စစ်တွေမြို့နယ်အတွင်း AH1N1 ရောဂါ ဖြစ်ပွားခြင်းကြောင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်

b34321
စစ်တွေမြို့နယ် ဘုမေကျေးရွာ အုပ်စုအပိုင်၊ သဲချောင်း လက်သမား ကျေးရွာမှ ကြက်ခြံတစ်ခြံရှိ ကြက်ကောင်ရေ ၈၀၀ မှ ၇၀၀ သည် ရက်အနည်းငယ်အတွင်း သေဆုံးသွားခဲ့ရသဖြင့် ရန်ကုန်သို့ပို့ပြီး စစ်ဆေးခဲ့ရာတွင် အဆိုပါ ကြက်များသည် ကြက် ငှက်တုတ်ကွေးရောဂါ AH1N1 ဖြစ်ပွားနေကြောင်းကို သိရှိရသဖြင့် သတိထား ရှောင်ကြည့်ကြရန် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက မြို့အနှံ့ လိုက်လံသတိပေး နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ သတိပေး နှိုးဆော်ရာတွင် ကြက်သားများကို မစားသုံးရန်၊ ကြက်များအား စားသုံးခြင်းဖြင့် ထိုရောဂါ ကူးစက်နိုင်ပုံများအပြင် ကာကွယ်စောင့်ထိန်းရမည့် အချက်အလက်များကိုလည်း ပြည့်စုံစွာ ရှင်းလင်းပြောကြားနေကြောင်းကို ဇန်န၀ါရီ ၁၉ ရက်နေ့ နေ့လည်က စစ်တွေမြို့အနှံ့တွင် လော်စပီကာဖြင့် လှည့်လည် ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။ ထို့အပြင် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင်လည်း ဈေးများအတွင်းရှိ ရောင်းချလျက်ရှိသော ကြက်သားများ ကြက်များကို ဖယ်ရှား ရှင်းလင်း မြေမြုပ်ခြင်းများ၊ ရောင်းချမှုများကို ပိတ်ပင်တားဆီးထားခြင်း၊ ၀ယ်ယူစားသောက်ခြင်းများ မပြုရန် တားမြစ်ခြင်းများ အပြင် ကြက်ခြံများ အားလုံးသို့ ကြက်များနှင့် ပတ်သက်ပြီး ထူးခြားမှု ရှိမရှိကို စောင့်ကြည့်ရန်နှင့် AH1N1 ကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာများကိုလည်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း သိရှိရပါသည်။
သေဆုံးသော ကြက်များကိုလည်း စားသုံးခြင်းမပြုဘဲ မြေမြုပ်ပစ်ခြင်းများကို ပြုလုပ်ရန် ကြက်ခြံပိုင်ရှင်များသို့ တိုက်တွန်းမှာကြား ထားရှိသည့် အပြင် ဈေးရှေ့နှင့် အများပြည်သူ သွားလာနိုင်သော နေရာများတွင်လည်း ကြက်သားမစားရန် ကြော်ငြာစာရွက်များ ကပ်ထားသည်ကို တွေ့ရသည်။ လက်ရှိ အနေအထားတွင် လူတိုင်းနှာခေါင်းစည်း(Mask) များကို အသုံးပြုမှု မရှိသေးသော်လည်း ကြက်ငှက်ရှိသော နေရာများသို့ သွားရောက်လျှင် အသုံး ပြုကြရန် တိုက်တွန်းထားသည်။ ထို့အပြင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကိုလည်း ကြော်ငြာစာရွက်များဖြင့် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ AH1N1 ရောဂါသည် ကူးစက်တတ်သော ရောဂါ ဖြစ်သဖြင့် သတိထားရန် လိုအပ်ကြောင်း၊ အကယ်၍ ယင်းရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း သွားရောက် သတင်းပေးကုသမှု ခံယူရန် လိုအပ်ကြောင်းလည်း သိရသည်။ AH1N1 ရောဂါ သည် ကြက်များ၌သာမက ကြက်ဥများ၌လည်း ရှိနိုင်သဖြင့် ကြက်ဥများကိုလည်း မစားသုံးရန် တိုက်တွန်းထားသည်။
ယင်းအပြင် ကြက်ခြံများရှိ ရောဂါလက္ခဏာများ တွေ့ရှိရပါက ထိုကြက်ကို အခြားသော ကြက်များနှင့် ခွဲထားခြင်း၊ သေဆုံးသွားသော ကြက်များကို မြေမြုပ်ခြင်းများကို အထူး သတိထား လုပ်ဆောင်ရန် အသိပေးထားကြောင်း သိရသည်။
...........
Sources: .news-eleven
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။