ဖိုးကျော့


၁၉၄၀ - ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့တွင် ရခိုင်ပြည်ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက် ဖြူ၊ အမိ-ဒေါ်ချက်တောင်းမတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်သည်။ မွေးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ် သည်။ ငယ်စဉ်က ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ခဲ့။

၁၉၅၆ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဥာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပေ နယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
၁၉၆၆ - အောက်တိုဘာလထုတ်မြ၀တီမဂ္ဂဇင်းပါ ဆင်လိုက်ခြင်း ၀တ္ထုမှာ အလယ်တန်းမြန်မာစကားပြေ လက်ရွေးစင် တွင်ကျောင်းသုံးအဖြစ် ပြဌာန်းခြင်းခံခဲ့ရသည်။ ၀တ္ထုတိုအချို့ကို ဂျပန်နှင့်ဗီယက်နမ် နိုင်ငံတို့တွင် ဘာသာပြန်၍ ထုတ်ဝေဖူးသည်။
၁၉၇၀ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ နတ်မလိုက်သောနေ့ ၀တ္ထုကို ဂျပန်နိုင်ငံ နိုင်ငံခြားဘာသာ သင်တက္ကသိုလ်မှ ပါမောက္ခ တိုရူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။
၁၉၇၂ - မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ် ၀တ္ထုများထွက်(အောင်ပွဲသို့ချီရာဝယ်-၀တ္ထုရှည်ဖြင့် ယင်းနှစ် အတွက် အမျိုးသားစာပေ၀တ္ထုရှည်ဆုရ။)
၁၉၇၃ - လွန်လေပြီးသောအခါ၊ လောဘမြစ်ပင်လယ်၊ ချစ်ငြိုးရစ်ချည်၊ ငြိုးမာန်လျှော့ပြေ၊ ၀မ်းရေးထက်ပင် ခက်ပါသည် စသောဝတ္ထုများထွက်။
၁၉၇၄ - ဆင်လုပ်သား၊ အမှောင်လမ်းကသူတို့အပြန် စာအုပ်များထွက်။
၁၉၈၁ - မျှော်ရသူတို့ဗျာပါဝေ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့ စာအုပ်များထွက်။
၁၉၈၂ - ပြန်မပြောချင်ဘူး ၀တ္ထုထွက်။
၁၉၈၃ - ဟူးကောင်းတောင်ကြား၊ အလွမ်းကန္တာ- တောကန္တာ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ စာအုပ်များ ထွက်။
၁၉၈၅ - သမုဒယဤပင်လယ် ၀တ္ထုထွက်။
၁၉၉၀ - အင်တွဲပွဲလျက် အရှာထွက် ၀တ္ထုရှည်စာမူဖြင့် စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုရ။
၁၉၉၁ - သေရွာပြန်တို့၏ အဏ္ဏ၀ါခရီး စာမူဖြင့် စာပေဗိမာန်ဝတ္ထုရှည်-ဒုတိယဆုရ။
၁၉၉၃ - အင်တွဲပွဲလျက်အရှာထွက် စာအုပ်ထွက်။ မြန်မာ့မုဆိုး ၀တ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယ ဆုရ။
၂၀၀၁ - သေရွာပြန်တို့၏အဏ္ဏ၀ါခရီး စာအုပ်ထွက်။
၂၀၀၂ - ကမ္မဇဒ္ဓိ ၀တ္ထုထွက်။
၂၀၀၃ - ဆင်သင်္ချိုင်းရှာပုံတော်၊ ဆင်သေကုန်း၊ ရာဇဌာနီ၊ မြန်မာပြည် မြောက်ဖျားမှ စသောစာအုပ်များထွက်။ နောက်ပိုင်းတွင်ဆက်လက်၍ နန်းရပ်ထီးဖြူ လုယူမယ်မြင်သည်၊ မြေထုမြင်းမိုပြိုပါလေလျှင်၊ ဆောင်းရက်ရှည်တဲ့ နွေဒေသ ၀တ္ထုများထွက်။
၂၀၀၆ - မဟာလီဒို ၀တ္ထုထွက်။

ဆရာဖိုးကျော့သည် ယခုအချိန်ထိ ၀တ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်၊ လုံးချင်း(၃၀)ခန့် ရေးသားပြီးဖြစ်သည်။ ယခင်က ပြည်သူ့ဂုံနီစက်ရုံတွင် စာကြည့်တိုက်မှုးအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စာပေ များ ဆက်လက်ရေးသားလျက် အမှတ်(၂)၊ စပယ်(၂)လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူ ၀င်း၊ သားသမီး(၂)ဦးတို့နှင့်အတူ နေထိုင်လျက်ရှိ သည်။

ထင်ရှားသောစာအုပ်အချို့

  1. အောင်ပွဲသို့ချီရာဝယ်
  2. မြေဆီမဲမဲ သွေးရဲရဲ
  3. လောဘမြစ်ပင်လယ်
  4. ဆင်လုပ်သား
  5. ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ
  6. အင်တွဲပွဲလျက် အရှာထွက်
  7. သေရွာပြန်တို့၏ အဏ္ဏ၀ါခရီး
  8. မြန်မာ့မုဆိုး
  9. ဆင်သင်္ချိုင်းရှာပုံတော်
  10. ဆင်သေကုန်း
  11. ကမ္မဇဒ္ဓိ
  12. မြန်မာပြည်မြောက်ဖျားမှ
  13. မဟာလီဒ[1]--Mayor mt 11:42, 7 မတ် 2009 (UTC)
>>>ဆရာရဲ့လက်ရာများကို ဤနေရာတွင် Download ဆွဲယူနိုင်ဖို့တင်ထားသည်။

ကိုးကား

  1.  www.myanmarbookshop.com
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။