အပစ်ရပ် လက်မှတ်မထိုးတဲ့အဖွဲ့တွေကို ထိုးစစ်မဆင်ဘူးလို့ ဦးအောင်မင်း ကတိပြု

ရန်ကုန်၊ အောက်တိုဘာ ၄။ ။



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)လက်မှတ်မထိုးသည့် လက်နက်ကိုင်အဖွဲ့များကို ထိုးစစ်မဆင်ဘူးဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၄ရက်က အပစ်ရပ်လက်မှတ်ထိုးမည့်ရက် ညှိနှိုင်းပွဲတွင် ကတိပြုလိုက်သည်။

သမ္မတက အပစ်ရပ်လက်မှတ်ထိုးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၅ဖွဲ့ကို ဖိတ်ခေါ်ထားသော်လည်း NCA လက်မှတ်ကို ကရင်အဖွဲ့အစည်းသုံးဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ၇ဖွဲ့က လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ယနေ့ အောက်တိုဘာ ၄ရက်တွင် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးမည့် ရက်သတ်မှတ်ရန် ဆွေးနွေးပွဲတွင် အပစ်ရပ် လက်မှတ်ထိုးကြမည့် အဖွဲ့ ၇အဖွဲ့အပြင် ရှမ်းတိုးတက်ရေးပါတီ (RCSS/SSA)ကလည်း အပစ်ရပ်လက်မှတ်ထိုးရန် အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်နိုင်ရန် တက်ရောက်လာသည်။

အစိုးရဖက်မှမူ ဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် UPWC အဖွဲ့ဝင် အစိုးရအဖွဲ့ဝန်ကြီးများ၊ တပ်မတော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး၊ မထိုးရေး ဆုံးဖြတ်ချက်ချရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၉ ဖွဲ့မှ ကိုယ်စားလှယ် ၇၁ ဦးတို့ ဆွေးနွေးခဲ့ပြီး အဖွဲ့ ၇ဖွဲ့ကသာ လက်မှတ်ထိုးရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

http://mizzimaburmese.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။