့ ပွဲပရိတ်သတ်တွေကို လည်းအများကြီးကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။
မေး။ ပထမဆုရတဲ့ အတွက် ရင်ထဲမှာ ဘယ်လို ခံစားရသလဲ။
ဖြေ။ အရမ်းကိုဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ခုလိုကျွန်တို့မာရမာ အမျိုးသမီး တယောက်အနေနဲ့ ပထမဆု ရရှိတဲ့ အတွက် ကျွန်မတို့ မာရမာ လူမျိုး အသိုင်းအ၀န်းထဲမှာ ဂုဏ်သိက္ခာ ပိုရှိသလို နိုင်ငံတကာကလည်း သိသွားခဲ့တဲ့ အတွက် အရမ်းကို ၀မ်းသာရပါတယ်။

Daw-May-Pru-winner-miss-2011

နိရဉ္စရာမှ ထွန်းထွန်း မေးမြန်းနေစဉ်

ဘင်္ဂလာဒေခ်ျ့ လူမျိုးပေါင်းစုံ တိုင်းရင်းသူ ဖက်ရှင်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့သည့် မမေဖြူ၏ ဖခင်မှာ ဦးအောင်ထွန်းမောင် ဖြစ်ပြီး မိခင်မှာ ဒေါ်ချမ်းအေးဖြူ ဖြစ်ကြောင်းသိရသည်။

ပထမဆုရရှိသူ မမေဖြူမှာ တာကာ ၂၅၀၀၀ တာကာ၊ ဒုတိယဆု ရရှိသူရခိုင်အမျိုးသမီး ခင်ခင်မူမှာ ၁၅၀၀၀ တာကာ နှင့် တတိယဆုရရှိသူ သက်အမျိုးသမီး မာနီခ ၁၀၀၀၀ တာကာ ဆုအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

(မှတ်ချက်။ ။ ယခင် ရခိုင် အခေါ် ဗိုလ်မင်းထောင် - ယခု ဒေသအခေါ် ဘင်ဒရိုဘင်( ရွာတော်မြို့တွင်) နေထိုင်သူများမှာ ရခိုင်နှင့် ဘာသာ စကား ယဉ်ကျေးမူ ၀တ်စားဆင်ယင်မူ တူညီသော်လည်း သူတို့ကို သူတို့ ရခိုင်လူမျိုးများဟု မပြောဘဲ မာရမာ လူမျိုးများ ဖြစ်ကြောင်း ပြောဆိုသည်။)
...............
နိရဉ္စရာ သတင်းမှ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။